Details – ဦးထွန်းလင်းခြံထဲက ‘မာလာဂိုဏ်းချုပ် “Mala Mart”
Mala Mart မှာက မာလာ မှ မာလာ ကြိုက်ကြတဲ့သူတွေ အတွက် မာလာ နဲ့ပတ်သတ်တာတွေ တစ်စုတစ်စီးထဲရတယ်။
Mala mart ရဲ့မာလာအနှစ်အရသာက အရမ်းထူးခြားပြီးတော့ အခြားဆိုင်တွေနဲ့မတူတာက ဆိုင်မှာ ရှိတဲ့ ဘယ်ဟင်းပွဲမဆို အချို၊အစပ်၊အငံကို ကိုကြိုက်သလို customize လုပ်လို့ရတယ်။
ဆိုင်ရဲ့နာမည်ကြီး ဟင်းပွဲဖြစ်တဲ့ “ပင်လယ်စာအစုံ” မာလာ ကို လုံးဝtry ကြည့်စေချင်တယ်။ပင်လယ်စာ 7မျိုးပါပြီးတော့ ဂဏန်း၊ရေဘဝဲ၊ဂုံးယောက်မ၊ပုဇွန်တွေ နဲ့ အခြားပင်လယ်စာတွေလဲ အများကြီးပါသေးတယ်။ သုံးယောက်လောက် အေးဆေးစားလို့ရတယ်။
(စျေးက – 9000ကျပ်)
Admin ကဆိုင်ကရေဘဝဲကို အရမ်းကြိုက်လို့ ရေဘဝဲ မာလာကို စားဖြစ်အောင်စားခဲ့တယ်။ရေဘဝဲနဲ့ မာလာအစပ်အနှစ် ရှုူးရှုူးရှဲရှဲ နဲ့အရမ်းလိုက်တယ်။?
မာလာရှမ်းကော ကိုလဲ ကြက်၊ဝက်၊Seafood နဲ့သုံးမျိုးရတယ်။
MaLa Mart ရဲ့လူကြိုက်များတဲ့အခြား Mala Menu တွေဆိုရင်
* ဂဏန်း မာလာ* ဝက်နံရိုး မာလာ* မာလာ ခေါက်ဆွဲသုတ်/ပြုတ်* ဝက်ခြေထောက် မာလာ* ကြက်ခြေထောက် မာလာ* မာလာ အာလူးချောင်းကြော်
~ ဒါ့အပြင်Drink menu တွေထဲက* ကီဝီ* သစ်ခွ* ဆားငံသီး စတဲ့ အစပ်ပြေအအီပြေ soda drink လေးတွေလဲ ရသေးတယ်။
Mala Mart မှာထူးထူးခြားခြား အချိုပွဲ “နို့ကြော်” ဆိုတာ လဲရှိတယ်။ အပြင်သားကြွပ်ကြွပ် လေးနဲ့ ကိုက်လိုက်ရင် ချိုချိုစိမ့်စိမ့်လေး။
ဆိုင်က အပေါ်ထပ်အောက်ထပ် ရှိပြီးတော့ သပ်သပ်ရပ်ရပ် ရှိတယ်။
ကားပါကင်ကတော့ လှည်းတန်းမှာဆိုတော့ အရမ်းအများကြီးရပ်စရာတော့မရှိဘူး။
⏱Opening Hour _ (10:00 am to 7:00pm)
? လိပ်စာ ~ အမှတ်(၄၃)၊တိုက်(၉) ဦးထွန်းလင်းခြံလမ်း/လှည်းတန်း စျေးအနီး ၊ ကမာရွတ် / ရန်ကုန် ။
(ဦးထွန်းလင်းခြံလမ်းအဆုံး ခြံဝင်းထဲက ဘယ်ဘက်အခြမ်းမှာနော်)
? Delivery – HiSo Mall / Yangonity တို့ကနေပြီးလဲမှာလို့ရတယ်။
? ဖုန်း ~ 09 268 889 438 / 09 421 081 107
ဆိုင်အမည် – Mala Mart
ဆိုင်ဖွင့်ချိန် – မနက်၉နာရီ မှ ညနာရီ
ရောင်းအားအကောင်းဆုံး -ဂဏန်းမာလာ၊ဝက်နံရိုးမာလာ၊မာလာခေါက်ဆွဲသုတ်၊ပြူတ်၊ဝက်ခြေထောက်မာလာ၊ကြက်ခြေထောက်၊မာလာအာလူးချောင်း
ထူးခြားချက် – မာလာဟင်းပွဲမျိူးစုံ
လိပ်စာ – အမှတ်(၄၃)၊တိုက်(၉) ဦးထွန်းလင်းခြံလမ်း/လှည်းတန်း စျေးအနီး ၊ ကမာရွတ် / ရန်ကုန် ။
ဖုန်း – 09 268 889 438 / 09 421 081 107
English Version
Name – Mala Mart
Opening Hour – 9AM to 9PM
Best Seller – Mala Crab,Mala Pork Rib,Mala Noodle,Mala Pork leg,Mala chicken leg,Mala frenchfried.
Special Feature – Mala Menus
Address –No(43),Building 9 /U Tun Lin chan Street/Near Hledan Market/ Kamayut/Yangon
Phone -09 268 889 438 / 09 421 081 107
No Records Found
Sorry, no records were found. Please adjust your search criteria and try again.
Google Map Not Loaded
Sorry, unable to load Google Maps API.