ရန်ကုန်မြို့ရဲ့ အထင်ကရ တရုတ်ရိုးရာစားသောက်ဆိုင် “Koufu”
ခုတ်ဖူကတော့ တရုတ်အစားအစာ ကြိုက်နှစ်သက်တဲ့ သူတွေနဲ့ သက်သက်လွတ်သမားတွေ ကြားမှာ နာမည်ကြီးပြီးသား ဆိုင်လေးပါ
ဒီနေ့တော့ ပါရမီ လမ်းမပေါ်မှာရှိတဲ့ Kou Fu ဆိုင်အကြောင်းလေး ပြောပြချင်ပါတယ်
ဆိုင်မှာ ရနိုင်တဲ့ဟင်းပွဲတွေကို မမိတ်ဆက်ခင်
အရင်ဆုံးအသိပေးချင်တာက ဒီဆိုင်က
ရရှိန်ုင်တဲ့ဟင်းပွဲတွေမှာ အချိုမှုန့်နဲ့ဓာတုဆေးဝါး လုံးဝမပါဝင်ပါဘူးတဲ့
KouFu အာလူးထောင်းဆို သက်သက်လွတ် သမားတွေ အသဲစွဲ စီးစီးလေး နဲ့ အနံ့မွှေးမွှေးလေး
အခြားလူကြိုက်များတဲ့ ဟင်းလျာတွေကတော့
-အာလူးထောင်း
-တိုဟူးသုပ်
-ပျားကြော်
-ဝါးပိုးကြော်
-အခေါက်ကင်
-ကြက်ချဉ်စော်ခါးသီးချက် စတဲ့ဟင်းလျာတွေပါ
နောက်ထပ် ထမင်းမိန်စေမယ့် ဟင်းပွဲကတော့ကြက်ချဉ်စော်ခါးသီးချက်ပါ
ချဉ်ချဉ်လေးနဲ့ စားကောင်းပြီး ထမင်းပွဲမှာ
လက်အကျဆုံးဟင်းတခွက်ဖြစ်မှာပါ
ခုပ်ဖူမှာ ရာသီပေါ်အသီးဖျော်ရည်အစုံရတယ်
နောက်ပြီးတော့ တခြား အရက် ဘီယာ ဝိုင်
အစုံရသေးတယ်
ဆိုင်က ကျယ်ပြီးတော့ ဧည့်သည်ဝိုင်းတွေကို
မိသားစုထမင်းဝိုင်း ပုံစံမျိုး ဆိုတော့သူငယ်ချင်းအဖွဲ့လိုက်ဖြစ်ဖြစ် မိသားစုနဲ့ဖြစ်ဖြစ်လာလို့အဆင်ပြေတယ်
ဆိုင်ထဲရောက်တာနဲ့ တရုတ်ရိုးရာအပြင်အဆင်တွေကိုမြင်ရမှာပါ မသိရင် တရုတ်နိုင်ငံပဲ ရောက်နေသလိုလို
နောက်တခု ဆိုင်ဘေးဖက်တံခါးကနေထွက်ရင်
လျှောက်လမ်းလေးရှိသေးတယ် လမ်းကတော့
စားလို့ဗိုက်ပြည့်ရင် လျှောက်ကြည့်ဖို့ လုပ်ထားတာ
ထင်တယ် Photoရိုက်တာကြိုက်တဲ့
မမတွေအတွက်တော့ စားလဲစားဓာတ်ပုံလည်းရိုက်ပေါ့
ကားပါကင်ကျယ်တယ်ဝင်လိုက်တာနဲ့serviceကောင်းတဲ့ ဝန်ထမ်းတွေကို မြင်ရအုန်းမှာ နောက်ဆုံးတစ်ခု ပြောပြချင်တာက ခုပ်ဖူမှာ VIP Roomလည်းရှိသလို
အဲ့အခန်းအတွက်လည်းChargeထပ်မယူပါဘူးနော် သူငယ်ချင်းတွေနဲ့သီးသန့်ပျော်ချင်လို့ပဲဖြစ်ဖြစ်
ကုမ္မဏီမိတ်ဆုံစားပွဲအတွက်ပဲဖြစ်ဖြစ်
မိသားစုနဲ့လာတာမျိုးဖြစ်ဖြစ် အကုန်လုံးအတွက်
အဆင်ပြေမယ်ဆိုင်ဖြစ်လို့ တရုတ်စာ ဆိုင်ကောင်းကောင်းရှာနေတဲ့ သူတွေအတွက် Koufu ဆိုင်လေးကိုညွှန်းလိုက်တယ်နော်။ဆိုင်အမည် -Koufu restaurant
ဆိုင်ဖွင့်ချိန် -မနက် ၉:၃၀ မှ ည ၉:၃၀
ရောင်းအားအကောင်းဆုံး -အာလူးထောင်း၊တိုဟူးသုပ်၊ပျားကြော်၊ဝါးပိုးကြော်၊အခေါက်ကင်၊ကြက်ချဉ်စော်ခါးသီးချက်
စျေးနှုန်း – ၃၅၀၀ကျပ် မှ ၂၂၀၀၀ကျပ်
အစားအစာအမျိုးအစား -တရုပ်အစားအစာ
ထူးခြားချက် -Room charge ပေးစရာ မလိုသော သီးသန့် VIP ခန်းများ
လိပ်စာ – No(A)20,ပါရမီလမ်း၊မရမ်းကုန်းမြို့နယ်
ဖုန်း – 09 786 677 222
English Version
Shop Name – Koufu restaurant
Opening Time – 9:30 Am to 9:30 Pm
Price Range – 3500 MMK to 22,000MMk
Special Feature – VIP Rooms(Free room charge)
Address – No(A)20, Parami street,Mayangone township,Yangon
Phone -09 786 677 222
Lat 16.853957. Lon 96.144678
No Records Found
Sorry, no records were found. Please adjust your search criteria and try again.
Google Map Not Loaded
Sorry, unable to load Google Maps API.