သင်္ယန်းကျွန်းမြို့နယ်ရဲ့ လျှို့ဝှက်ဥယျာဉ်လေး “Joker”
အရင်ဆုံး Joker ဆိုင်ရဲ့ထူးခြားချက်ဆိုရင်တော့ Romantic အရမ်းဆန်တဲ့ ဆိုင်အခင်းအကျင်းလို့ပြောရမယ် (FAလေးတွေတစ်သျှူးဆောင်သွား)
မင်မင်တို့ ပထမဦးဆုံး ဆိုင်ကိုသွားတော့ ရိုးရိုးစားသောက်ဆိုင်လေးပဲ ထင်တာ
အနောက်ဖက်ကိုရောက်တော့မှ ပန်းခြံလေးလို ဆိုင်အပြင်အဆင်လေးမြင်တော့ တော်တော်မှင်သက်သွားတယ်မြက်ခင်းပြင်ပေါ်မှာ ရေတံခွန်လေးရယ် ပန်းတွေနဲ့အလှဆင်ထားတဲ့ လျှောက်လမ်းရယ် ဓနိအရွက်လေးတွေနဲ့ မိုးထားတဲ့ခုံလေးတွေနဲ့ (မင်္ဂလာပဲ ဆောင်ချင်လာသလိုလို)
အစားအသောက်ဆိုရင်တော့ ဒီဆိုင်လေးမှာ Thai အစားစာနဲ့ Chinese အစားစာတွေ အဓိကရတယ်
ဟင်းပွဲတွေက Portion များပြီးတော့မိသားစုလိုက် အဖွဲ့လိုက်ဆို တော်တော်အဆင်ပြေတယ်။ထမင်းကြော်၊ခေါက်ဆွဲကြော် တို့လို့ One portion menu တွေလည်းရှိပြီးတော့ တစ်ပွဲ “၃၀၀၀” ကို တော်တော်လည်းများတယ်။
အဓိက Joker မှာက ဘဲကင်လူကြိုက်များတယ် (စျေးနှုန်းက တစ်ကောင် -၁၅,၀၀၀/တစ်ဝက် – ၈၀၀၀/တစ်စိတ် – ၄၀၀၀)
Seafood တွေဆိုရင်တော့ ဂဏန်းငရုပ်ကောင်းမဲချက်၊စီချွမ်ဂုံးဝိုင်းချက်၊ပင်လယ်စာအစုံချဉ်ငံစပ်၊ပြည်ကြီးငါးစံပယ်၊ဂဏန်းချဉ်စပ် စတာတွေရှိတယ်။Joker ရဲ့လူကြိုက်များတဲ့ ဟင်းလျှာတွေဆိုရင်တော့
– ဘဲသားပေါင်းမှိုမဲ
– ပုဇွန်မွကြော်သုပ်
– ယိုးဒယားပြောင်းဖူးထောင်း
– ပုဇွန်ကညွှတ် ခရုဆီ
– ကကတစ် တစ်အိုးတည်ချဉ်စပ် နဲ့
– ဆိတ်မွလက်ဖက်ထောင်း တို့ပဲဖြစ်ပါတယ်။အခြားယိုးဒယားအထောင်းတွေနဲ့
– ပင်လယ်စာအစုံကင်
– ပုဇွန်ကင်
– ဆိတ်တုံးကင်
– ဝက်အူချိုကင် နဲ့ အခြားအကင်တွေလဲရသေးတယ်။Unplugged လဲရှိပြီးတော့ ပန်းခြံထဲမှာ လေညှင်းခံရင် ချစ်သူလေးနဲ့ရိုလို့ကောင်းတယ်
ပြီးတော့ Wedding dinner တို့Staff party,Birthday Party တို့လုပ်ချင်တယ်ဆိုလဲ စီစဉ်ပေးတယ်တဲ့
အခု ဗိုလ်ချုပ်ပုံပါ ၁၀၀၀တန်နဲ့ Joker မှာငွေရှင်းမယ်ဆိုရင် အထိမ်းအမှတ် အနေနဲ့ January လ တစ်လလုံး 5% discount ရှိတယ်။
ပန်းခြံလေးထဲမှာ လေတဖြူးဖြူးနဲ့ ဘော်ဒါတွေနဲ့ပဲ ဖြစ်ဖြစ် မိသားစုလိုက်ဖြစ်ဖြစ် ချစ်သူလေးနဲ့ဖြစ်ဖြစ် အရသာရှိတာတွေစားပြီး အေးအေးဆေးဆေး အချိန်တွေ ကုန်ဆုံးချင်တယ်ဆိုရင်တော့ သင်္ဃန်းကျွန်းမြို့နယ်က Joker Thai and Chinese restaurant ကို ညွှန်းပေးလိုက်တယ်နော်။လိပ်စာ – အမှတ်(E)၊၁၀ဆရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့
ဖုန်း – 09 251 234 045/6, 09 777 530 077, 09 765 102 139, 09 513 2200
ဆိုင်ဖွင့်ချိန် -မနက် ၁၀ ခွဲ မှ ၁၁ ခွဲ
ရောင်းအားအကောင်းဆုံး -ဘဲသားပေါင်းမှိုမဲ၊ပုဇွန်မွကြော်သုပ်၊ယိုးဒယားပြောင်းဖူးထောင်း
၊ပုဇွန်ကညွှတ် ခရုဆီ၊ကကတစ် တစ်အိုးတည်ချဉ်စပ်၊ဆိတ်မွလက်ဖက်ထောင်းစျေးနှုန်း – ၁၀၀၀ ကျပ် မှ ၁၅,၀၀၀ကျပ်
အစားအစာအမျိုးအစား -ထိုင်းအစားစာ နှင့် တရုတ်အစားစာ
ထူးခြားချက် -ပန်းခြံပုံ ဆိုင်အပြင်ဆင်
လိပ်စာ – အမှတ်(E)၁၀ဆရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့
ဖုန်း – 09 251 234 045/6, 09 777 530 077, 09 765 102 139, 09 513 2200
Shop Name – Joker Thai and Chinese Restaurant
Opening Time – 10:30 Am to 11:30 Pm
Best Seller – Steamed Duck with Black Mushroom,Corn salad,Fried Asparagus with shrimp,spicy and sour seabass
Price Range – 1000MMK to 15,000MMK
Special Feature – Beautiful Park and floral decoration
Address – building(E), Salsa yard,Thingankyun township, Yangon
Phone – 09 251 234 045/6, 09 777 530 077, 09 765 102 139, 09 513 2200
No Records Found
Sorry, no records were found. Please adjust your search criteria and try again.
Google Map Not Loaded
Sorry, unable to load Google Maps API.