Sushi ကိုဗိုက်ကားအောင် စားကြမယ်ဆိုတဲ့သူတွေအတွက် ရွှေတောင်တန်းလမ်းထဲက Fuji Sushi
Fuji Sushi လေးကတော့ လသာ၊လမ်းမတော် တစ်ဝိုက်မှာဆိုရင် နာမည်ကြီးပဲနော်။
ဆိုင်ပုံစံလေးက ဂျပန်ရိုးရာအပြင်အဆင်လေး တွေနဲ့ပြင်ဆင်ထားပြီးတော့ သပ်သပ်ရပ်ရပ်ရှိပြီး အနံအသက်ညှီတာမျိုးတွေလည်း မရှိဘူး။လာစားတဲ့ Customer တိုင်းကိုလည်း ရေနွေးကြမ်း အအေးဂျားလိုက်လေး အမြဲချပေးတယ်။
Fuji ဆိုင်လေးရဲ့ နာမည်ကြီးရတဲ့ နေတစ်ခုဆိုရင်တော့ စျေးနှုန်းသက်သာတာလို့ ပြောရမယ်။
စျေးသက်သာပြီး Portion များတဲ့အတွက် အဖွဲ့လိုက် သူငယ်ချင်းတွေ သွားစားလို့ကောင်းတယ်။Japanese Menu တွေရာချီ ရှိပြီးတော့ လူကြိုက်များတဲ့ ဟင်းလျှာတွေဆိုရင်တော့
– ဂဏန်းဥကြော်
– တူနာငါးအစပ်လိပ်
– ငါးအသားလုံးအစပ်ကြော်
– ထမင်းလိပ်ကြော်
– Ebi Tem TeishokuSet လိုက် Menu တွေလဲ အများကြီးရှိသေးတယ်။
ရွှေတောင်တန်းလမ်းထဲမှာတော့ ကားပါကင်တော့ အများကြီးတော့ သိပ်မရှိဘူး ဒါလေးကတော့ အားနည်းချက်လေးပေါ့။
အစားချစ်သူတွေကတော့ ဘယ်လိုအခက်ခဲပဲ ရှိရှိ အစားသောက်ဆိုမီးလိုတောက်ကြမယ်ဆိုတာ ယုံကြည်ပြီးသားပါ။Fuji Sushi Japanese Food
ဆိုင်ဖွင့်ချိန် -မနက် ၁၀နာရီ မှ ည၉နာရီ
ရောင်းအားအကောင်းဆုံး -ထမင်းလိပ်ကြော်၊ဂဏန်းဥကြော်၊တူနာငါးအစပ်လိပ်၊ငါးအသားလုံးအစပ်ကြော်၊Ebi Tem Teishoku
စျေးနှုန်း – ၁၀၀၀ကျပ် မှ ၁၀၀၀၀ကျပ်
အစားအစာအမျိုးအစား -ဂျပန်အစားအစာ
ထူးခြားချက် -သက်သာသောစျေးနှုန်း
လိပ်စာ – အမှတ်(၁၁၇),မြေညီထပ်၊ရွှေတောင်တန်းလမ်း(အလယ်) လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့။
ဖုန်း – ၀၉ ၂၆၀ ၁၁၁ ၅၆၅, ၀၉ ၈၉၁ ၆၁၄ ၀၈၆
Shop Name – Fuji Sushi Japanese Food
Opening Time – 10:00 Am to 9:00Pm
Best Seller – Fried Kimbap, Fried Crab Egg,Spicy Tuna roll,Spicy fried fish ball,Eb iTem Teishoku
Price Range – 1000MMK to 10000MMK
Special Feature – Fair Price
Address – No.117(Ground Floor),Shwe Taung Tan street,(middle), Lanmadaw Tsp,Yangon
Phone – 09 260 111 565, 09 891 614 086
No Records Found
Sorry, no records were found. Please adjust your search criteria and try again.
Google Map Not Loaded
Sorry, unable to load Google Maps API.