မိုးအေးအေးလေးမှာ ကော်ဖီဆိုင်လေးထိုင် ကော်ဖီလေးသောက်ပြီး စာအုပ်လေးဖတ်လိုက်ရရင်ဖြင့် ဘဝကြီးက ပြီးပြည့်စုံသွားမှာပဲနော်။ ဓာတ်ပုံလှလှလေးလဲ ရိုက်ပြီး သူငယ်ချင်းတွေစာစုလုပ်လို့ ရမဲ့အေးအေးဆေးဆေး နေရာလေး နောက်ပြီးတော့ အရသာရှိတဲ့အစားအသောက်ကောင်းလေးတွေလဲ ရမဲ့နေရာမျိုးလေး ဒါတွေအကုန်လုံးကို Daily Express ဆိုတဲ့ Café’ shop လေးမှာရနိုင်ပြီနော်။ ဆိုင်လေးကို အဝါရောင်နဲ့ အနက်ရောင်ကိုပဲ အဓိကထားပြီး အလှဆင်ထားတာဖြစ်တဲ့အတွက် ဓာတ်ဖမ်းဖို့အကောင်းဆုံးဆိုင်လေးနော်။
ဒီဆိုင်လေးမှာ အရမ်းထူးခြားတာလေးကတော့ စာအုပ်တွေအများကြီး ထားပေးထားတာပဲနော်။ စာအုပ်တွေကလည်း အပြင်မှာအလွယ်တကူ ရှာလို့မလွယ်တဲ့ စာအုပ်တွေထားပေးထားတယ်။ Coffee ချစ်သူတွေအတွက် Coffee အမျိုးအစားအစုံ ရနိုင်ပြီးတော့Matcha Latte’,Hazelnut Latte ,Vanilla Latte အစရှိတဲ့ ထူးထူးခြားခြား Coffee လေးတွေလည်းရှိသေးတယ်ဗျ။
Coffee ပဲလားဆိုတော့ No ပါနော် Food menu ကလည်းအများကြီးရှိသေးတယ်ဗျ။Curry Chicken Pasta, Burger ထဲမှာဆို Tuna/Chicken Burger၊ Toast တွေထဲမှာဆိုရင် Hem and cheese Toast ,Cheese tomato toast စတဲ့ Toast တွေလဲအများကြီးရှိသေးတယ်။ Cake ထဲမှာတော့ Apple Cake,Carrot cake,Banana Cake။Daily Express ရောက်ရင် Browny Cake လေးကို စားဖြစ်အောင်စားကြည့်စေချင်တယ်နော်။သတ်သတ်လွတ်သမားတွေအတွက် Daily Express ရဲ့ signature Spinach Carrot Pasta,DE Garden Salad တွေလည်းရှိသေးတယ်။ နောက်ဆုံးတစ်ခုက မြန်မာပြည်တွင်းထုတ် လက်ဖက်ရည်လေးပါ သူကပေါ့ဆိမ့်၊ချိုဆိမ့်ဆိုပြီး ရသေးတာနော်။ ကဲဒီတော့ ကိုယ့်ရဲ့အနားယူတဲ့ အချိန်လေးကို ကော်ဖီဆိုင်လှလှလေးထဲမှာ စာအုပ်လေးဖတ် အရသာရှိတာတွေစားပြီး ကုန်ဆုံးချင်တယ် ဆိုရင်တော့ Daily Express café shop လေးကိုသာလာခဲ့ပါလို့။
ကျွန်တာ် တို့ Daily Express Cafe မှ လူကြီးမင်းတို့ Company အတွက် Catering Service ဝန်ဆောင်မှုပေးခြင်း နှင့် Canteen Service အစရှိတဲ့ဝန်ဆောင်မှုများလည်းပေးနေပြီနော်၊ ဆိုင်ရဲ့ အနီးတစ်ဝိုက်ရှိ Company များကိုလည်း Free Delivery Service ဖြင့်လည်း ပို့ဆောင်ပေးနေပါပြီနော်။ ဆက်သွယ်ရန် ဖုံးနံပါတ် – 09978382376.
ရောင်းအားအကောင်းဆုံး – Curry Chicken Pasta,Browny Cake,Matcha Latte
ဈေးနှုန်း – 1500 to 3000
ဆိုင်ဖွင့်ချိန် – 9 am to 9pm
ဆိုင်လိပ်စာ – ၃၅လမ်း၊အထက်ဘလောက်၊222A၊ကျောက်တံတားမြို့နယ်English – Version
Name – Daily Express 35th Street
Best Seller – Curry Chicken Pasta, Brownie Cake, Matcha Latte
Feature – Café , food and Book
Opening Hour – 9Am to 9Pm
Address – 35 street, Upper Block, 222A, Kyauktadar Township,Yangon.
Address: 35 street, Upper Block, 222A, Kyauktadar Township,Yangon., ကျောက်တံတား
Phone: 9 978 382376No Records Found
Sorry, no records were found. Please adjust your search criteria and try again.
Google Map Not Loaded
Sorry, unable to load Google Maps API.