- Halal လဲဖြစ်ရမယ် အိန္ဒိယအစားအစာတွေကို အိန္ဒိယလက်ရာစစ်စစ်အတိုင်း စားချင်တယ်ဆိုရင်တော့ သိမ်ဖြူလမ်းက Bombay Burma Indian Restaurant ကိုညွှန်းပေးမယ်နော်။ - Bombay ရဲ့ လျှို့ဝှက်ချက်ကတော့ ဒံပေါက် - Basamati ဆန်နဲ့ချက်ထားတဲ့ ဒံပေါက်ကို မြေအိုးနဲ့ထည့်ပြီး အပေါ်ကဂျုံသားအိအိ လေးနဲ့ဖုန်းထားတယ် စားခါနီးမှ အလယ်ကဖောက်လိုက်ပြီး ပူပူနွေးနွေး အငွေ့လေးတွေနဲ့ 
 ဒံပေါက်ကို သက်သက်လွတ်ဒံပေါက်၊ကြက်သားဒံပေါက်၊ဆိတ်သားဒံပေါက်၊ငါးဒံပေါက်၊ပုဇွန်ဒံပေါက်၊ကြက်ဥဒံပေါက် ဆိုပြီးရှိတယ်။- အဆာပြေ အစားစာတွေဆိုရင်တော့ မဆလာတိုရှည်၊ပါနီပူရီ၊ဒိန်ခဲကြော်တို့လို ထူးထူးခြားခြား အစာပြေဟင်းပွဲတွေလည်း အများကြီးရှိတယ်။ 
 Vegetarian တွေအတွက်က Vegetable Curry တွေနဲ့ Vegetable Tandoori(အကင်) တွေရှိပြီးတော့ ခေါက်ဆွဲကြော်၊ထမင်းကြော်၊ချီလီဆော့ကြက်ကြော် စတဲ့ တရုတ်အစားအစာတွေလည်း ရသေးတယ်။- Bombay ကိုရောက်ရင် ဘာစားရမလဲ မသိသေးတဲ့ သူတွေအတွက် Bombay ရဲ့ လူကြိုက်များတဲ့ 
 မြေအိုးဒံပေါက်
 ဆိတိခါးပတ်
 မလှိုင်ကြက်ကင်
 ထောပတ်ဒိန်ခဲဟင်း
 ဆိတ်သားဟင်း တို့ကို recommend ပေးတယ်နော်။
 ဆိုင်ကတော့အောက်ဖက်Hall ခန်းအပြင် အပေါ်ထပ် Aircon ခန်းလည်းရှိတယ်။ Staff party,Birthday Party တွေလည်း လုပ်လို့ရသလို ပွဲလိုက်အော်ဒါတွေနဲ့ Set Menu လည်းမှာလို့ရပါတယ်တဲ့- ကားရပ်စရာနေရကတော့အများကြီးမရှိတော့ ကားပါကင်အခက်ခဲလေးတော့နည်းနည်းလေးရှိမယ်နော် 
 အိန္ဒိယ အစားစာတွေ စုံစုံလင်လင်ရပြီး အိန္ဒိယ လက်ရာစစ်စစ်တွေ ရောင်းချပေးတဲ့ Bombay Burma ဆိုင်လေးကိုတော့ မိတ်ဆတ်ပေးပြီးသွားပြီဆိုတော့ သိမ်ဖြူနားရောက်ရင် ဘာစားရမလဲ အများကြီးမစဉ်းစားနေနဲ့တော့နော်။- ဆိုင်ဖွင့်ချိန် – မနက် ၉နာရီ မှ ည ၉:၃၀ - ရောင်းအားအကောင်းဆုံး -ဒံပေါက်၊ဆိတ်ခါးပတ်၊မလှိုင်ကြက်ကင်၊ဆိတ်သားဟင်း၊ထောပတ်ဒိန်ခဲဟင်း - စျေးနှုန်း – ၁၀၀၀ ကျပ် မှ ၇၅၀၀ကျပ် - အစားအစာအမျိုးအစား -အိန္ဒိယ ၊ တရုတ် - ထူးခြားချက် -Halal, အိန္ဒိယနိုင်ငံထုပ် ပါဝင်ပစ္စည်းစစ်စစ် - လိပ်စာ – လိပ်စာ – အမှတ် ၁၇၇/၁၇၉ ဗိုလ်မင်းရောင်လမ်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ - ဖုန်း – 09 969 893 207, 09 406 585 825 - Shop Name – Bombay Burma - Opening Time – 9 am to 9:30 pm - Best Seller – Biryani, Malai Paneer Tikka,Mutton Curry,Mutton Puff, Chicken Malai Tikka - Price Range – 1000MMK to 7500MMK - Special Feature – Halal Food, Pure Indian ingredients - Address – No (177/179),Bo Min Yong street,Mingalar Taung Nyunt Township,Yangon - Phone -09 969 893 207, 09 406 585 825 - Latitude 16.8251. Longitude 96.2125 
- No Records Found- Sorry, no records were found. Please adjust your search criteria and try again. - Google Map Not Loaded- Sorry, unable to load Google Maps API. 






















