Details – တောင်ဥက္ကလာ ညောင်ပင်မှတ်တိုင်နားက ညနေတိုင်း အကင်နံ့မွှေးမွှေးလေး နဲ့ လူအမြဲစည်နေတဲ့????? ???? ???
????? ???? ??? မှာက အကင်နဲ့ပတ်သတ်ပြီး နာမည်အရမ်းကြီးတယ်။ Beerအေးအေးလေးနဲ့အကင်လေးနဲ့ကြိုက်တက်တဲ့သူတွေဆိုရင်တော့ ဒီဆိုင်ကအကင်တွေကို အကြိုက်တွေ့
လိမ့်မယ်။ Baconထဲကို ကညွှတ်၊အပ်မှိုနဲ့အခြားအဆာပလာတွေ အများကြီးနဲ့ လိပ်ထားတာကို ကင်ထားတဲ့ Bacon BBQဆို တစ်ကိုက်လောက်ကိုက်လိုက်တာနဲ့အိစိမ့်နေရော
အခြားအကင်တွေဆိုရင် ၀က်အပ်မှိုကင်/ဝက်သုံးထပ်သားကင်/ကြက်ခြေထောက်အရိုးလွတ်အကင် နဲ့နောက်ထပ်အကင်တွေအများကြီး ရှိပြီးတော့ အကင်ရဲ့ Size ကလည်းအရမ်းကြီးတော့ အကင်နဲ့တင်ဗိုက်ပြည့်တယ်။ Admin အကြိုက်တွေဆိုရင် သာမာန်အာလူးချောင်းကြော်တွေနဲ့မတူတဲ့ ကောင်းထူးအာလူးချောင်းကြော်
အာလူးချောင်းကြော်အပေါ်ကိုမှအသားဆော့အစပ်ကိုအာလူးချောင်းကြော်ပေါ်မှာ ဖြန်းထားတဲ့ကောင်းထူးအာလူးချောင်းကြော်ရယ်။
ချဉ်ချဉ်စပ်စပ်ရှူးရှူးရှဲရှဲ ဆတ်ကချင်ထောင်းရယ်၊ကြက်အရေခွံကိုနှမ်းနဲ့ကပ်ထားပြီး
ကြွပ်ကြွပ်လေးကြော်ထားတဲ့ ကြက်အရေခွံနှမ်းကပ်ကြော် သူဆို Beer လေးနဲ့ဆို အရမ်းလိုက်တယ်။
နောက်တစ်ခုအထူးခြားဆုံးက ကောင်းထူးရဲ့ ပေါက်စီကြော် တော်တော်များများမကြားဘူးသေးဘူးထင်တယ်။
ပေါက်စီရဲ့ အပြင်အလွှာကို ကြွပ်နေအောင် ကြော်ထားပြီး အထဲကအစာရဲ့ အရသာကလဲရှယ်ပဲ။
နောက်ထပ်ပေါက်စီနဲ့ပတ်သတ်ရင် ရွှေဖရုံသီးပေါက်စီ၊ပဲပေါက်စီ အသားပေါက်စီတွေလဲရှိတယ်။ဂျုံကဟောင်ကောင် ဂျုံဆိုတော့ မန်ထို အရသာက အခြားပေါက်စီတွေနဲ့ ကွာတယ်။(မန်ထိုကြီးပဲကို နို့ဆီနဲ့ပဲတို့စားခဲ့သေးတယ်
Kaung Htue BBQ ရဲ့လူကြိုက်များတဲ့ ဟင်းပွဲတွေဆိုရင်တော့
•ရှန်ဟိုင်းငါးကုန်းဘောင်
ဆိတ်ပေါင်းရိုစ့်ကောင်းထူးဟင်းချို
ဆိုင်မှာ ညနေဆို လူအမြဲစည် နေတက််တယ် မိသားစုလိုက် ထိုင်ချင်တယ်ဆိုရင် လဲaircon ခန်းသီးသန့်လဲ ရှိတယ်။ဆိုင်အမည် -ကောင်းထူး
ဖွင့်ချိန်၊ပိတ်ချိန် – မနက် ၉ မှ ည ၉ခွဲ
ဈေးနှုန်း – ၅၀၀ကျပ် – ၈၀၀၀ကျပ်
ရောင်းအားအကောင်းဆုံး- ပေါက်စီ၊ကောင်းထူးအာလူချောင်းကြော်၊BBQ
အစားအစာအမျိုးအစာ – တရုတ်အစားအစာ၊ ယိုးဒယားအစားအစာ
ထူးခြားချက် – VIP room
လိပ်စာ -အမှတ်(154) ပါရမီလမ်း၊ ၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
ဖုန်း – 09 511 349 1/ 09 511 605 2/ 09 302 329 78
English Version
Shop name – Kaung Htue BBQ
Opening Time -9:00am to 9:30 pm
Best seller – Bao/Kaung Htue French fries/BBQ
Price range – 500MMK to 8,000MMK
Special feature – VIP room
Address -No(154) Parami street/South Oakkalapa Township/Yangon
Phone -09 511 349 1/ 09 511 605 2/ 09 302 329 78
No Records Found
Sorry, no records were found. Please adjust your search criteria and try again.
Google Map Not Loaded
Sorry, unable to load Google Maps API.