အေးခဲနေတဲ့ရာသီဥတု Vs ချဉ်ချဉ်စပ်စပ်အစားအစာ မြောက်ဒဂုံမြို့နယ်က ရှင်မင်းသာ
ဒီဆိုင်လေးမှာ ရှူးရှူးရှဲရှဲ ကချင်အစားအစာ၊တရုတ်အစားအစာ၊ရှမ်းအစားအစာ တွေကိုအဓိကရနိုင်တယ်။
ဒီဆိုင်ရဲ့ အမဲစွပ်ပြုတ်ကတော့ နာမည်ကြီးပဲ
အမဲသားလုံး ထုပ်ထုပ်လေးတွေရယ် အသီး အရွက်တွေရယ်နဲ့ ပူပူလေးစားလိုက်ရင် ဒီရာသီဥတု နဲ့ကွက်တိ။
နောက်ဒီဆိုင်ရောက်ရင် လုံးဝမြည်းကြည့်စေ ချင်တာ နောက်တစ်ခုက ရှယ်နံကင် သူကဝက်သုံးထပ်သား ရှယ်အသားကို အစာပလာတွေနဲ့နှပ်ပြီးတော့ မီးသွေးဖိုထဲမှာ ထည့်ပြီးကင်ထားတာ အနံ့ကတော့ရှယ်မွှေးတယ်။
အရသာကတော့ ပြောမနေတော့ဘူး ကိုယ်တိုင်သွားမြည်းကြည့်လိုက်တော့။
ထူးခြားတာ နောင်တစ်ခုက ဆိုင်က မနက် ၆:၃၀ ထဲကနေ ည ၁၀နာရီထိ ဖွင့်တယ်
မနက်စာရော၊နေလည်ရော၊ညစာပါ ရနိုင်တယ်။
မနက်စာဆို(တို့ဟူးသုပ်၊ဆီချက်၊ရှမ်းခေါက်ဆွဲ၊တို့ဟူးနွေး၊ကြက်ပေါင်း၊အမဲလုံးခေါက်ဆွဲ၊ဝက်ခြေထောက်ခေါက်ဆွဲ) စတာတွေရနိုင်တယ်။အခြားရှင်မင်းသာရဲ့ ထူးထူးခြားခြားဟင်းလျှာတွေဆိုရင်တော့
•အာလူးမျှင်ငရုတ်ပွ •နံကင်မုံညှင်းစိမ်းသုပ်
•ကြက်ဘီယာချက် •ဝက်သဲကုန်းဘောင်
•အမဲကြောသုပ် •ပုဇွန်ကြွပ်ကြော်
•ငါးထောင်း •ပုဇွန်ချဉ်စပ်
•အော်ဆွန်းသုပ် •ရှမ်းဝက်သားချဉ်
•မှိုကပ်ထောင်း •ငါးကြော်ကြာညို
•အမဲစွပ်ပြုတ် •ခရမ်းသီးကင်
•မိုးလွတ် •ဝက်နံကင်
ဆိုင်ရဲ့လူကြိုက်များတဲ့ ဟင်းလျှာတွေဆိုရင်တော့
ကချင်ဒံပေါက်(ကြက်သွန်ကြော်နံ့ မွှေးမွှေးလေး)
ဝါးပိုးကြော်(စိမ့်စိမ့်လေး)
အော်စွန်းတို့ဖူးသုပ်(ဒါလဲတော်တော်များများကြိုက်ကြတယ်)
အမဲစွပ်ပြုတ်
နံကင် တို့ပဲဖြစ်ပါတယ်။
ဆိုင်နေရာလဲကျယ်ဝန်းပြီးတော့ ကားပါကင်အတွက်လဲ စိတ်ပူစရာမလိုဘူး။
အတွင်းအဲကွန်းမှန်လုံခန်း ဖြစ်တော့ ဆူဆူညံညံ မရှိတဲ့အတွက် မိသားစုတွေ အေးအေးဆေးဆေး လာစားလို့လဲရတယ်။
အော်ဒါတွေလက်ခံပြီးတော့ ဆိုင်နားပတ်ဝန်းကျင်ဆိုရင်တော့ Delivery free ရှိတယ်။
ဘော်ဒါတွေစုံပြီး ဘီယာလေးသောက်ရင်မြည်းဖို့ အကင်တွေလဲ အစုံထားပေးထားတယ်။
အေးနေတဲ့ရာသီဥတုလေးကို ဘီယာလေးသောက်၊ရှူးရှူးရှဲရှဲ လေးစားပြီး ဖြတ်သန်းချင်တယ်ဆိုရင် ရှင်မင်းသာ ဆိုင်ကိုသွားဖို့ သူငယ်ချင်းတွေကို Mentionလိုက်တော့။
ဆိုင်အမည် -ရှင်မင်းသာ (အကင်၊စားသောက်ဆိုင်)
ဆိုင်ဖွင့်ချိန် -မနက်၆:၃၀ မှ ည၁၀:၀၀
ရောင်းအားအကောင်းဆုံး -ကချင်ဒံပေါက်၊ဝါးပိုးကြော်၊အာလူးထောင်း၊အော်စွန်းတို့ဖူးသုပ်၊မှိုကပ်ထောင်း၊အမဲစွပ်ပြုတ်၊နံကင်၊ကြက်ကချင်ချက်။
ဈေးနှုန်း – ၈၀၀ကျပ် မှ ၁၄၀၀၀ကျပ်
အစားအစာအမျိုးအစား -တရုတ်အစားအစာ၊ကချင်အစားအစာ၊ရှမ်းအစားအစာ
ထူးခြားချက် -မှန်လုံအအေးခန်းများ
လိပ်စာ – အမှတ်(၉၂၉),(၃၄)ရပ်ကွက်၊ပင်လုံလမ်း နှင့် သင်းဝင်လမ်းထောင့်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်မြို့။
ဖုန်း – ၀၉ ၂၅၀ ၇၉၉ ၃၈၈ ၊ ၀၉ ၂၄၀ ၁၀၇ ၉
Shop Name – Shin Min Dar (Grill and Restaurant)
Opening Time – 6:30 Am to 10:00Pm
Best Seller – Kachin Biryani, Mash Potato,Aww-soon Tofu salad,Mash Mushroom,Beef Soup,Grill Rib, Chicken Curry Kachin style
Price Range – 800MMK to 14000MMK
Special Feature – Neat and tidy Air con room
Address – No(929),(34) ward, Corner of Pinlon street and Thin win street, North Dagon Township, Yangon
Phone -09 250 799 388, 09240 107 9
No Records Found
Sorry, no records were found. Please adjust your search criteria and try again.
Google Map Not Loaded
Sorry, unable to load Google Maps API.