- သိမ်ဖြူလမ်းမပေါ် က ခေါက်ဆွဲအိမ်လေး “မိုးကောင်း” 
 အစားချစ်သူတွေထဲက ခေါက်ဆွဲသရဲတွေကို တစ်ခေါက်လောက် ရောက်အောင်သွားစားစေချင်တယ်
 မိုးကောင်းမှာက ရန်ကုန်မှာအစားများတဲ့ ရှမ်းခေါက်ဆွဲတော်တော်များများနဲ့ ပုံစံကွဲတယ်
 မင်မင်တို့ စုံစမ်းကြည့်တော့ ကချင်ရိုးရာ၊ကချင်အရသာဘက်ကို ရောက်တယ်လို့ပြောတယ်။
 ကချင်အစားအစာ တော်တော်များများက ငရုတ်သီးအစိမ်းမှုန့်၊အချိုမှုန့် တွေမသုံးပဲနဲ့ သဘာဝအရသာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တယ် ဆီလဲ နည်းတယ်သုံးတာ
 လက်ရာကတော့ မင်မင်တို့အဖွဲ့က ရှမ်းမလေးကတော့ အိမ်ကိုလွမ်းသွားတယ်တဲ့
 ရှမ်းခေါက်ဆွဲကို (ဆန်စီး၊ဆန်ဖွယ်၊ဆန်ပြား) သုံးမျိုးရတယ်၊ မင်မင်ကတော့ နံရိုးပေါင်းဆီချက် စားလာတာ ဝက်နံရိုး ချိူချိူအီအီ နဲ့ ခေါက်ဆွဲ ဆီချက်လေးနဲ့ တော်တော်လေးသဘောကျတယ်။
 အီစိမ့်နေမှာပဲလို့မထင်နဲ့ ရှမ်းချဉ်၊မျှစ်ချဉ်၊ငရုတ်သီးအချဉ်၊မုန့်ညှင်းအချဉ် အကုန်ချပေးထားတော့ အီချိန်တောင်မရဘူး- မိုးကောင်းရဲ့လူကြိုက်များတဲ့ ဟင်းလျှာလေးတွေဆိုရင်တော့ - နံရိုးပေါင်းခေါက်ဆွဲ 
 ဖက်ထုပ်ပျော့ကြော်
 ကြက်ခြေထောက်သုပ်
 သုံးထပ်သားခေါက်ဆွဲဆီချက်
 မြေအိုးမြှီးရှည် တို့ပဲဖြစ်ပါတယ်။- ကြက်ခြေထောက်သုပ်ကို မိန်းကလေးတွေတော်တော်သဘောကျလိမ့်မယ် ကြက်ခြေထောက်အသားကိုနူးအောင် လုပ်ထားပြီးမှ သုပ်ထားတော့ အရိုးထဲထိအရသာဝင်ပြီး တော်တော်လေးစားကောင်းတယ်။ 
 နောက်တစ်ခုက ဖက်ထုပ်ပျော့ကြော် တစ်ပွဲကို ၃၅၀၀ကို ၃ယောက်စားလို့ရတယ် ဖက်ထုပ်ပျော့ကြော် ပူပူလေးကို ဂျင်းနဲ့ပဲငံပြာရည် နဲ့လုပ်ထားတဲ့ အချဉ်နဲ့ တို့စားတာ အရသာကရှယ်ပဲ
 ဆိုင်တည်နေရာက သိမ်ဖြူလမ်းမပေါ်မှာဆိုတော့ ကားပါကင်တော့ အများကြီးမရှိဘူးနော်
 အရသာလဲတစ်ကယ်ကောင်းပြီး ကျန်းမာရေးအတွက်လည်း အထူးသင့်တော်တဲ့ အစားအသောက်တွေကို ခုံမင်ပါတယ်ဆိုရင်တော့ သိမ်ဖြူလမ်းပေါ်က မိုးကောင်းဆိုင်လေးကို သတိရလိုက်နော်- ဆိုင်အမည် -မိုးကောင်း - ဆိုင်ဖွင့်ချိန် -မနက် ၆နာရီ ည၈နာရီ - ရောင်းအားအကောင်းဆုံး -နံရိုးပေါင်းခေါက်ဆွဲ၊ဖက်ထုပ်ပျော့ကြော်၊ကြက်ခြေထောက်သုပ်၊သုံးထပ်သားခေါက်ဆွဲဆီချက်၊မြေအိုးမြှီးရှည် - စျေးနှုန်း – ၁၅၀၀ ကျပ် မှ ၃၅၀၀ ကျပ် - အစားအစာအမျိုးအစား -ရှမ်းအစားအစာ၊ကချင်အစားအစာ - ထူးခြားချက် -ကျန်းမာရေးနှင့် သင့်တော်စျေးသက်သာ - လိပ်စာ – အမှတ် (၁၇၈ ) ၊သိမ်ဖြူ နှင့် ဗိုလ်ချုပ် လမ်း မီးပွိုင့် လမ်းဆုံ ထိပ် ၊ ကျန်းမာရေးရုံးဟောင်းရှေ့ တည့်တည့် - ဖုန်း – 09404966505 - English Version - Shop Name – Moe Kaung - Opening Time – 6am to 8pm - Best Seller – Steam pork rib noodle,fried dumpling,Chicken leg salad,Myay Oo Mee-Shae - Price Range – 1500MMK to 3500MMK - Special Feature – Healthy food,Authentic Shan taste - Address – No(178),Corner of Thein Phyu street and Bogyote street,Near Kyan Mar yay office - Phone -09404966505 
- No Records Found- Sorry, no records were found. Please adjust your search criteria and try again. - Google Map Not Loaded- Sorry, unable to load Google Maps API.