- ပြတ်တုန်း လတ်တုန်း ၂၃ ကတာ့ရောက်လာပြန်ပြီနော် ကိုယ်တွေအဖွဲ့ကတော့ “လှည်းတန်း”က Bangkok Thai food ဆိုင်လေးကိုပြေးပြီ 
 Bangkok ဆိုင်လေးမှာ ယိုးဒယားအစားအစာ စုံစုံလင်လင် နဲ့ မာလာရှမ်းကောကို အဓိကရနိုင်တယ်။
 ဆိုင်ရဲ့ လူကြိုက်များတဲ့ မာလာရှမ်းကော ဆိုရင် တစ်ပွဲ “၅၀၀၀” ကို နှစ်ယောက်ကောင်းကောင်းစားလို့ရတယ်(Portion ကိုအောက်ကပုံလေးမှာ ကြည့်လို့ရတယ်)
 ခေါင်ရည်လတ်လတ်ဆတ်ဆတ် ကို အကင်နဲ့ တွဲသောက်ချင်တဲ့ သူတွေအတွက်က Bangkok မှာ ကချင်ခေါင်ရည် နဲ့ နာဂခေါင်ရည်ကို အချိုရယ်၊အခါးရယ်ဆိုပြီး နှစ်မျိုးရှိသေးတယ်။- Fresh Juice တွေစုံစုံလင်လင်ရပြီးတော့ တစ်ခွက်ကို “၁၂၀၀-၁၅၀၀” ပဲရှိတယ်။ - ဆိုင်ရဲ့ လူကြိုက်များတဲ့ ဟင်းလျှာတွေဆိုရင်တော့ 
 ဂဏန်းချဉ်စပ်
 ငါးသုံးရောင်ချယ်
 ငါးပေါင်း
 ဝက်မှိုလုံးခေါက်ဆွဲနဲ့
 မာလာရှမ်ကော ပါ- အကင်တွေလဲ အများကြီးရှိပြီးတော့ အကင်စျေးတွေဆိုလဲ တစ်ခုကို “၂၀၀” ကနေပြီးတော့ “၇၀၀” ထိပဲရှိတယ်။ 
 ဆိုင်အပြင်အဆင်သပ်သပ်ရပ်ရပ်ရှိပြီးတော့ ကျယ်ကျယ်ဝန်းဝန်းလဲရှိတော့ ပွဲတွေဘာတွေ လုပ်လို့လဲကောင်းတယ်။- ဆိုင်နေရာလေးက ဇေယျာသီရိလမ်း ထဲမှာဆိုတော့ ကားရပ်မယ်ဆိုရင်တော့အရမ်းအများကြီးတော့မရှိဘူး 
 လှည်းတန်းမှာ သင်တန်းတွေတက်လို့ ဆင်းတဲ့အခါကျရင် စျေးသက်သက်သာသာ နဲ့ စားလို့ကောင်းတဲ့ ဆိုင်လေးတွေ မင်မင်က အမြဲမှတ်မှတ်ထားနေကြ အခုလို အလုပ်တွေလုပ်လို့ ပျက်တုန်းလတ်တုန်း ၂၃ ရောက်ပြီဆိုလဲ ဒီဆိုင်လေးကိုပဲပြန်ပြေးတော့တာပဲ- ဒီတော့လှည်းတန်းကိုရောက်ဖြစ်လို့ပဲ ဖြစ်ဖြစ် တမင်တကာပဲသွားသွား Bangkok Thai food ဆိုင်လေးမှာ စားဖြစ်အောင် စားခဲ့ကြဦးနော် - ဆိုင်အမည် -ဘန်ကောက် - ဆိုင်ဖွင့်ချိန် -မနက် ၉နာရီ မှ ည၉နာရီ(တနင်္လာနေ့တိုင်းပိတ်သည်) - ရောင်းအားအကောင်းဆုံး -ဂဏန်းချဉ်စပ်၊ငါးသုံးရောင်ချယ်၊ငါးပေါင်း၊ဝက်မှိုလုံးခေါက်ဆွဲ၊မာလာရှမ်ကော - စျေးနှုန်း – ၇၀၀ကျပ် မှ ၆၀၀၀ကျပ် - အစားအစာအမျိုးအစား -ထိုင်း - ထူးခြားချက် -စျေးနှုန်းသက်သာခြင်း - လိပ်စာ – No.5(D),ဇေယျာသီရိလမ်း၊လှည်းတန်း၊ရန်ကုန် - ဖုန်း – ၀၉ ၂၅၀ ၀၅၁ ၁၁၄,၀၉ ၇၉၈ ၉၆၅ ၈၉၇ - English Version - Shop Name – Bangkok - Opening Time – 9:00am to 9:00pm(Monday Off) - Best Seller – Spicy and sour crab, 3 color fish,steam fish,pork mushroom ball noodle,Mala Xian Gor - Price Range – 700MMK to 6000MMK - Special Feature – fair price - Address – No.5(D), Zayarthiri street,Hledan ,Yangon - Phone -09 250 051 114,09 798 965 898 
- No Records Found- Sorry, no records were found. Please adjust your search criteria and try again. - Google Map Not Loaded- Sorry, unable to load Google Maps API. 














