- သာလီစွ သာလီစွ သာလီစွ 
 ရှုးရှုးရှဲရှဲ ရခိုင်စာချဉ်ချဉ်စပ်စပ်လေးတွေကိုကြိုက်တယ်ဆိုရင်တော့ လမ်း(၄၀) မှာ ရှိတဲ့ ရခိုင်ဒေသ အစားစာတွေရောင်းချနေတဲ့ ဒို့ရိုးရာ ဆိုင်လေးကို ညွှန်းပေးမယ်နော်။- ဒီဆိုင်လေးရဲ့ ထူးခြားချက်က ပင်လယ်စာတွေ အကုန်လုံးကို သိုလှောင်ထားတာမျိုး မဟုတ်ပဲ တစ်နေ့စာတစ်နေ့ကို လတ်လတ်ဆတ်ဆတ် ချက်ပေးပါတယ်တဲ့ 
 မုန့်တီမှာသုံးတဲ့ ငါးကလည်း ပင်လယ်ငါး ငါးရွှေကိုပဲ သုံးပေးထားတာ ဖြစ်တဲ့အတွက် ဟင်းရည်အရသာ ချိုချိုလေးလေး လေးရှိတယ်။- နာမည်ကြီး လူကြိုက်များတဲ့ ဟင်းလျှာတွေဆိုရင်တော့ 
 – ကိုတံငါဟင်းချို
 – ဂဏန်းမဆလာ
 – ကင်းမွန်သုပ်
 – အရွက်စုံသုပ်
 – ကကတစ်ငါးသံပုရာပေါင်း တို့ပဲဖြစ်ပါတယ်။- အချိုတည်းဖို့ ဆိုရင်တော့ မုန့်လက်ဆောင်း၊လှော်စာ၊ဌက်ပျောပေါင်း စတာတွေလည်းရှိတယ်။သွားတိုင်းသောက်ဖြစ်တာကတော့ ဒို့ရိုးရာရဲ့မကျည်းရေလေးပါ။ ရခိုင်အစားစာချစ်သူတွေအတွက် ရခိုင်စာရှယ်ရတဲ့ဆိုင်လေးကို ညွန်းပေလိုက်ပါတယ်နော်။ - ဆိုင်ဖွင့်ချိန် -မနက် ၇ နာရီ မှ ည ၁၀ နာရီ - ရောင်းအားအကောင်းဆုံး -ကိုတံငါဟင်ချို၊ဂဏန်းမဆလာ၊ကင်းမွန်သုပ်၊အရွက်စုံသုပ်၊ - စျေးနှုန်း – ၅၀၀ကျပ် မှ ၁၀၀၀၀ကျပ် - အစားအစာအမျိုးအစား -ရခိုင်အစားအစာ - ထူးခြားချက် -လတ်ဆတ်သော ပင်လယ်စာ - လိပ်စာ – လမ်း(၄၀) အလယ်ဘလောက်(ယုဇနကားဝင်းအနီး)၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့ - ဖုန်း – ၀၉ ၄၀၁ ၂၁၉ ၅၂၃ - Shop Name – Do Yoeyar - Opening Time – 7 am to 10 pm - Best Seller – Fisherman soup,Crab Curry,Squid Salad,Vegetable Salad - Price Range – 500MMK to 10000MMK - Special Feature – Fresh Seafoods - Address – 40th street,(Middle block),(Near Yuzana Car Park), Kyauktadar Township. - Phone -09 401 219 523 
- No Records Found- Sorry, no records were found. Please adjust your search criteria and try again. - Google Map Not Loaded- Sorry, unable to load Google Maps API. 




















