- လှည်းတန်းရဲ့ မူလလက်ဟောင်း လှည်းတန်းကဖေး ထွန်းစေတနာ - လှည်းတန်းမှာ ဆိုင်တွေများလာတာနဲ့ ဘာစားလို့ စားရမလဲ မသိဘူးဆို လှည်းတန်းကဖေးလို့ လူသိများတဲ့ ထွန်းစေတနာ ဆိုင်လေးနဲ့ မိတ်ဆက်ပေးမယ် - လလယ်လောက်လဲ ရောက်လာပြီဆိုတော့ အားလုံးမျှော်လင့်နေတဲ့ Budget ဆိုင်မျိုးလေးလဲ ဖြစ်ရမယ်ပေါ့နော် 
 ထွန်းစေတနာရဲ့ “ကြာဇံချက်” ဆို လှည်းတန်းနားတစ်ဝှိုက် မသိတဲ့သူ ချက်ရှားရှားပဲ
 လှည်းတန်းမှာ သင်တန်းပြီးလို့ဖြစ်ဖြစ် စျေးဝယ်ပြီးလို့ဖြစ်ဖြစ် ပြီးရင် ကြာဇံချက် ပူပူလေးသွားစားလိုက်ရမှ- ယိုးဒယား”ချဉ်ငံစပ်”အထောင်းတွေ စုံစုံလင်လင်ရပြီးတော့ - ပင်လယ်စာဆိုရင် “ပင်လယ်စာအစုံထောင်း/သုပ်၊ပင်လယ်စာမြေအိုးမြှီးရှည်၊ပင်လယ်စာခဲဖတ်ပေါင်း၊ပင်လယ်စာမြေအိုးထမင်း စတဲ့ ပင်လယ်စာ ထူးထူးခြားခြားတွေ ရှိတယ်။ 
 ထွန်းစေတနာရဲ့ လူကြိုက်များတဲ့ ဟင်းလျှာတွေဆိုရင်တော့- ကြာဇံချက် 
 နံရိုးမီးတောက်
 ထမင်းသုပ်
 ပုဇွန်မာလာ
 ပင်လယ်စာခဲပတ်ပေါင်း နဲ့
 မာလာရှမ်းကောတို့ပဲ ဖြစ်ပါတယ်။- ဆိုင်ပုံစံလေးက သက်တောင့်သက်သာ လွတ်လွတ်လပ်လပ် ထိုင်လို့ တဲ့ပုံစံမျိုးလုပ်ထားပြီးတော့ Aircon အေးအေးနဲ့ ထိုင်လို့ကောင်းတယ် 
 တစ်ခုရှိတာက ကားပါကင်ကတော့ အခက်အခဲ ရှိတယ်။ လှည်းတန်းဆိုတော့ သိတဲ့အတိုင်း
 စျေးနှုန်းတွေကတော့ အနည်းဆုံး ၆၀၀ကျပ်ကနေ အများဆုံး ၁၀,၀၀၀ကျပ်ထိရှိတယ်။
 လှည်းတန်းမှာ သင်တန်းပဲတက်တက်၊Shopping ပဲထွက်ထွက် လမ်းကြုံလို့ပဲရောက်ယောက် လှည်းတန်းကဖေး ထွန်းစေတနာဆိုင်လေးကိုသတိရလိုက်နော်- ဆိုင်အမည် -ထွန်းစေတနာ (လှည်းတန်းကဖေး) - ဆိုင်ဖွင့်ချိန် -မနက် ၁၀ နာရီမှ ည ၉နာရီ - ရောင်းအားအကောင်းဆုံး -ကြာဇံချက်၊နံရိုးမီးတောက်၊ထမင်းသုပ်၊ပုဇွန်မာလာ၊ပင်လယ်စာခဲပတ်ပေါင်း၊ပင်လယ်စာအစုံထောင်း - စျေးနှုန်း – ၆၀၀ကျပ် မှ ၁၀,၀၀၀ကျပ် - အစားအစာအမျိုးအစား -မြန်မာအစားစာ၊ယိုးဒယားအစားအစာ - ထူးခြားချက် -စျေးနှုန်းသက်သာ - လိပ်စာ – အမှတ်(၉)၊မြေညီထပ်၊ဦးထွန်းလင်းခြံလမ်း၊လှည်းတန်းမြို့နယ် - ဖုန်း – 09 254 114 190 - Shop Name – Htun Saytanar (Hle Dan Cafe) - Opening Time – 10am to 9pm - Best Seller – Kyar Zan Chat, pork rib flame,rice salad,Mala Shrimp,stream seafood,seafood salad,Mala Xian Gou - Price Range – 600 MMK to 10,000MMK - Special Feature – fair price - Address – No(9),ground floor,U Tun Lin Chan street, Hle Dan township,Yangon - Phone -09 254 114 190 
- No Records Found- Sorry, no records were found. Please adjust your search criteria and try again. - Google Map Not Loaded- Sorry, unable to load Google Maps API. 























