ဗိုလ်ကြီးထက် လိုအပ်တဲ့ အစားအသောက်တွေကို “တ” လိုက်တိုင်း “ရ”မဲ့
လိုတရမှာ က အဓိက အနေနဲ့ ရှမ်းအစားအသောက်တွေနဲ့ တရုတ် အစားအသောက်တွေကို ရနိုင်တယ် “မြေအိုးမြှီးရှည်” “ဘဲကင်”၊”ဝက်စတူး” တို့ဆိုရင် အဲ့လိုအရသာမျိုး “လိုတရ” မှာပဲတွေ့ဘူးတယ် လိုတရ မြေအိုးမြှီးရှည် ကတော့ အရသာအမျိုး အစားပေါင်း များစွာရှိပြီးတော့ ရှမ်းအစားအသောက်ထဲ ကမှ မြေအိုးမြှီးရှည် ကြိုက်တဲ့သူတွေ အတွက်ကတာ့ Heaven ပဲဘဲကင်ကိုလဲဆိုဒ်မျိုးစုံ ရနိုင်တယ် ။ ပုံမှန်ဆိုဒ်၊ဆိုဒ်အလတ်ရယ် ၊အကြီးရယ်ဆိုပြီး ကိုယ်စားနိုင်သလောက် Portion ကို မှာစားလို့ရတယ်ရှမ်းအစားအစာ အရသာတော်တော်နိုင် ပြီးတော့ ဆိုင်ရဲ့လူကြိုက်များတဲ့ ဟင်းလျှာတွေဆိုရင်
ဘဲကင်
ဝက်စတူး
ဖက်ထုပ်ပျော့ကြော်
ပင်မှည့်သီးဖျော်ရည်
မာလာရှမ်းကောနူးအိပြီး လျှာပေါ်မှာ ပျော်ပြီး စိမ့်ဝင်သွားမဲ့ ဝက်စတူး ကတော့ ဒီဆိုင်ရဲ့ Signature တစ်ခုဖြစ်ပြီးတော့ “gram” နဲ့လည်းရောင်းပေးသလို ပွဲသေး၊ပွဲကြီးလဲရသေးတော့”အသားမှာ ဝက်” ဆိုတဲ့ သူတွေကိုတော့ Try ကြည့်စေချင်တယ် မာလာရှမ်းကော လဲ ရပြီးတော့ သူငယ်ချင်းတွေ နဲ့ သွားစားရင် လက်သွက်ခြေသွက်ရှိဖို့ အကြံပေးချင်တယ် ရာသီထွက် အသီးဖျော်ရည်တွေ လဲရတယ် အဓိကလူကြိုက်များတာကတော့ ဆိုင်တိုင်းလိုလို မှာ သိပ်မရနိုင်တဲ့ ပင်မှည့်သီးဖျော်ရည်ပါ ဝက်စတူးလေး စားပြီးလို့ အီလာရင် ပင်မှည့်ဖျော်ရည် လေးသောက် နောက်ထပ်ထူးခြားတာက ဆိုင်ရှင်ကိုယ်တိုင် စိမ်ထားတဲ့သစ်သီးဝိုင်တွေလဲ ရှိတယ် ရှမ်းချဉ်ကလဲ သန့်သန့်ရှင်းရှင်းနဲ့ ကိုယ်တိုင်လုပ်ထားတာတဲ့ရှမ်းပြည်ထွက် ကုန်ခြောက်တော်တော်များများ လဲရှိပြီးတော့ တစ်ချို့ပစ္စည်းလေးတွေဆို ပျက်တတ် လို့ကြိုမှာရတယ်တဲ့ ဆိုင်မှာ ပွဲအော်ဒါလဲ လက်ခံသလို ထမင်းဗူးလဲ လက်ခံပေးတယ်Deliveryနဲ့လဲချိတ်ထားလို့ အိမ်တွင်းပုန်းလေးတွေအတွက် မှာစားလို့ အဆင်ပြေတယ် အခု ဆို “Yangon Zay” တို့လို့ Market တွေမှာလဲ ရောင်းချနေပြီဆိုင်အတွင်အပြင်အဆင်က သပ်သပ်ရပ်ရပ် နဲ့ ကျယ်ဝန်းပြီးတော့ Service ပေးတာလေးတွေကောင်းကြတယ်
လိပ်စာ ? 572, အောက်ကြည့်မြင်တိုင်လမ်း, Hotel Glory အနီး ကြည့်မြင်တိုင်မြို့နယ်
?01 214337 ,01 254131712
? ဗိုလ်ချုပ်စျေး၊ မြောက်ဘက်ခြမ်း,ရန်ကုန်
?09420086538
? 138/139, ဘုရင့်နောင်လမ်းမ, ငါးလုပ်ငန်းဦးစီးအနီး, အင်းစိန်မြို့နယ်
?095044143
ဆိုင်အမည် -လိုတရ
ဆိုင်ဖွင့်ချိန် -မနက် ၆:၃၀ မှ ည ၁၀:၀၀ နာရီ
ရောင်းအားအကောင်းဆုံး -ဘဲကင်,ဝက်စတူ,ဖက်ထုပ်ပျော့ကြော်,ပင်မှည့်သီးဖျော်ရည်,မာလာရှမ်းကော
အစားအစာအမျိုးအစား -ရှမ်းအစားအစာ၊တရုတ်အစားအစာ
လိပ်စာ – ? 572, အောက်ကြည့်မြင်တိုင်လမ်း, Hotel Glory အနီး ကြည့်မြင်တိုင်မြို့နယ်
?01 214337 ,01 254131712
? ဗိုလ်ချုပ်စျေး၊ မြောက်ဘက်ခြမ်း,ရန်ကုန်
?09420086538
? 138/139, ဘုရင့်နောင်လမ်းမ, ငါးလုပ်ငန်းဦးစီးအနီး, အင်းစိန်မြို့နယ်
?095044143
English Version
Shop Name – Lotaya
Opening Time – 6:30 am to 10 pm
Best Seller – Grill Duck,Pork strew,Fried Dumpling , Mala xio gor
Address – ? 572, Lower Kyi Myin Tine street,near Hotel Glory ,Kyi Myin tine township, Yangon
?01 214337 ,01 254131712
? North side of Bogyote Market,Yangon
?09420086538
? 138/139, Buyint naung road,Near Fish export company,Innsein township
?095044143
No Records Found
Sorry, no records were found. Please adjust your search criteria and try again.
Google Map Not Loaded
Sorry, unable to load Google Maps API.