Details -မြောက်ဒဂုံက မာလာရှမ်းကော တစ်ပွဲကို 4500ကျပ် အရမ်းတန်တဲ့ ဆိုင်လေး နာမည်က ရွှေလက်ရာ
ဆိုင်လေးကဖွင့်တာ မကြာသေးပေမဲ့ Menu တွေ စျေးသက်သာတာရယ် အရသာကောင်းတာရယ်ကြောင့် နာမည်ကြီးတယ်။#မာလာရှမ်းကောကို အဓိကရပြီးတော့ ကြက်/ဝက် မာလာရှမ်းကော တစ်ပွဲကိုမှ 4500ကျပ်
Seafoos နဲ့ဆိုရင်တော့ 6000ကျပ်။ကိုယ်တွေသွားတုန်းကတော့ Seafood နဲ့ စားဖြစ်တယ်
(ပုဇွန်၊ပြည်ကြီးငါး၊ကင်းမွန်)သုံးမျိုးပါပြီးတော့နှစ်ယောက်ကောင်းကောင်း စားလို့ရတယ်။
နောက်တစ်ခု အဲ့မှာကြိုက်တာက ငါးသံပုရာပေါင်း တီလားဗီးယားငါး ကို ချဥ်ချဥ်စပ်စပ်လေး
ပေါင်းထားတာ မိုးအေးအေးလေးနဲ့ဆိုတော့ ရှုူးရှုူးရှဲရှဲ နဲ့ ရှယ်ပဲ။ကြက်ရေခွံကြွပ်ကြော် လေးကို ငါးသံပုရာပေါင်း
ချဥ်စပ်အရည်လေးနဲ့ တို့ပြီးစားရင်လဲအရမ်းလိုက်တယ်။ချဥ်စပ်အထောင်းတွေ ကြိုက်တဲ့သူတွေ အတွက်
“ရွှေလက်ရာ” ရဲ့သဘော်ာသီးထောင်း ကို Try ကြည့်စေချင်တယ် ချဥ်ချဥ်စပ်စပ် နဲ့ ရှယ်ထိတဲ့အရသာ
Admin ကအစပ်အရမ်းမစားနိုင်တော့ အများကြီးမစားခဲ့လိုက်ရဘူး adminလို အစပ်မစားနိုင်ရင် အစပ်လျော့ခိုင်းဖို့ မမေ့နဲ့နော်။?ကျန်တဲ့ Menu တွေဆိုရင်
•ကြက်ခြေထောက်သုပ်
•ဂျပန်တို့ဖူးအချို
•ငါးခေါင်းဟင်းချို
•ကိုက်လံခရုဆီ
•ခေါက်ဆွဲကြော် စတဲ့ Menu တွေလဲ အများကြီးရှိသေးတယ်။
စျေးနှုန်းတွေက 2000/2500/3000 ပတ်ချာလည်ပဲ။ဆိုင်ဖွင့်ချိန်က မနက် 9:30 ကနေ ည 9:30
လိပ်စာက No(674),မဟာဗန္ဓူလလမ်း၊30ရက်ကွပ်၊မြောက်ဒဂုံ။
Deliver နဲမှာချင်တဲ့ သူတွေအတွက် Food Panda ကနေမှာလို့ရပြီးတော့
ဆိုင်ကိုလှမ်းမှာ ချင်တယ်ဆိုရင်တော့
09 420 091 663/09 964 291 663ဆိုင်အမည် – ရွှေလက်ရာ
ဆိုင်ဖွင့်ချိန် – မနက် ၉ ခွဲ မှ ည ၉ ခွဲ
ရောင်းအားအကောင်းဆုံး – မာလာရှမ်းကော
လိပ်စာ – No(674)မဟာဗန္ဓူလလမ်း၊30ရက်ကွပ်၊မြောက်ဒဂုံ။
ဖုန်း -09 420 091 663/09 964 291 663English Version
Shop name – Shwe Lat Yar
Popular dishes – Mala xio gor
Address – No(674),Mahar bandoola street,30 yard,North Dagon township, Yangon.
Phone – 09 420 091 663/09 964 291 663No Records Found
Sorry, no records were found. Please adjust your search criteria and try again.
Google Map Not Loaded
Sorry, unable to load Google Maps API.