ငါးဖယ်လုံးနှင့်ခရမ်းချဉ်သီးဆီပြန်

ငါးဖယ်လုံးနှင့်ခရမ်းချဉ်သီးဆီပြန်

1

ငါးဖယ်ခြစ်.................၁၀ကျပ်သား

ကြက်သွန်နီ.................၁လုံး

ကြက်သွန်ဖြူ................၅တက်

ခရမ်းချဉ်သီး................. ၅လုံး

ငရုတ်သီးစိမ်း...............၅တောင့်

နံနံပင်..........................အနည်းငယ်

ငါးဖယ်ခြစ်ကိုစတီးဇလုံတစ်ခုအတွင်းထည့်ပါ။

ကြက်သွန်ဖြူနှစ်တက်လောက်နှင့်နံနံပင်အနည်းငယ်ကိုနုပ်နုပ်စဉ်းပြီးထည့်ပါ။

ဆား၊ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပြီးနယ်ပါ။

နယ်နေရင်းလက်နဲ့ဆုပ်ကိုင်ပြီးဇလုံထဲသို့ပေါက်ချပေးပါ။

(ဒီလိုရိုက်နယ်မှသာငါးဖယ်အသားလေးတွေကျစ်ခဲသွားမှာပါ)

ဆီ (သို့ )ရေ (သို့)ငံပြာရည်လေးလူးပြီးမိမိနှစ်သက်သလိုပုံစံလေးပြုလုပ်ပါ။
အလုံးလေးတွေပြုလုပ်ထားပါတယ်။

ကြက်သွန်ဖြူ နှင့်ကြက်သွန်နီကိုရောထောင်းပါ။

ခရမ်းချဉ်သီး ကိုပါးပါးလှီးပါ။

ထောင်းထားသောအရောကိုဆီအနည်းငယ်နှင့်အတူဆီသတ်ပါ။

အနည်းငယ်နွမ်းလာလျှင်နနွင်းနှင့်အရောင်တင်မှုန့်ထည့်ပါ။

ခရမ်းချဉ်သီးတွေထည့်ပြီးအဖုံးခေတ္တအုပ်ပေးထားပါ။

ဆား(သို့)ငါးငံပြာရည်၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်ပေးပါ။

ရေခမ်း၊ဆီပြန်လာလျှင်နှံ့အောင်မွှေပေးပြီးရေအနည်းငယ်လိုက်ပေးပါ။

ငရုတ်စိမ်းအပွတောင့်လေးတွေကိုအညှာခြွေပြီး
အတောင့်လိုက်ထည့်ပါ။

ပုံစံယူပြုလုပ်ထားတဲ့ငါးဖယ်ခြစ်ပြား(သို့) ငါးဖယ်လုံးလေးတွေထည့်ပါ။

ရေပြန်၊ဆီပြန်အနေအထားမျိုးလေးရအောင်ချက်ပါ။

ကျက်ပြီဆိုတာနဲ့မီးဖိုပေါ်မှချပါ။

( ငါးဖယ်ထည့်ပြီးအကြာကြီးမချက်ပြုတ်သင့်ပါ)

နံနံပင်လေးအုပ်ပေးပါ။

Credit: (Facebook Share)

Ingredients

Directions