ဝက်ကလီဇာဟင်း

ဝက်ကလီဇာ ချက်ရန်အတွက် အူမကြီး၊အူချို၊အူပိတ်၊အသည်း၊နှလုံး အားလုံးတို့ကို မကျည်းသီးမှည့်/ရှာလကာရည် အနည်းငယ်ဖြင့်....

1

ဝက်ကလီဇာ ချက်ရန်အတွက် အူမကြီး၊အူချို၊အူပိတ်၊အသည်း၊နှလုံး အားလုံးတို့ကို မကျည်းသီးမှည့်/ရှာလကာရည် အနည်းငယ်ဖြင့် ရေအထပ်ထပ်ဆေးပေးပါ။

ဒေါ်ပုကတော့ ကျောက်ကပ်က အနံ့ပြင်းလို့ထည့်မချက်ပါဘူး။ကြိုက်ရင်တော့ ထည့်ချက်လို့ရပါတယ်။

ဝက်ကလီဇာဟင်းထဲမှာထည့်မည့် ဝက်အူပိတ်ကတော့ စားရတာအရသာရှိပြီး လုပ်နည်းက အနည်းငယ်လက်ဝင်ပါတယ်။

အထပ်ထပ် အရစ် လေးတွေဖြစ် အောင် အူပိတ်ကို အတွင်းဖက်သို့လှန်ကာ ရှာလကာရည်ဖြင့် ရေသေချာဆေးပါ။

ရေဆေးရာ၌ ရှာလကာရည်များ များသွားလျှင် ဝက်အူများပေါက်ပြဲတက်ပါသည်။အနည်းငယ်သာ သုံးပါ။

အတွင်းသားကို အပြင်ဖက်သို့ နှစ်ထပ်ဖြစ်သည်အထိ ပြန်လှန်ပြီး အတွင်းထဲကို ထိုးထည့်ပေးရပါတယ်။

ဥပမာ ၁၀ လက်မလောက်ရှိတဲ့ အူပိတ်ဟာ အတွင်းဘက်ကနေ အပြင်ဘက်ကိုပြန်လှန်သည့် အတွက်နှစ်ထပ်ဖြစ်ကာ ၅ လက်မလောက်ပဲ အရှည်ရှိပါတော့တယ်။

ဝက်အူပိတ်ကို နှစ်ထပ်လုပ်ပြီး မလှီးပဲ အချောင်းလိုက်ပဲ ထည့်ချက်ပါ။

လှီးလိုက်လျှင် အတွင်းသားများ အကုန်ထွက်ကုန်ပါလိမ့်မည်။

ဝက်အူပိတ်ကို ဟင်းအိုးကျက်သွားပြီမှ အအေးခံကာ အနေတော်အရွယ်လေးတွေလှီးပေးပါ။

Credit#ဒေါ်ပုလက်ရာ (facebook share)

Ingredients

Directions