မုန့်လုံးကောက်ညင်းပေါင်း

ဒီမုန့်လေးကတော့ရှမ်းပြည်မှာအများဆုံးတွေ့ရပြီးချမ်းအေးတဲ့ဆောင်းတွင်းအခါမနက်ခင်းတွေမှာအများဆုံးရောင်းချတတ်ကြပါတယ်။အချို့တရုပ်ရိုးရာအနေဖြင့်စေးထွေးသည့်မုန့်လုံးကောက်ညင်းနှင့်အချိုဌာပနာထားတာမို့ချိုမြိန်ခြင်းစည်းလုံးညီညွတ်ခြင်းတို့ကိုရည်ညွှန်းပြီးလက်ထပ်မင်္ဂလာရက်မြတ်မနက်ခင်းမှာပြုလုပ်တည်ခင်းလေ့ရှိပါတယ်။ဒီမုန့်လုံးကောက်ညင်းပြုလုပ်ရာတွင်အရောင်ကိုသဘာဝပန်းခြောက်အရောင်ဖြင့်ပြုလုပ်ထားပြီးပန်းခြောက်၏မွေးရနံ့ကိုလည်းရရှိစေမှာဖြစ်ပါတယ်။ရှမ်းပြည်မှာသာတွေ့ရတဲ့ပန်းခြောက်၏အရောင်ဖြင့်ပင်ရှမ်းထမင်းဝါလည်းပြုလုပ်နိုင်ပါတယ်။အလွယ်တကူမရရှိနိုင်ပါကစားဆေးအရောင်ဖြင့်လည်အစားထိုးပြုလုပ်နိုင်ပါတယ်။

1

ပါဝင်ပစ္စည်း
********
ကောက်ညင်းဆန် - ၃ခွက် ဆန်ချိန်ခွက်
ပန်းခြောက်/ အဝါရောင် - အနည်းငယ်
ကောက်ညင်းမှုန့် - ၂၅၀ ဂရမ်
ပဲယို /နှမ်းအချို - တစ်ပန်းကန်

ပြင်ဆင်ပြုလုပ်ပုံ
***********

(၁)ကောက်ညင်းကိုပန်းခြောက်သို့မဟုတ်ဆေးရောင်ထည့်ပြီး၃နာရီခန့်စိမ်ထားကာဇကာဖြင့်ရေစစ်ထားပါ။

(၂)ကောက်ညင်းမှုန့်ကိုရေအနည်းငယ်ဆီထည့်ပြီးမုန့်လုံးလုံး၍ရသောအနေထိနယ်ထားပါ။

(၃)ရှမ်းနှမ်းလုံးအမဲကိုလှော်ပြီးထောင်းကာ ကြံသကာဖြင့်ဆတူရောပြီးပန်းခြောက်ထည့်ပြီးသမအောင်မွေထားပါ။

(၄)ရှမ်းနှမ်းလုံးမရပါကပဲယိုအစားထိုးထည့်နိုင်ပါတယ်။

(၅)နယ်ထားသောကောက်ညင်းကိုမုန့့်လုံးဆယ်လုံးစာအညီအမျှခွဲထားပြီးပဲယိုသို့မဟုတ်နှမ်းကြံသကာအရောကိုထည့်ပြီးလုံးထားပါ။

(၆)ပေါင်းမည့်ပေါင်းအိုးသို့မဟုတ်ဘမ်းတွင်အဝတ်ခင်းထားပါ။

(၇)အောက်ဆုံးတလွှာတွင်ရေစစ်ထားသောကောက်ညင်းကိုတလွှာခင်းပါ။

(၈)အစာသွပ်ပြီးသားမုန့်လုံးကိုခင်းထားသောကောက်ညင်းပေါ်တွင်နှစ်လက်မခန့်ခြားပြီးစီထည့်ပါ။

(၉)အပေါ်မှကောက်ညင်းဆန်ကိုမုန့့်လုံး အုပ်မိအောင်လိုက်ပုံပေးပါ။သို့မှသာပေါင်းထွက်လာပါကကောက်ညင်းများဖြင့်လုံးထားသောမုန့်လုံးကိုရရှိမှာဖြစ်ပါတယ်။

(၁၀)ပြီးလျျှင်အဝတ်ဖြင့်ပြန်အုပ်ကာပေါင်းအိုးတွင်မိနစ်၃၀ခန့်ပေါင်းပြီးကောက်ညင်းကျက်ပါကချိုချိုမွေးမွေးပူနွေးနွေးမုန့်လုံးကောက်ညင်းပေါင်းကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။

..........
Crd Sofia

Ingredients

Directions