နဂါးမောက်သီးကျောက်ကျော

နဂါးမောက်သီးကျောက်ကျော..

1

-နဂါးမောက်သီး(အနီရောင်)အမှည့်တစ်လုံးကိုအခွံခွာပြီး
လက်နဲ့ ဖျစ်ညှစ် ချေထားပါ။

-အာဂါးကျောက်ကျော အစိမ်းရောင် (အထုပ်သေး)ကို
အိုးထဲထည့်ပြီး ရေ ၂လီတာနဲ့ဖျော်ပါ ။

-အုန်းနို့သံဘူးအသေးတစ်လုံးကိုလောင်းထည့်ပါ ။
သကြား ၂၅ ကျပ်သားထည့်ပါ ။

-အိုးကို မီးအတန်အသင့်နဲ့ အပူပေးပါ။
ကျောက်ကျောရည် ဆူပွက်လာချိန်ကျရင်
မိနစ်(၂၀)လောက်ကြာအောင် မပြတ်မွှေပေးပါ ။

-မိနစ်(၂၀)ပြည့်ရင် ကျောက်ကျောအိုးထဲကို
နဂါးမောက်သီးချေထားတာ ထည့်မွှေပါ ။
ပြီးရင်မီးဖိုပေါ်ကချပြီး ဘန်းထဲကိုလောင်းထည့်ပါ။

ဘန်းကိုငြိမ်ငြိမ်ထားပြီး အေးသွားတဲ့အခါ
ရေခဲသေတ္တာထဲထည့်ပြီး စားလိုတဲ့အချိန်
လှီးစားနိုင်ပါပြီ။

-နဂါးမောက်သီးရဲ့ သဘာဝအရောင်အသွေးက
အသဲကွဲရောင်လေးမို့ စားချင်စဖွယ်
ဆွဲဆောင်မှု အပြည့်ရှိပါတယ် ။

Ingredients

Directions

1

-နဂါးမောက်သီး(အနီရောင်)အမှည့်တစ်လုံးကိုအခွံခွာပြီး
လက်နဲ့ ဖျစ်ညှစ် ချေထားပါ။

-အာဂါးကျောက်ကျော အစိမ်းရောင် (အထုပ်သေး)ကို
အိုးထဲထည့်ပြီး ရေ ၂လီတာနဲ့ဖျော်ပါ ။

-အုန်းနို့သံဘူးအသေးတစ်လုံးကိုလောင်းထည့်ပါ ။
သကြား ၂၅ ကျပ်သားထည့်ပါ ။

-အိုးကို မီးအတန်အသင့်နဲ့ အပူပေးပါ။
ကျောက်ကျောရည် ဆူပွက်လာချိန်ကျရင်
မိနစ်(၂၀)လောက်ကြာအောင် မပြတ်မွှေပေးပါ ။

-မိနစ်(၂၀)ပြည့်ရင် ကျောက်ကျောအိုးထဲကို
နဂါးမောက်သီးချေထားတာ ထည့်မွှေပါ ။
ပြီးရင်မီးဖိုပေါ်ကချပြီး ဘန်းထဲကိုလောင်းထည့်ပါ။

ဘန်းကိုငြိမ်ငြိမ်ထားပြီး အေးသွားတဲ့အခါ
ရေခဲသေတ္တာထဲထည့်ပြီး စားလိုတဲ့အချိန်
လှီးစားနိုင်ပါပြီ။

-နဂါးမောက်သီးရဲ့ သဘာဝအရောင်အသွေးက
အသဲကွဲရောင်လေးမို့ စားချင်စဖွယ်
ဆွဲဆောင်မှု အပြည့်ရှိပါတယ် ။

နဂါးမောက်သီးကျောက်ကျော