မုန်ညင်းချဉ်ထမင်းကြော်စပ်စပ်

မုန်ညင်းချဉ်ထမင်းကြော်စပ်စပ်
••••••••••••••••••••••••••••••••••
တစ်ခါတလေပေါ့..ကြော်စားကြည့်..အရသာက.ရူးရူးရှဲရှဲချဉ်စပ်မွှေးလေးပါ...

အိမ်မှာကိုယ်တစ်ယောက်တည်းပဲစားမယ့်သူမရှိတော့ဖွယ်ဖွယ်ရာရာဟင်းတွေချက်မနေတော့ဘူး...

မနေ့ကကျန်တဲ့ထမင်းကြမ်းတူစားပန်းကန်တစ်လုံးလောက်ကို မုန်ညင်းချဉ် နဲ့ရောပီးကြော်စားလိုက်တယ်...

အသားလေးတစ်တုံး.အသည်းလေးတစ်တုံး..ပုဇွန်လေးသုံးကောင်လောက်ရေခဲသေတ္တာထဲကထုတ်ပီးထည့်ကြော်လိုက်တယ်..

စပ်တာလေးစားချင်လို့ငရုတ်သီးတွေပါထည့်ကြော်လိုက်တာ..

1

ကြော်နည်း
••••••••••••
အိုးဆီပူရင်ပုဇွန်တွေကွေးရုံလေးအရင်ကြော်ပီးဆယ်ထား

ပိုတဲ့ဆီနဲ့ကြက်သွန်ဖြူဓားပြားရိုက်တာထည့်ဆီသတ်.

မွှေး ရင်ပါးပါးလှီးထားတဲ့အသားနဲ့အသည်းတွေထည့်ကြော်..

ကြက်သားမူန့်အနည်းငယ် ထည့်..ခဏလေးပဲမီးပြင်းပြင်းနဲ့ကြော်ပါ..

အသားတင်းရင်ထမင်းကြမ်းတွေခြေထည့်ကြော်အထက်အောက်လှန်မွှေပြီးကြော်ပေး..

ကြက်သားမူန့်.ပဲငံပြာရည်အပျစ်ထည့်ကြော်...

ပြီးရင်ပါးပါးလှီးထားတဲ့မုန်ညင်းချဉ်ထည့်.ငရုတ်ပွစိမ်း.ငရုတ်သီးအနီတောင့်လေးတွေထည့်ဆက်ကြော်..

အရသာသာမြည်းကြည့်..အတော်ပဲဆိုရင်..ထမင်းလည်းခပ်ခြောက်ခြောက်လေးဖြစ်လာပြီဆိုရင်ရပီ..

စားမယ်ဆိုမှ ပန်းကန်ထဲခပ်ထည့်ပြီးပုဇွန်ကြော်လေးပြန်ထည့်ပေးလိုက်..

ပုဇွန်ကမထည့်လေးရတယ်..

အိမ်မှာအဆင်သင့်ရှိနေလို့စုံနေအောင်ထည့်လိုက်တာ ..

ကြက်ဥရှိရင်ထည့်ကြော်ပါ..အိမ်မှာက ကြက်ဥကုန်နေလို့မထည့်လိုက်ရဘူး...

https://bit.ly/2GbDqRv

Ingredients

Directions