ထောပတ်ထမင်း
အိမ်မှာ အလွယ်တကူနဲ့ကုန်ကျစရိတ်သက်သာမယ့် ထောပတ်ထမင်းချက်စားရအောင်...ခုချက်ထားတဲ့ ပုံစံ
ကထောပတ်ထမင်းချက်နည်းပါပဲ..ပဲစိမ်းလုံး နဲ့ဥနီ ပြောင်းဖူး
ကအိမ်မှာ အလွယ်ရှိနေလို့.ရောင်စုံလေးဖြစ်အောင်.အိမ်က
သားတွေပိုစားချင်လာအောင်လို့.ထည့်ချက်လိုက်တာပါ..မရှိ
လို့ထည့်မချက်လည်းရပါတယ်....
ပါဝင်ပစ္စည်း များ
••••••••••••••••••••
ဆန်အကောင်းစား....နို့ဆီဗူးနှစ်ဗူး.
ထောပတ်.. ငါးကျပ်သားခန့်
ဟင်းရွက်ဆီ ထမင်းစားဇွန်းလေးဇွန်း.
နို့စိမ်း..ထမင်းစားဇွန်းလေးဇွန်း
သကြားထမင်းစားဇွန်းတစ်ဇွန်း
ဆား/အရသာမူန့်အနည်းငယ်စီ
ကရဝေးရွက်/သစ်ဂျပိုးခေါက် အနည်းငယ်စီ
ကြက်သွန်နီဥတစ်လုံး..
ပဲစိမ်းလုံး/ပြောင်းဖူး/မုန်လာဥ နီအနည်းငယ်စီ(မထည့်လည်းရ)
ထောပတ်ထမင်းချက်မည်ဆိုလျှင်
••••••••••••••••••••••••••••••••••••
ရိုးရိုးထမင်းချက်မည့်ပေါင်းအိုးထဲမှာ ဆန်ကိုရေဆေးပြီး အသီးအနှံတွေမှလွဲ၍ ကျန်တဲ့ပါဝင်ပစ္စည်းများ.အားလုံး ကိုရောထည့်၍ပုံမှန်ထမင်းချက်သလိုပဲချက်ပါ...
ကြက်သွန်နီကိုတော့လေးစိတ်စိတ်ထည့်ပါ...ရေကိုမိမိတို့ချက်မည့် ဆန်အကြောပေါ်မူတည်ပီးချင့်ချိန်ထည့်ပါ..
ရေကိုခါတိုင်းပုံမှန်ထည့်နေကျထက်အနည်းငယ်လျှော့၍ထည့်ပါ..
ထမင်းအိုးခလုတ်တက်ခါနီးလောက်တွင်.အဖုံးဖွင့်၍အထက်အောက်လှန်ပေးပါ..ထောပတ်ဆီများအောက်တွင်စုပုံနေမည်စိုးလို့ပါ..အသီးအနှံ ထည့်မည်ဆိုပါက.ဒီအချိန်မှာထည့်ပါ...
အရသာမြည်းကြည့်ပါ...မိမိတို့အိမ်သားများအကြိုက်အရသာကိုဒီအချိန်မှာစိတ်ကြိုက်ပြင်နိုင်ပါတယ်..
အရသာအနေတော်ပဲဆိုလျှင်အဖုံးပြန်ပိတ်ပီးထမင်းအိုးကောင်းစွာနှပ်သည် ထိပြန်တည်ထားပေးလိုက်ရင်ရပါပီ....အချိန်ခဏပဲပေးရပါ
တယ်မကြာပါဘူး..လွယ်ကူလျှင်မြန်ပါတယ်...
အဓိက.ဆန်နဲ့ရေကိုအချိုးကျကျထည့်တတ်ဖို့ပါပဲ.....
တွဲဖက်စားဖို့ကြက်သားဟင်းအတွက်
••••••••••••••••••••••••••••••••••••••
ကြက်ပေါ်င်တစ်ချောင်း(သုံးပိုင်းပိုင်းထားပါ)
ကြက်သွန်နီသုံးလုံး(ပါးပါးလှီးထား ပါ)
ကြက်သွန်ဖြူ/ဂျင်းအနည်းငယ်ထောင်းထားပါ
မဆလာ/ဆီ/ဆား/အရသာမူန့်/ငံပြာရည်/ဆနွင်း/အရောင်တင်မူန့်. အနည်းငယ်စီလိုအပ်ပါတယ်...
ချက်နည်း
•••••••••••
ကြက်သားကိုအရင်ဆုံး..ဆားအရသာမူန် ့မဆလာဆနွင်း ထောင်းထားသောကြက်ဖြူနှင့်ဂျင်းတို့ထည့်၍အရသာနယ် ထားပါ...
အိုးဆီပူရင် ကြက်သွန်နီများကိုအရင်ကြွပ်အောင် ထည့်ကြော်ပီး.ကြွပ်လျှင်ဆယ်ထားပါ..
ပိုတဲ့ဆီထဲကြက်သား များထည့်၍လုံးပေးပါ.အသားတင်းရင် ရေနွေးထည့် ကြော် ထားတဲ့ကြက်နီကြော်တွေခြေထည့်ပေး..
အဖုံးအုပ်ပီးဆက်တည်ပေး..အသားနူးပီးဆီပြန်သည်ထိ..
အရသာလိုလျှင်ထပ်
ထည့်...အားလုံအးနေတော်ကွက်တိဆီပြန်ပီဆိုရပါပီ...
ပွဲပြင်မယ်ဆိုရင်
•••••••••••••••••••
ပန်းကန်ပြား ထဲမှာထောပတ်ထမင်းခပ်ထည့်..
ကြက်သားဆီပြန်လေးခပ်ထည့်..
တွဲဖက်စားဖို့သရက်ချဉ်သုပ်လေးတစ်ပုံထည့်..
မိမိတို့အိမ်မှာ ပုဇွန်ခြောက် ကြော်အစပ်လေးရှိရင်လည်းထည့်ပေါ့.
ကိုယ်ကတော့ မထည့်ထားပါ....ချဉ်ပေါင်ဟင်းချိုလေးနဲ့တွဲဖက်စားပိုလိုက်ဖက်ပါတယ်....
အားလုံးအဆင်ပြေ ကြပါစေရှင်..
https://bit.ly/2GbDqRv
Ingredients
Directions