မုန့်စိမ်းပေါင်း

မုန့်စိမ်းပေါင်း - လက်ဖက်ရည်၊ကော်ဖီတို့နဲ့တွဲဖက်စားလို့ရသလို
ရေနွေးကြမ်းနဲ့လည်းတွဲဖက်စားလို့ရတဲ့
မြန်မာ့ရိုးရာစားစရာမုန့်ဖြစ်ပါတယ်။

1

မုန့်စိမ်းပေါင်းကို ဆန်ကြမ်းနဲ့လုပ်ရပါတယ်။
ငစိန်ဆန်တစ်ပြည်ကိုရေစင်စင်ဆေးပြီးကြိတ်ဆုံမှာကြိတ်ပါ။

2

မုန့်ရည်ကို အဝတ်အိတ်နဲ့စစ်ပါ။

3

ရေစစ်သွားတဲ့အခါ မုန့်သားကို လက်နဲ့နယ်ပြီး
လက်ဆန့်သလောက် အလုံးကြီးတွေလုပ်ပါ။

4

အောက်ခံအိုးထဲကိုရေထည့်ပြီး
အပေါ်မှာ စကာတင်ပြီးမုန့်လုံးတွေထည့်ပေါင်းပါ။

5

၁၅ မိနစ်လောက်နေလို့ မုန့်လုံးအပေါ်သားအရောင်ကြည်နေရင်
မုန့်ကို ဖိုပေါ်ကချပြီး အအေးခံပါ။

6

လက်နဲ့ကိုင်နိုင်တဲ့အနေအထားမှာ
တစ်ဝက်တစ်ပျက်ကျက်နေတဲ့မုန့်လုံးကို
ဆုံထဲထည့်ထောင်းပါ။
ထောင်းပြီးရင် လက်နဲ့ချေပေးပြီး စကာချပါ။

7

မုန့်စိမ်းပေါင်းမှာ အဖြူ သားကအဆိမ့်ဖြစ်ပြီး
အညို သားက အချိုဖြစ်ပါတယ်။

8

အဖြူ သားလုပ်ဖို့ မုန့်သားနည်းနည်းဖယ်ထားပါ။
အုန်းသီးတစ်လုံးကိုဦးရည်ညှစ်ပြီး
မုန့်သားအဖြူ နဲ့ ပျစ်ပျစ်လေးနယ်ထားပါ။
ပဲလွန်းတစ်ဘူးကိုပြုတ်ထားပါ။

9

ထန်းညက် ၅ဝကျပ်သားကိုခပ်ပျစ်ပျစ်ကျို ပြီး
ကျန်တဲ့မုန့်သားနဲ့ရောနယ်ပါ။

10

မုန့်စိမ်းပေါင်းပေါင်းတဲ့မြေအိုး(ပေါင်းချောင်)နဲ့ပေါင်းရပါတယ်။
အခုတချို့က ပေါင်းစကာတွေနဲ့ပေါင်းကြပါတယ်။

11

မြေအိုးထဲကို ကပ်ပြားခင်းပြီး ကပ်ပြားပေါ်မှာ ပိတ်စိမ်းပါး(ရှန်သား)ခင်းပါ။
ထောင်းထားတဲ့ မုန့်အညို သားကို စကာနဲ့ရွရွလေးချပါ။

12

အညို သားပေါ်က အဖြူ သားကို စကာချပါ။
ပြီးရင် အပေါ်ကနေပဲလွန်းပြု တ်ကိုဖြူ းပါ။

13

အိမ်စားဖို့ကောင်းကောင်းဆိုရင် ပဲလွန်းအစား
သီဟိုဠ်စေ့၊စပျစ်သီးခြောက်၊ဖရုံယို တို့ ထည့်နိုင်ပါတယ်။

14

ပြီးရင် အဖုံးအုပ်ပြီး နာရီဝက်လောက်ပေါင်းရင် နပ်ပါပြီ။

Ingredients

Directions