ငါးကြင်း ချိုစပ် ဆီပြန်
ငါးကြင်းကို ချိုစပ် ဆီပြန်လေး ချက်ထားတာပါ။ ငါးကို ဂျုံနဲ့ အရင်ကပ်ကြော်ပြီမှ အနှစ်များများနဲ့ ချက်ထားတာမို့ ထမင်းမြိန်မယ့် နောက်ဟင်းတခွက်ပါ။ ချက်နည်းလေး ကြည့်ရအောင်…
အရင်ဆုံး ငါးကြင်းကို (ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တဝက်)) တို့ဖြင့် ရောနုယ်လိုက်ပြီ ဂျုံမှုန့်များ ကပ်ပေးပါ။
ပြီလျှင် ဒယ်ထဲ ဆီများများထည့်ပြီ ဂျုံကပ်ထားသော ငါးကြင်း များကို အညှိရောင်သန်းသည်အထိ ထည့်ကြော်ပေးပါ။
ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်သီးတောင့်နီ တို့ကို ဆီသပ်ပေးပါ။
ထို့နောက် ခရမ်းချဉ်သီး၊ ငရုတ်သီးဆီချက်၊ ငါးကြင်း၊ ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တဝက်)၊ နှင့် ငါးကြင်း ရေမြုပ်ရုံ ရေထည့်ပြီ အဖုံးအုပ်ကာ တည်ထားပေးပါ။
ဆီပြန်လာလျှင် အပေါ်မှ နံနံပင်၊ ရှမ်းနံနံများ အုပ်ပြီ မီးပိတ်ပေးပါ။
ငါးကြင်းဆီပြန်ဟင်းလေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ..
Credit and Ref : https://bit.ly/2GEGYwh
Ingredients
Directions