မျှစ်တာလပေါ့ဟင်း

ဒီတစ်ပတ်ပိတ်ရက်မှာတော့ ကရင်ရိုးရာဟင်း တစ်မျိုးဖြစ်တဲ့ မျှစ်တာလပေါ့ဟင်းနဲ့ မိတ်ဆက်ပေးပါရစေ။

ဝါးပိုးမျှစ်တွေပေါ်တဲ့ ခုလိုရာသီမှာ ချက်စားရတဲ့ မျှစ်တာလပေါ့ဟင်းက ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပါပဲ။

 ဝါးပိုးမျှစ်
  ပုစွန်
 ရုံးပတီသီး
 ဒန့်ဒလွန်ရွက်
 ဖရုံညွန့်
  ဒညင်းဝက်
 ပင်စိမ်း
 ငရုတ်သီးစိမ်း
1

ဝါးပိုးမျှစ်ဆို့ကို အပေါ်က အရင့်အခွံတွေကို များများလှီးထုတ်ပြီး နုနုလေးတွေကျန်တော့မှ ပါးပါးလှီးရမှာပါ။

2

ဝါးပိုးမျှစ်ပါးပါးလှီးပြီးသားကို ရေစိမ်ထားရပါမယ်။ ဝါးပိုးမျှစ်ကို ရေများများနဲ့ နူးတဲ့အထိပြုတ်ပြီး ပြုတ်ရည်ကို မသွန်ဘဲ ဒီတိုင်းထားရမှာပါ။

3

မျှစ်ပြုတ်အိုးထဲကို ဆန်လှော်မှုန့် ရေဖျော်ပြီးထည့်ပါ။ အရည်ပျစ်ပျစ်ကြိုက်ရင်ဆန်မှုန့် ပိုထည့်နိုင်ပြီး အရည်ကျဲကျဲကြိုက်ရင်တော့ ဆန်မှုန့်လျှော့ထည့်ပါ။

4

ဆန်လှော်မှုန့်နံ့မွှေးလာတဲ့အခါ ငံပြာရည် ၊ အရသာမှုန့် နဲ့ မျှင်ငါးပိဖျော်ထည့်ပါ။ ဟင်းရည်ဆူလာတဲ့အခါ ဒညင်းဝက် ပါးပါးလှီးထားတာနဲ့ ငရုတ်သီးစိမ်း ထက်ခြမ်းခွဲထည့်ပါ။ ဟင်းရည်ပွက်ပွက်ဆူလာတဲ့အခါ ပုစွန်ထည့်ပါ။ ပုစွန်ကျက်ပြီး နောက်ဆုံးကျမှ အရွက်တွေခပ်ပြီး မီးအပူရှိန်နည်းနည်းလေးနဲ့တည်ထားလိုက်ရင် ချိုမွှေးစပ်အရသာ မျှစ်တာလပေါ့အရည်သောက် ရပါပြီ။

5

မြိတ်ငပိထောင်းစပ်နဲ့ တွဲစားလို့ရသလို ရှောက်သီးသုပ် ချဉ်ချဉ်စပ်စပ်လေးနဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။

6

တန်းဖိုးလည်းအရမ်းမကြီးသလို ထမင်းမြိန်စေတဲ့ နတ်သုဒ္ဓါတစ်ပွဲဖြစ်တဲ့ မျှစ်တာလပေါ့အရည်သောက်ကို ချက်စားကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။

Credit and Ref : https://bit.ly/2GEGYwh

Ingredients

 ဝါးပိုးမျှစ်
  ပုစွန်
 ရုံးပတီသီး
 ဒန့်ဒလွန်ရွက်
 ဖရုံညွန့်
  ဒညင်းဝက်
 ပင်စိမ်း
 ငရုတ်သီးစိမ်း

Directions