ကြက်သား ငရုတ်သီးစိမ်းချက်

ဒီတစ်ပတ်တော့ ရိုးရှင်းလွယ်ကူတဲ့ ကြက်သား ငရုတ်သီးစိမ်းချက် လေး ချက်စားကြရအောင်။ ဆီပြန်ဟင်း တွေစားရတာ ငြီးငွေ့ နေတဲ့အခါ ဒီလို ဟင်းလေးတွေက ထမင်းမြိန်စေမှာပါ။

 ကြက်သား ငရုတ်သီးစိမ်းချက် ချက်တော့မယ်ဆိုရင် လိုအပ်တာတွေကတော့
 ကြက်သား ၃၀သား
 ငါးပိစိမ်းစား ၃ကျပ်သား
 ငရုတ်သီးစိမ်း ၃ကျပ်သား
 ကြက်သွန်ဖြူ အနည်းငယ်
 ကြက်သွန်နီ အနည်းငယ်
 ပင်စိမ်းရွက် အနည်းငယ်တို့ ဖြစ်ပါတယ်။
1

ကြက်သား ကို အနေတော် တုံးပြီး ဆားဆနွင်းနယ်ထားပါ။ ငရုတ်သီးစိမ်း နဲ့ ကြက်သွန်ဖြူနီ ကို ညက်ညက်လေးထောင်းပါ။ ငပိထည့်ပြီး ရင်တော့ ဆီ လဖက်စားဇွန်း တစ်ဇွန်းစာလောက်ထည့်ပါ။

2

ပြီးရင်တော့ အကုန်လုံး ရေသမအောင် လက်အိပ်လေး စွပ်ပြီး နယ်ပေးပါ။

3

အကုန်နယ်ပြီး ပြီဆိုရင် ချက်လို့ ရပါပြီ။ အသားညှီနံ့ပျောက်အောင် လုံးရေလေးနဲ့ ချက်မှာမို့ စစချင်းမှာ ရေမထည့်ပါနဲ့။ အသားထဲက အရည်နဲ့သာ လုံးချက်ကလေး ချက်ရပါတယ်။

4

အသား အရောင်ပြောင်းပြီး အိုးကပ်ခါနီးဖြစ်လာရင် မွှေပေးပါ။ ပြီးရင်တော့ အသား မြှုပ်အောင်ရေထည့်ပြီး မီးအေးအေးနဲ့သာ ချက်ပါ

5

အသားနူးပြီး အရည်ဆမ်းလောက်တဲ့ အနေအထားရောက်ရင် အရသာ အပေါ့အငန်မြည်းပြီး ပင်စိမ်းရွက်လေး အုပ်ပါ။

6

ပင်စိမ်းနံ့ ငရုတ်စိမ်းနံ့ မွှေးမွှေးလေးနဲ့ အရသာ အရမ်းရှိတဲ့ ကြက်သား ငရုတ်သီးစိမ်း ချက်လေးရပါပြီ။ ချက်ရလွယ်ကူပြီး ငါးပိချက်လို အရသာမျိုးမို့ ဟင်းအရည်ကို ဆမ်းပဲစားစား၊ အတို့အမြှုပ်လေးနဲ့ပဲ စားစား ထမင်းမြိန်မှာ အသေအချာပါပဲ။

Credit and Ref : https://bit.ly/2GEGYwh

Ingredients

 ကြက်သား ငရုတ်သီးစိမ်းချက် ချက်တော့မယ်ဆိုရင် လိုအပ်တာတွေကတော့
 ကြက်သား ၃၀သား
 ငါးပိစိမ်းစား ၃ကျပ်သား
 ငရုတ်သီးစိမ်း ၃ကျပ်သား
 ကြက်သွန်ဖြူ အနည်းငယ်
 ကြက်သွန်နီ အနည်းငယ်
 ပင်စိမ်းရွက် အနည်းငယ်တို့ ဖြစ်ပါတယ်။

Directions