ငါးကြင်းပေါင်း

 ငါးကြင်း ၅၀သား(ဗိုက်သား)
 ကြက်သွန်နီ ၁၅ကျပ်သား
 ကြက်သွန်ဖြူ ၅တက်
 ခရမ်းချဉ်သီး ၁၀သား
 ချင်း လက်၂ဆစ်
 စပါးလင် ၁ချောင်
 ရှောက်သီး ဆန်ခြင်ခွက်၁/၂ခွက်(အရည်)
 ငံပြာရည် စားပွဲဇွန်း၄ဇွန်း
 ငရုတ်သီးအစိမ်းမှုန့်
 နနွင်းမှုန့်
 ဆီ
 ဆား
 အသားမှုန့်
1

ငါးကိုအကြေးခွံထိုးပြီး အတုံးလိုက်ရေဆေးပြီးရင် ဆား၊နနွင်း၊အသားမှုန့်၊ငံပြာရည်တို့နဲ့နယ်ပြီး ၁၅မိနစ်ခန့်နှပ်ပါ။

2

ကြက်သွန်နီနဲ့ကြက်သွန်ဖြူကို ညက်အောင်ပြုလုပ်ပါ။ချင်းကိုဓားပြားရိုက်ပါ။စပါးလင်ကိုထုပြီး လက်တစ်ထွာခန့်အရှည်ဖြတ်ထားလိုက်ပါ။

3

ခရမ်းချဉ်သီးကို လေးစိတ်စိတ်ထားပါ။ ရှောက်ရည်ညှစ်ယူထားပါ။

4

ငါးကြင်းဗိုက်သားကအဆီရှိတာကြောင့် ဆီလျော့ပြီးချက်ပေးပါ။ချက်မည့်အိုးကဆီပူရင် ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ချင်း၊စပါးလင်တို့ကိုနနွင်းမှုန့်၊ငရုတ်သီးအစိမ်းမှုန့်တို့နဲ့အတူ ဆီသတ်ပါ။

5

ကြက်သွန်နွမ်းရင် ငါးနဲ့ခရမ်းချဉ်သီးကိုထည့်ပြီး ခပ်သာသာမွှေချက်ပါ။အနံ့မွှေးလာရင် ရှောက်ရည်နဲ့ငါးအရိုးနူးဖို့အတွက် လိုသလောက်ရေထည့်ပြီး မီးနဲနဲနဲ့ မမွှေတော့ဘဲချက်ပေးပါ။

6

အရိုးနူးပြီး ဆီပြန်ကာနီးရင်အရာသာအပေါ့အံမြည်းပါ။ဆီပြန်ရင်ရပါပြီ။

7

အရိုးပါစားလို့ရပြီး မအီတဲ့ငါးကြင်းပေါင်းဟင်းလျာကို အကြိုက်တွေ့ကြမှာပါရှင့်။

Credit and Ref : https://bit.ly/2GEGYwh

Ingredients

 ငါးကြင်း ၅၀သား(ဗိုက်သား)
 ကြက်သွန်နီ ၁၅ကျပ်သား
 ကြက်သွန်ဖြူ ၅တက်
 ခရမ်းချဉ်သီး ၁၀သား
 ချင်း လက်၂ဆစ်
 စပါးလင် ၁ချောင်
 ရှောက်သီး ဆန်ခြင်ခွက်၁/၂ခွက်(အရည်)
 ငံပြာရည် စားပွဲဇွန်း၄ဇွန်း
 ငရုတ်သီးအစိမ်းမှုန့်
 နနွင်းမှုန့်
 ဆီ
 ဆား
 အသားမှုန့်

Directions