ဝက်သားနီချက်

တစ်နေ့ တစ်နေ့ ဘာဟင်းတွေ ချက်ရမလဲ၊ ဘာတွေ စားရင်ကောင်းမလဲ စဉ်းစားနေတဲ့ သူငယ်ချင်းတွေအတွက် အလွယ်ဆုံး၊ အမြန်ဆုံးနှင့် အကောင်းဆုံး ဝက်သားနီချက်လေး ချက်လိုက်ပါ။

 ဝက်သုံးထပ်သား ၁၅ကျပ်သား
 သကြား ထမင်းစားဇွန်း ၁ဇွန်း
 ကြက်သွန်နီအနေတော် ၂လုံး
 ကြက်သွန်ဖြူ ၅မွှာ
 ချင်း အနည်းငယ်
 ငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်း ၁ဇွန်း
 ပဲငံပြာရည်အပျစ် ဇွန်းသေး ၁ဇွန်း
 ကြက်သွန်နီအသေး အနည်းငယ်
 ဆား အနည်းငယ်
 ဆီ အနည်းငယ်
1

ဝက်သားကို သန့်စင်ပြီး အနေတော်အတုံးလေးတွေ တုံးပါ။ ပဲငံပြာရည်အပျစ်၊ ဆား အနည်းငယ်တို့နှင့် အရသာဝင်အောင် နယ်ပါ။

2

ချင်း၊ကြက်သွန်ဖြူ၊နီ၊ငရုတ်သီးအစိမ်းမှုန်တို့ကို အစဉ်လိုက် ထည့်ပြီး ညက်အောင် ထောင်းပါ။ ကြက်သွန်နီအသေး အနည်းငယ်ကို အခွံနွှာပြီး ရေဆေးပါ။

3

ဝက်သားနီချက်အတွက် အရင်ဆုံး သကြားကို သင်းရပါမယ်။ သကြား သင်းတယ်ဆိုတာ အိုးထဲ ဆီအနည်းငယ် ထည့်ပြီး ဆူအောင် တည်ပါ။ ဆူလာလျှင် သကြားထည့်ပြီး နီညိုရောင်သမ်းလာသည်အထိ အသာမွှေပါ။

4

သကြား အားလုံးအရည်ပျော်ပြီး နီညိုရောင်သမ်းလာလျှင် အဆင့်(၁)မှ ဝက်သားတွေကို ထည့်လုံးပါ။ ရေမထည့်ပါနှင့်။ အသာမွှေပါ။

5

ဝက်သားထဲမှ အရည်ခမ်းခါနီးလျှင် ကြက်သွန်ထောင်းတာကို ထည့်ပြီး မွှေပါ။ ကြက်သွန်နှင့် ဝက်သားလုံးပြီး အနံ့မွှေးလာလျှင် ရေနွေး အနည်းငယ်ထည့်ပါ။

6

ရေနွေး ထပ်ထည့်လိုက်၊ ပြန်တည်လိုက်ဖြင့် အသားနူးသည်အထိ ချက်ပါ။ အသားနူးခါနီးလျှင် ကြက်သွန်နီအသေးများကို ထည့်ပါ။ အရသာ စိတ်ကြိုက်ပြင်ပြီး ရေခမ်း အသားနူးပြီဆိုလျှင် ရပါပြီ။

7

သကြား ပိုထည့်လျှင် သေသေချာချာ သင်းရပါမည်။ မဟုတ်လျှင် ဝက်သားတွေ ချိုသွားပါမည်။

Credit and Ref : https://bit.ly/2GEGYwh

Ingredients

 ဝက်သုံးထပ်သား ၁၅ကျပ်သား
 သကြား ထမင်းစားဇွန်း ၁ဇွန်း
 ကြက်သွန်နီအနေတော် ၂လုံး
 ကြက်သွန်ဖြူ ၅မွှာ
 ချင်း အနည်းငယ်
 ငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်း ၁ဇွန်း
 ပဲငံပြာရည်အပျစ် ဇွန်းသေး ၁ဇွန်း
 ကြက်သွန်နီအသေး အနည်းငယ်
 ဆား အနည်းငယ်
 ဆီ အနည်းငယ်

Directions