ရေချိုငါးတန်ဆားနယ် ဆီပြန်
ငါးများကို သန့်စင်ပြီး ရေစစ်သွားရင်ဆားကို စားပွဲဇွန်း၁ဇွန်းခန့်ဖြင့် (အလေးကြိုက်ရင် ပိုထည့်လိုက ထည့်နိုင်ပါတယ်) နှံ့အာင်ဆုပ်နယ်ပေးပါ။ လုံအောင်ထုပ်ပြီး၁ညသိပ်ထားပါ။
ချက်ကာနီးရင် ငါးတစ်တုံးချင်းအလိုက်အသားကိုစုပ်ညှစ်ပြီးရေနဲ့ဆေးပေးပါ။
ကြက်သွန်နီနဲ့ကြက်သွန်ဖြူကိုညက်အောင်လုပ်ပါ။ ခရမ်းချဉ်သီးကိုလည်းညက်အောင်ပြုလုပ်ပေးပါ။
ဆီအိုးပူလာရင်ကြက်သွန်နီ၊ကြက်သွန်ဖြူများကိုနနွင်း၊ငရုတ်သီးအစိမ်းမှုန့်တို့နဲ့ဆီသတ်ပါ။ကြက်သွန်နွမ်းရင်ခရမ်းချဉ်သီးပါထည့်ပြီးဆီထပ်သတ်ပါ
ခရမ်းချဉ်သီးများနွမ်းရင်တော့ ငံပြာရည်ကိုထည့်ပါ။ မွှေးလာပီဆိုရင်ငါးထည့်ပြီးနှပ်ချက်ပါ။ ငါးအရောင်ပြောင်းလာရင် ရေလိုသလောက်သာထည့်ပြီး ငါးကျက်ရင် အရသာမြည်းပြီးငရုတ်သီးစိမ်းနဲ့ နံနံပင်အုပ်လိုက်ပါ။
ကိုယ်တိုင်လုပ်ငါးဆားနယ်ဟင်းလျာလေးကို ခံတွင်းမြိန်ကြမှာပါရှင့်။
Credit and Ref : https://bit.ly/2GEGYwh
Ingredients
Directions