ဆိတ်သားနှပ်

 ဆိတ်သား ပေါင်သား – ၃၀ ကျပ်သား
 သံပရာသီး – ၁ ခြမ်း
 ချင်း – လက်မဝက်အရွယ်
 ကြက်သွန်ဖြူ – ၆ မြွှာ
 ဒိန်ချဉ် – စားပွဲဇွန်း ၂ ဇွန်း (မောက်မောက်)
 ဆား – သင့်ရုံ
 သကြား – အနည်းငယ်
 ငရုတ်သီးအရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
 ငရုတ်သီးအစပ်မှုန့် – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
 နနွင်းမှုန့် – သင့်ရုံ
 ကုလားလေးမဆလာ – ၁ ထုပ်
 ငရုတ်ကောင်းမှုန့် – အနည်းငယ်
 နံနံပင် – ၄ ခက် (ပါးပါးနုပ်နုပ် လှီးထားပါ)
 ပူဒီနာ – ၄ ခက်
 ကြက်သွန်နီကြော် – စားပွဲဇွန်း ၆ ဇွန်း (မောက်မောက်)
 ဆီ – စားပွဲဇွန်း ၅ ဇွန်းခန့်
 ပျဉ်းတော်သိမ်ရွက် – ၁ ခက်
 ကရဝေး – ၃ ရွက်
 သစ်ကြံပိုး – ၁ ခု (၂ လက်မအရွယ်)
 ဖာလာစေ့ – ၄ စေ့
 လေးညှင်းပွင့် – ၄ ပွင့်
 ငရုတ်သီးစိမ်း – ၄ တောင့်
 ငရုတ်ကောင်းစေ့ – ၅ စေ့
1

ဆိတ်သားတုံးများကို ရေဖြင့် ၃ ခါ၊ ၄ ခါ ပြန်ဆေးပြီး ရေစစ်ထားပါ။ သံပရာသီးညှစ်ပြီး သေချာနယ်၍ ၁၅ မိနစ်ခန့် နှပ်ထားပါ။ အချိန်ပြည့်လျှင် ရေဖြင့် ပြန်ဆေးပြီး ရေစစ်ထားပါ။

2

ချင်းနှင့် ကြက်သွန်ဖြူတို့ကို သီးသန့်စီ ညက်အောင် ထောင်းထားပါ။

3

ငရုတ်ကောင်းစေ့ ၅ စေ့ကို ညက်အောင် ထောင်းထားပါ။

4

ငရုတ်သီးစိမ်းကို ညက်အောင် ထောင်းထားပါ။

5

နံနံပင်နှင့် ပူဒီနာရွက်တို့ကို ပါးပါးနုပ်နုပ်လှီးထားပါ။

6

ပျဉ်းတော်သိမ်ရွက်ကို ရေဆေးပြီး ခြွေထားပါ။

7

ဆိတ်သားနှပ်ထားတာ အချိန်ပြည့်လျှင် ပါဝင်ပစ္စည်း ချင်းမှ ပူဒီနာအထိ ထည့်ပြီး အသားနှင့် သေချာနှံ့စပ်စိမ့်ဝင်သွားအောင် နယ်ပေးပါ။ နောက်ဆုံးမှာ ကြက်သွန်နီကြော်ကို ခြေထည့်ပြီး ထပ်နယ်ပေးပါ။ ပြီးလျှင် အဖုံးဖုံးပြီး ရေခဲသေတ္တာအအေးထပ်မှာ ၃ နာရီခန့် နှပ်ထားပါ။

8

ချက်မည့်အိုးထဲ ဆီထည့်ပါ။ ဆီပူလျှင် ပျဉ်းတော်သိမ်ရွက်၊ ကရဝေးရွက်နှင့် သစ်ကြံပိုး ခေါက်တို့ကို ထည့်ပြီး ဆီသတ်ပါ။ ဖာလာစေ့နှင့် လေးညှင်းပွင့်ထည့်ပါ၊

9

ဆီသတ်ဟင်းခတ်များမွှေးလာလျှင် ဆိတ်သားထည့်ပြီး မွှေပေးပါ။ အဖုံးအုပ်ပြီး လုံးချက် ချက်ပါ။

10

ဆီပြန်ပြီး အသားတင်းလာတဲ့အခါ ငရုတ်သီးစိမ်းထောင်းထားတာကို ထည့်၍မွှေပါ။ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်၍ နှပ်ထားပါ။

11

ရေခန်းလျှင် ရေထပ်ထည့်ပြီး သမအောင်မွှေပေးပါ။ အဖုံးအုပ်၍ ဆိတ်သားနူးပြီး ဆီပြန်သည်အထိ မီးအေးအေးနဲ့ နှပ်ပါ။

12

ကြားကာလမှာ ရေခန်းသွားပါက လိုအပ်သလို ထပ်ဖြည့်ပါ။ ဆီပြန်၊ ရေခန်းပြီး အသားနူးလာတဲ့အခါ အရသာကောင်းပြီး မွှေးနေတဲ့ ဆိတ်သားနှပ်ဟင်းက သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Credit and Ref : https://bit.ly/2GEGYwh

Ingredients

Directions