ကြက်ကချင်ချက်

 ကြက် ပေါင်၊ ရင်ဗုံ – ၂တွဲ(အတုံးသေးများ တုံးပါ)
 မျှစ်ချဉ် – ၁ခု (အရှည်ပါးပါးလှီးပါ)
 ကြက်သွန်ဖြူ – ၃မွှာ (ထောင်းထားပါ)
 ဂျင်း – လက်တဆစ် (ထောင်းပြီ အရည်ညှစ်ပါ)
 နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
 ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
 ငရုတ်သီးစိမ်း – ၃-၄ တောင့် (အစပ်ကြိုက်သူများ ၅တောင့်ထိ ထည့်နိုင်သည်)
 နံနံပင် – ၁စည်း (နှုတ်နှုတ်စဉ်းပါ)
 ပင်စိမ်း – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်း)
 ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
 ကြက်သားမှုန့် – စားပွဲတင်ဇွန်း တဝက်
 ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
 ချဉ်စော်ခါးသီးခြောက် – လက်တဆုပ်စာ (၁၀မိနစ်ခန့် ရေစိမ်ထားပါ)
 ဖက်ဖယ်ရွက် – လက်တဆုပ်စာ
 (ချဉ်စော်ခါးသီးခြောက်၊ ဖက်ဖယ်ရွက် သံဈေးတွင် ဝယ်ယူနိုင်သည်)
1

အရင်ဆုံး ကြက်သားတုံးများကို ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်းမှုန့်၊ ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တဝက်) တို့ဖြင့် သမအောင် ရောနုယ်ပြီ ၁၅မိနစ်ခန့် နုပ်ထားပေးပါ။

2

နံနံပင်၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ဖက်ဖယ်ရွက် တို့ကို ဆုံထောင်းဖြင့် ညက်ညက်ထောင်းပေးပါ။

3

ချဉ်စော်ခါးသီး ခြောက်များကို ၁၀မိနစ်ခန့် ရေစိမ်ထားပေးပါ။

4

ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် ငရုတ်သီးမှုန့် ထည့်ပြီ နုပ်ထားသော ကြက်သားများကို ထည့်ကာ ၁မိနစ်ခန့် ရောမွှေပေးပါ။

5

ပြီမှ ချဉ်စော်ခါးသီးစိမ်ထားတဲ့ အရည်(စားပွဲတင်ဇွန်း ၄ဇွန်း)၊ ရေ(၄ခွက်)၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ကာ အဖုံးအုပ်ပြီ ကြက်သား ကျက်သည်အထိ တည်ထားပါ။

6

ကြက်သားကျက်ခါနီးတွင် မြေအိုးထဲ ပြောင်းထည့်ပါ။

7

မျှစ်ချဉ်ထည့်ကာ နောက်ထပ် ၃မိနစ်ခန့် တည်ပေးပါ။ ရေလိုလျှင် ရေထပ်ထည့်ပေးပါ။

8

ကြက်သား ပေါ်ရုံ ရေကျန်လျှင် အရသာ အနေတော် မြည်းကြည့်ပါ။ အပေါ့အငံ အနေတော်လျှင် အပေါ်မှ နံနံပင်၊ ဖက်ဖယ်ရွက်၊ ပင်စိမ်းအုပ်ပေးပြီ မီးပိတ်လိုက်ပါ။

9

အရသာရှိသော ကြက်ကချင်ချက်ကို ထမင်းပူပူလေးဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

Credit and Ref : https://bit.ly/2GEGYwh

Ingredients

Directions