အိန္ဒိယစတိုင် ကြက်သား နှင့် ပဲဟင်းပါ။

 ကြက်ပေါင် – ၄၅၀ ဂရမ် (၁လက်မအရွယ် အတုံးများ တုံးထားပါ)
 မှတ်ချက် ။ ။ မွေးမြူရေးကြက်သားကို အသုံးပြုလျှင် ပိုမိုကောင်းမွန်သည်။
 ကုလားပဲ – ၁၅၀ ဂရမ် (မပြုတ်ခင် ရေနာရီဝက် စိမ်ထားပါ။ ပြီမှ ပဲနူသည်အထိ ပြုတ်ပြီ ပြန်ဆယ်ထားပါ)
 ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စင်းထားပါ)
 ဂျင်းနှစ် (သို့) ဂျင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
 မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
 ဖာလာစေ့ – ၂ခု
 လေညှင်း – ၄ပွင့်
 ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
 ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
 နံနံစေ့မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
 ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
 ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
 နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးထားပါ)
 ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
1

အရင်ဆုံး ဒယ်(သို့) Pressure cooker ထဲ ဆီထည့်ပြီ ဆီပူလျှင် ကြက်သွန်နီ ဆီသပ်ပေးပါ။

2

ထို့နောက် မဆလာ၊ ဖာစေ့၊ လေညှင်း တို့ကို ထည့်မွှေပေးပါ။

3

ပြီမှ ဂျင်းနှစ်၊ ဆနွင်း ထည့်ကာ ဆီသပ်ပါ။

4

ကြက်သား၊ ငရုတ်သီးမှုန့်၊ နံနံစေ့မှုန့်၊ ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပေးပါ။

5

ကြက်သား ရေမြုပ်ရုံ ရေ(၄ခွက်) ထည့်ကာ အဖုံးအုပ်ပြီ ကြက်သား ကျက်သည်အထိ Pressure cooker (သို့) ဒယ်ကို အဖုံးအုပ်ကာ ၁၅မိနစ်ခန့် မီးအတင့်တင့်ဖြင့် တည်ထားပါ။

6

ကြက်သားကျက်ပြီဆိုလျှင်(ပြုတ်ထားသော ပဲ)ကို ကြက်သားဖြင့် ရောကာ နောက်ထပ် ၁၀မိနစ် ထပ်တည်ပေးပါ။

7

အရသာ အနေတော်လျှင် နောက်ဆုံးမှ မဆလာ(လက်ဖက်ရည်ဇွန်း တဝက်)၊ နံနံပင် အုပ်လိုက်ပါ။

8

အရသာရှိပြီ ထမင်းမြိန်စေမယ့် အိန္ဒိယစတိုင ကြက်သား နှင့် ကုလားပဲဟင်းကို သုံးဆောင်နိုင်ပါပြီ…

Credit and Ref : https://bit.ly/2GEGYwh

Ingredients

Directions