ဆိတ်သားဒိန်နှပ်

 ဆိတ်သား(၅၀)သား
 ဒိန်ချဉ်လ္ဘက်ရည်ပန်းကန်လုံးတလုံး
 ကြက်သွန်နီ၁၀လုံးခန့်
 ကြက်သွန်ဖြူတဥ
 ဂျင်းလက်နှစ်ဆစ်
 ဖာလာ၃စေ့
 ဇီယာလှော်ထားတာနဲနဲ
 မဆလာအနဲငယ်
 ပျဉ်းတော်သိမ်(သို့)ဆီသတ်ရွက်တခက်
 ဆီတဆယ်သား
 ငြုပ်စိမ်းမှုန့်
 သံပုရာသီးတလုံး
1

ဆိတ်သားကို သန့်စင်ပီး လိုသလိုတုံး သံပုရာရည်နဲ့နယ်ပါ ဆိတ်သားအရောင်ဖြူတဲ့ထိနယ်ပါ ပီးရင်ရေဆေးပီးစစ်ထားပါ

2

ကြက်သွန်ဖြူဂျင်းဖာလာဇီယာတို့ကိုငြုပ်ဆုံနဲ့ညက်အောင်ထောင်းပါ

3

ရေစစ်ထားသောဆိတ်သားကို ဆား ဆနွင်း ငြုပ်စိမ်းမှုန့် ကြက်သွန်ဖြူဂျင်းဇိယာဖာလာထောင်း မဆလာ ဒိန်ချဉ်တို့နဲ့ရောနယ်ပီးနာရီဝက်ခန့်နှပ်ထားပါ

4

ကြက်သွန်နီကိုပါးပါးလှီးပီး ဆီပူထဲထည့်ကြော် ရလာတဲ့ကြက်သွန်နီကြော်ကိုဆီစစ်ပီး ပန်းကန်တခုထဲအအေးခံထားပါ

5

ကြက်သွန်ကြော်ပီးကျန်တဲ့ဆီနဲ့ ဆိတ်သားဒိန်နှပ်ကို ပျဉ်းတော်သိမ်ဆီသတ်ပီးထည့်လိုက်ပါ

6

ပန်းကန်ကျင်းရေအနဲငယ်သာထည့်ပီးအဖုံးဖုံးထားပါ

7

ရေကုန်ပီး ဆီပြန်လာပီဆို ဆိတ်သားမြှုပ်အောင်ရေထည့်ပီးထပ်တည်ပါ

8

၁၅မိနစ်လောက်ကြာမှ ဆိတ်သားမနူးသေးဘူးဆိုရေထပ်ထည့်ပီးတည်ပါ

9

ရေခမ်းပီးဆိတ်သားနူးခါနီးမှာမှ ကြက်သွန်နီကြော်ကိုသကြားလေးနဲနဲနဲ့ချေပီးဟင်းအိုးထဲဖြူး ရေအနည်းငယ်ထည့်ပီးတည်ပါ

10

ရေအခမ်း ဆိတ်သားနူး ကြက်သွန်နှစ်လေးနဲ့ ဆီပြန်ပီးအရသာရှိတဲ့ဆိတ်သားဒိန်နှပ်ဟင်းလေးကိုစားသုံးလို့ရပါပီရှင်

11

Pressur Cooker နဲ့ချက်ရင်တော့ ဆိတ်သားရေမြှုပ်အောင်ထည့်ပီးမီးဖိုပေါ်တင် မိနစ်၃၀ကြာရင်မီးဖိုပေါ်ကချပီး ကြက်သွန်ကြော်ဖြူး ရေအနည်းငယ်ထပ်ထည့် နောက်ထပ်၁၀မိနစ်တည်ရင် ဆိတ်သားဒိန်နှပ်ရပါပီ။ မီးသွေးမီး လျှပ်စစ်အိုးနဲ့ဆိုရင်တော့ဆိတ်သားပေါ်မူတည်၍ ဒီထက်မကကြာပါတယ်ရှင်

Credit and Ref : https://bit.ly/2GEGYwh

Ingredients

 ဆိတ်သား(၅၀)သား
 ဒိန်ချဉ်လ္ဘက်ရည်ပန်းကန်လုံးတလုံး
 ကြက်သွန်နီ၁၀လုံးခန့်
 ကြက်သွန်ဖြူတဥ
 ဂျင်းလက်နှစ်ဆစ်
 ဖာလာ၃စေ့
 ဇီယာလှော်ထားတာနဲနဲ
 မဆလာအနဲငယ်
 ပျဉ်းတော်သိမ်(သို့)ဆီသတ်ရွက်တခက်
 ဆီတဆယ်သား
 ငြုပ်စိမ်းမှုန့်
 သံပုရာသီးတလုံး

Directions