ပုဇွန်၊ နတ်နတ်သီး ဆလတ်သုပ်

လတ်ဆတ်တဲ့ နတ်နတ်သီး၊ သခွာမွှေး အရသာ နှင့် ပုဇွန်ရဲ့ ချိုစိမ့်တဲ့ အရသာတွေကို ပေါင်းစပ်ထားတာမို့ အရသာစုံပြီ ထူးခြား ကောင်းမွန်တဲ့ အသုပ်တစ်မျိုးပါ။ ထို့ပြင် သံလွင်ဆီကို အသုံးပြုထားတာမို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အသုပ်ဆိုလည်း မမှားပါဘူး။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူသုပ်ကြည့်ရအောင်…

 ပုဇွန် – ၂၄၀ ဂရမ် (၁၅ကျပ်သား၊ အခွံနွှာပြီ ကျောခွဲချေးထုတ်ထားပါ)
 နတ်နတ်သီး – ၁ခွက်စာ (အတုံးလတ်များ တုံးထားပါ)
 သခွာမွှေးသီး – ၁ခွက် (အတုံးလတ်များ တုံးထားပါ)
 ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
 ကြက်သွန်ဖြူ – ၁မွှာ (နှုတ်နှုတ်စဉ်းပါ)
 ဆား – လက်ဖက်ရည်ဇွန်း တဝက်
 ငရုတ်ကောင်းမှုန့် – အနည်းငယ်
 သံလွင်ဆီ – ခွက်တဝက်
 ပင်စိမ်းရွက် – ၁၀ရွက်
1

အရင်ဆုံး ပုဇွန်များကို ဆားဖြင့် ရောနုယ်ပေးပါ။ ပြီမှ ဒယ်ထဲ သံလွင်ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့် ဆီပူလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

2

ပြီနောက်မှ ပုဇွန်များထည့်ပြီ ကျက်သည်အထိ ၂မိနစ်ခန့် မီးအတင့်သင့်ဖြင့် ကြော်ပေးပြီ ပြန်ဆယ်ထားပါ။

3

ပြီနောက် ပုဇွန်ကြော်ထားသော ဒယ်ထဲ နတ်နတ်သီး၊ ခရမ်းချဉ်သီးများကိ ထည့်ပြီ ၁မိနစ်ခန့် ရောကြော်ပေးပါ။

4

ဇောက်ပန်းကန်လုံးထဲ (ပုဇွန်၊ နတ်နတ်သီး၊ ခရမ်းချဉ်သီး၊ သခွာမွှေး၊ ပင်စိမ်း၊ သံလွင်ဆီ(ခွက်တဝက်)၊ ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ငရုတ်ကောင်းမှုန့် တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။

Credit and Ref : https://bit.ly/2GEGYwh

Ingredients

 ပုဇွန် – ၂၄၀ ဂရမ် (၁၅ကျပ်သား၊ အခွံနွှာပြီ ကျောခွဲချေးထုတ်ထားပါ)
 နတ်နတ်သီး – ၁ခွက်စာ (အတုံးလတ်များ တုံးထားပါ)
 သခွာမွှေးသီး – ၁ခွက် (အတုံးလတ်များ တုံးထားပါ)
 ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
 ကြက်သွန်ဖြူ – ၁မွှာ (နှုတ်နှုတ်စဉ်းပါ)
 ဆား – လက်ဖက်ရည်ဇွန်း တဝက်
 ငရုတ်ကောင်းမှုန့် – အနည်းငယ်
 သံလွင်ဆီ – ခွက်တဝက်
 ပင်စိမ်းရွက် – ၁၀ရွက်

Directions