ကြက်တောင်ပံ
ကြက်တောင်ပံကို အရိုးထုပ်ပြီ ဝက်သား အစားသွပ်ကာ ကြော်ထားတဲပ ထိုင်းစတိုင် ချက်နည်းလေးပါ။ ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်ဆင့်ပါ ဖော်ပြပေးထားတာမို့ လုပ်ရလည်း လွယ်မှာပါ။ အချိန်တိုတိုတွင်းမှာပဲ လုပ်စားနိုင်မှာမို့ ချက်နည်းကို ကြည့်ရအောင်…
အရင်ဆုံး ကြက်တောင်ပံ အရိုးရင်း ပတ်ပတ်လည်ရှိ အကြောများကို ဓားဖြင့် ဖြတ်လိုက်ပါ။
ပြီးလျှင် ဓားဖြင့် အသာလေး အောက်သို့ တွန်းသွားလိုက်ပါ။
လက်ဖြင့် ကြက်တောင်ပံ အသားကို အောက်သို့ ဆွဲချလို့ ရတဲ့ အလယ်လောက်ရောက်ရင် လက်ဖြင့် အသာလေး ဆွဲချလိုက်ပါ။ အသားနဲ့ အရိုးသတ်သတ်စီ ဖြစ်သွားတာကို တွေ့ပါလိမ့်မည်။
ထို့နောက် အရိုးကို လက်ဖြင့် အသာလေး ချိုးလိုက်လို့ ရပါပြီ။
အရိုးထုတ်ပြီးသား ကြက်တောင်ပံများကို ရရှိပါပြီ။
ကြက်တောင်ပံများကို ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ခရုဆီ(စားပွဲတင်ဇွန်း တဝက်) ဖြင့် ရောနုယ်ထားပါ။
ထို့နောက် ခွက်တစ်ခုထဲတွင် (ဝက်သား၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်ကောင်း၊ ပဲငံပြာရည်) အားလုံးကို ရောနုယ်လိုက်ပါ။
ပြီမှ အရိုးထုတ်ထားသော ကြက်တောင်ပံထဲသို့ နုယ်ထားသော ဝက်သားများကို အစားသွပ်ပေးပါ။
ပြီနောက် ဒယ်အိုးတစ်ခုထဲ ဆီများများထည့်ကာ ဆီပူလာလျှင် ကြက်တောင်ပံများကို အညှိရောင်သန်းသည်အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။
ကြက်တောင်ပံများရပြီဆိုလျှင် ဆော့အတွက် ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်ခုထဲတွင် ရောနယ်လိုက်ပါ။
ကြက်တောင်ပံကြော်များကို ဆော့ရည်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
Credit and Ref : https://bit.ly/2GEGYwh
Ingredients
Directions