ဗီယက်နမ်မှာ နံမည်ကြီးတဲ့ ငါးပေါင်း

ဗီယက်နမ်မှာ နံမည်ကြီးတဲ့ ငါးပေါင်းပါ။ ဂျင်းနု၊ ပင်စိမ်း၊ စပါးလင် တို့နဲ့ ပေါင်းထားသည်မို့ အနံ့လေး မွှေးပြီ အရသာလည်း ကောင်းမွန်သည်။ အချိန်တိုအတွင်းမှာ လုပ်စားနိုင်သည်။ တူတူလုပ်စားရအောင်…

 ကက်ကတစ်ငါး – ၁ကောင် (၂၀၀ ဂရမ်)
 ဆား – လက်ဖက်ရည်ဇွန်း တဝက်
 ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
 ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
 ကြက်သွန်မြိတ် – ၁စည်း (အရှည်အစောင်းလှီးပါ)
 ဂျင်းနု – ၃၀ ဂရမ်
 ငရုတ်သီးနီ – ၂ထောင့် (ပါးပါးလှီးပါ)
 စပါးလင် – ၁ခု (ပါးပါးလှီးပါ)
 ပင်စိမ်း – ၅ရွက် (နှုတ်နှုတ်စင်းပါ)
 နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
 ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
 သံပရာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
1

အရင်ဆုံး ကက်ကတစ်ငါးကို ကြေးခွံဖယ်ပြီ သန့်စင်အောင် ပြုလုပ်ပါ။

2

ပြီမှ ဓားဖြင့် ငါးတဖက်တချက်ကို မွှန်းပေးပြီ အပေါ်မှ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်ဖြူးပေးပါ။

3

ပြီနောက် ဂျင်းနု၊ ငရုတ်သီးနီ၊ စပါးလင်၊ ကြက်သွန်မြိတ်၊ ပင်စိမ်း၊ နံနံပင်များကို ငါးဖြင့် ရောမွှေပြီ ပေါင်းအိုးဖြင့် ၁၅မိနစ်ခန့် ပေါင်းပေးပါ။

4

ပေါင်းအိုးဖြင့် ပေါင်းပြီလို့ ငါးသားကျက်ပြီဆိုလျှင် အပေါ်မှ ငါးငံပြာရည်၊ သံပရာရည်ကို ရောမွှေပြီ ငါးပေါင်း ပေါ်မှ လောင်းချလိုက်ပြီ အရသာရှိစွာ သုံးဆောင်လို့လို့ရပါပြီ…

Credit and Ref : Wutyee Food House

Ingredients

 ကက်ကတစ်ငါး – ၁ကောင် (၂၀၀ ဂရမ်)
 ဆား – လက်ဖက်ရည်ဇွန်း တဝက်
 ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
 ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
 ကြက်သွန်မြိတ် – ၁စည်း (အရှည်အစောင်းလှီးပါ)
 ဂျင်းနု – ၃၀ ဂရမ်
 ငရုတ်သီးနီ – ၂ထောင့် (ပါးပါးလှီးပါ)
 စပါးလင် – ၁ခု (ပါးပါးလှီးပါ)
 ပင်စိမ်း – ၅ရွက် (နှုတ်နှုတ်စင်းပါ)
 နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
 ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
 သံပရာရည် – စားပွဲတင်ဇွန်း ၁ဇွန်း

Directions