ကိုရီးယားကြက်သားကင်ကြော်

1

ကိုရီးယားကြက်သားကင်ကြော်
-----------------------------------------
ပါဝင်ပစ္စည်းများ
----------------
၁။ ကြက်သား - ၁၅ ကျပ်သား
၂။ ကြက်သွန်နီ - ၁ ဥ (ပါးပါးလှီး)
၃။ အာလူး - ၂လုံး (အခွံချွတ်လှီးထားရန်)
၄။ ကန်စွန်းဥ-၁လုံးရဲ့တစ်ဝက် (အခွံချွတ်လှီးထားရန်)
၅။ ဂေါ်ဖီ - ၃ ဖတ် (မထူ၊ မပါးလှီးထားပါ)
၆။ ပဲဆီ - လက်ဖက်ရည်ဇွန်း ၁ဇွန်း
၇။ မုန်ညင်းဆီ - လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ မုန်လာဥနီ - ၁ တောင့်(အတုံးလေးလှီးပါ)
၉။ ထိုင်ဝမ်မုန်ညင်းရွက် - တစ်ရွက်(လှီးထားပါ)
၁၀။ ကိုရီးယားဟင်းနှစ်ငရုတ်ဆီ- လက်ဖက် ရည်ဇွန်း
(၃၊ ၄ ဇွန်း ခန့်)
၁၁။ ရှောယု(ဂျပန်ငံပြာရည်)-လက်ဖက်ရည်ဇွန်း(၁ဇွန်းခွဲခန့်)
၁၂။ ငရုတ်သီးစိမ်း - ၃ တောင့် (ပါးပါးလှီး)
၁၃။ ကင်ချီ(တို့စားရန်) - အနည်းငယ်

ချက်ပြုတ်ပြင်ဆင်နည်း
----------------------
၁။ ကြက်သားကိုအရိုးထုတ်၍အနေတော်အတုံးလေး
များတုံးပြီး၊ရေသန့်အောင်ဆေးပါ။

၂။ ရေဆေးပြီးသားကြက်သားများကိုကြက်သွန်နီ၊
မုန်လာဥနီ၊ အာလူး၊ ဂေါ်ဖီ၊ ကန်စွန်းဥ၊ အစိမ်းရောင်
လေးသမ်းပြီးလှပစေရန်အတွက်ထိုင်ဝမ်မုန်ညင်း
ရွက်(ကိုရီးယားမှာတော့ ကိုရီးယားကြက်သွန်မြိတ်
ကြီးများသုံးသည်)တို့ထည့်ပါ။

၃။ ထို့နောက် ကိုရီးယား ဟင်းနှစ်ငရုတ်ဆီ ၃၊ ၄ဇွန်းခန့်
(စီးတီးမတ်ဆိုင်များတွင်လည်းဝယ်ယူရရှိနိုင်)
ရှောယု(ဂျပန်ငံပြာရည်၁ဇွန်းခွဲခန့်)၊မုန်ညင်းဆီ
အနည်းငယ်ထည့် ပြီးနယ်ပါ။

၄။ ပြီးလျှင် ကြော်ရန် ဗန်းထဲသို့ ပဲဆီ်ထည့်ပြီး နယ်ထား
သော အစာပလာများနှင့် ကြက်သားကိုထည့်၍ကြော်
ပါ။ ကြက်သားကျက်လောက်ပြီဆိုရင် ငရုတ်သီးစိမ်း
ထည့်ပြီး မွှေပေးပါ။(ကြိုက်တတ်ရင်တော့ တော့ပူကီ
ပါထည့်ချက်နိုင်သည်)

၅။ ထို့နောက် ကြက်သားများကို အတုံးသေးလေးများ
ဖြစ်အောင် ကတ်ကြေးဖြင့် ညှပ်ပြီး ကင်ချီနှင့် အခြား
မိမိနှစ်သက်ရာအချဉ်ဆော့စ်များဖြင့်သော်လည်း
ကောင်း၊ထမင်းဖြင့်သော်လည်းကောင်းတွဲဖက်သုံး
ဆောင်နိုင်ပါပြီ။

Credit : Facebook Shares

Ingredients

Directions