ကိုရီးယား ဂျပန်တိုဖူးဟင်းရည်

1

“[순두부찌개, Sundubu-jjigae, Soft tofu stew] ကိုရီးယား ဂျပန်တိုဖူးဟင်းရည် ”

Korean အစားအသောက်တွေကို ကြိုက်နှစ်သက်တဲ့ K-food loversလေးတို့အတွက် ဒီတစ်ခေါက် ပြောပြပေးမယ့် ဟင်းလျာကတော့ ပဲပြားဟင်းရည်(ပဲပြားကျီဂယ်)ပဲ
ဖြစ်ပါတယ်

ဂျပန်တိုဖူးဟင်းရည်(soontofu Jji Gae) ချက်နည်း

ဝက်သား သို့မဟုတ် ကမာကောင်မရှိလည်း
အိုကေတယ်နော်
ရေခဲသေတ္တာထဲမှာ အသီးအရွက် နည်းနည်းပါးပါးနဲ့ တိုဟူးအပျော့လေးပဲ ရှိရင် ဂျပန်တိုဖူးဂျီဂယ်
လုပ်စားလို့ ရနိုင်ပါတယ်

(ပါဝင်ပစ္စည်း)
ငါးစွတ်ပြုတ်အရည် ၄၀၀မီလီ
ဂျပန်တိုဖူး ၃၀၀ဂရမ်
ကြက်သွန်နီ သုံးပုံတစ်ပုံ
သခွါးဖရုံသီးလေးပုံတစ်ပုံ
ငရုတ်သီး အကြီး ၂တောင့်၃တောင့်
ကြက်သွန်မြိတ် တစ်ဝက်
ကြက်ဥ နှစ်လုံး

(အရသာအတွက် ပါဝင်ပစ္စည်း)
အသီးအရွက်ဆီ ၂ဇွန်း
ငရုတ်သီးမှုန့် ၂ဇွန်း
ငါးပါးနီဆော့စ် ၃ဇွန်း
နုပ်နုပ်ဆင်းထားတဲ့ ကြက်သွန်ဖြူ ၁ဇွန်း
သကြားအနည်းငယ်
ပဲငံပြာရည်
ဆား နဲ့ ငရုတ်ကောင်း
ကြက်ဥ

ပဲပြားကျီဂယ် ရဲ့အခြေခံဖြစ်တဲ့ ငါးစွတ်ပြုတ်အရည်ကို စပြုတ်ပါမယ်
ရေ ၇၀၀မီလီလီတာ လောက်နဲ့ ငါးပါးနီ(ခေါ်) ငါနီးတူး
ကို ကြက်သွန်မြိတ်ဖူးထည့်ပြီး မီးအသင့်အတင့်နဲ့ ၁၀မိနစ်လောက် ပြုတ်ပါ
၄၀၀မီလီလီတာလောက် အရည်ကျန်တဲ့ အထိ ပြုတ်ပါ
ကြက်သွန်နီနဲ့ သခွါးဖရုံးကို စားလို့လွယ်မယ့် အရွယ်လောက် လှီးပြီး ကြက်သွန်မြိတ် နဲ့ ငရုတ်သီးအနီအစိမ်း ကိုတော့ စိပ်စိပ်လေး လှီးပါ
အိုးထဲကို အသီးအရွက်ဆီ စားပွဲတင်ဇွန်း ၂ဇွန်းစာနဲ့ အတူ ကြက်သွန်နီ ကြက်သွန်မြိတ် နဲ့ ငရုတ်သီးအမှုန် ၂ဇွန်းကို ထည့်ပြီး ကြော်လိုက်ပါ
အဲ့လို ကြော်လိုက်ရင် တိုဖူးကျီးဂယ် မှာ လိုအပ်တဲ့ ငရုတ်အဆီကို အလွယ်တကူ ပြုလုပ်နိုင်ပါတယ်
အသီးအရွက်ဆီနဲ့ နှမ်းဆီကို တစ်ဇွန်းဆီ နည်းနည်း ထည့်သလို ၂ဇွန်းလောက် ထည့်လည်း ရပါတယ်
ပြုတ်ထားတဲ့ ငါးစွပ်ပြုတ် ထဲကို အိတုန်အိတုန် နဲံ လှီးထားတဲ့ တိုဖူးလေးတွေနဲ့ ဖရုံသီး အသေးလေးကို ထည့်လိုက်ပါ
အရသာကတော့ ငါးဆော့စ် ရယ် ပဲငံပြာရည် ကပဲ ထိန်းသွားမှာပါ
ငါးဆော့စ် ၃ဇွန်း +ပဲငံပြာရည် ၁ဇွန်း+ ကြက်သွန်ဖြူ နုပ်နုပ်ဆင်း ၁ဇွန်း+ သကြား အနည်းငယ် ထည့်ပေးပါ
သကြားရဲ့ အချိုအရသာကို မကြိုက်ရင် သိပ်မထည့်လည်း ရပါတယ်
တိုဖူးကျီဂယ် ပြုတ်လို့ ပွက်လာတဲ့ချိန်မှာ ကြက်ဥ၂လုံးနဲ့ ငရုတ်သီးကို ထည့်လိုက်ပ
ါနောက်ဆုံး အရသာကတော့ ပါးစပ်အရသာကို လိုက်ပြီး ဆားထည့်ပြီး ငရုတ်ကောင်းလေးလည်း နည်းနည်းလောက် ဖြူးလိုက်ပါ
ကျွန်တော်ကတော့ ဆားတစ်ဇွန်းလောက် ထည့်ပြီး ငရုတ်ကောင်းကို လိုသလို ဖြူးလိုက်ပါတယ်
ဝက်သား သို့မဟုတ် ကမာကောင် ထည့်စားရင် ပိုကောင်းပေမယ့် ကျွန်တော့အမြင်အရတော့ မြင်နေရတဲ့ တိုဖူး အရည်လေးနဲ့
အရည်ထဲမှာ မွေထားတဲ့ ကြက်ဥလေးနဲ့ပဲတင် လွယ်လွယ်ကူကူ အမြန်လုပ်စားလည်း ရတယ်လေ

ဒါဆိုရင်တော့ ပူပူနွေးနွေး တို့ဟူးကျီဂယ် ကို သုံးဆောင်လို့ရပါပြီနော်

Credit : Facebook Shares

Ingredients

Directions