ပုဇွန် ငရုတ်သီးပွ ချိုစပ်ဟင်း

1

ပုဇွန် ငရုတ်သီးပွ ချိုစပ်ဟင်း

ကိုရီးယားစတိုင် ပုဇွန် ငရုတ်သီးပွ ချိုစပ်ဟင်းလေးက ဟင်းလျာသစ် တစ်မျိုးပါ။ ကိုရီးယားမှာတော့ ပုဇွန်အစား ပြည်ကြီးငါးဖြင့် ချက်စားတာ များပါတယ်။ ဒါပေမယ့် ပုဇွန်နှင့် ချက်စားကြည့်တဲ့အခါ ထမင်းလည်း မြိန်ပြီ အရသာ ပိုမိုကောင်းမွန်တာကို တွေ့ရမှာပါ။ သူမှာ ပါတဲ့ ငရုတ်သီးပွ၊ မုန်လာဥနီ ဟင်းရွက်တွေရဲ့ လတ်ဆတ်တဲ့ အရသာရယ်၊ ငရုတ်သီးမှုန့်ကြောင့် စပ်ရှိန်ရှိန် ကိုရီယားအရသာပါ ရရှိမှာပါ။ တူတူလုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

ပုဇွန်ကျား (tiger prawn) ♦ ၁၅ကျပ်သား (အမြီချန်ကာ အခွံနွာထားပေးပါ)
ကြက်သွန်နီ (onion) ♦ ၁လုံး (ပါးပါးလှီးပေးပါ)
ငရုတ်သီးပွအစိမ်း (green pepper) ♦ ၂ခု (အစေ့ထုတ် အရှည်လှီးပါ)
မုန်လာဥနီ (carrot) ♦ ၁ခု (အခွံနွာ အရှည်လှီးပါ)
သံလွင်ဆီ (olive oil) ♦ စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်မြိတ် (spring onion) ♦ ၁စည်း (အရှည် အစောင်းလှီးပါ)

ဆော့တွင် ပါဝင်ပစ္စည်းများ

ပဲငံပြာရည်အကြည် (light soysauce) ♦ စားပွဲတင်ဇွန်း ၂ဇွန်း
ငရုတ်သီးမှုန့် (hot pepper flakes) ♦ စားပွဲတင်ဇွန်း ၂ဇွန်း
သကြား (sugar) ♦ စားပွဲတင်ဇွန်း တဝက်
ဟင်းချက်ဝိုင် (cooking wine) ♦ စားပွဲတင်ဇွန်း ၂ဇွန်း
နှမ်းဆီ (seasame oil) ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် (black pepper) ♦ လက်ဖက်ရည်ဇွန်း တဝက်
နှမ်း (seasame seed) ♦ အနည်းငယ်

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဆော့အတွက် ပါဝင်ပစ္စည်းများဖြစ်သော (ပဲငံပြာရည်၊ ငရုတ်သီးမှုန့်၊ သကြား၊ ဆန်ဝိုင်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်) တို့ကို ခွက်တစ်ခုထဲ ထည့်၍ ရောမွှေထားပါ။

၂။ ပုဇွန်ကျားများကို ကျောခွဲကာ ချေးများ သန့်စင်ပေးပြီ ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း တဝက်) တို့ဖြင့် ရောနုယ်ပေးထားပါ။

၃။ ပြီလျှင် ပန်းကန်ပြားတစ်ခုထဲ ပုဇွန်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ငရုတ်သီးပွ၊ မုန်လာဥနီတို့ကို ပြင်ထားပေးပါ။

၃။ ပြီမှ ဒယ်ထဲသို့ သံလွင်ဆီများ ထည့်ပြီ ပုဇွန်များကို အရင်ထည့် ကြော်ပေးပါ။

၄။ ထို့နောက် ပုဇွန်ရလျှင် ကြက်သွန်နီ၊ ငရုတ်သီးပွ၊ မုန်လာဥနီများကို ရောထည့်ကြော်ပေးပါ။

၅။ ပြီနောက် ဒယ်ထဲသို့ ဆောရည်များကို လောင်းထည့်လိုက်ကာ ဆော့ရည် ပျစ်လာသည်အထိ တည်ထားပေးပြီ မီးပြန်ပိတ်လိုက်ပါ။

၆။ ပုဇွန် ငရုတ်ပွဟင်းပေါ်သို့ နှမ်းလေးများ ဖြူးပေးပြီ ထမင်းနှင့် မြိန်ရှပ်စွာ သုံးဆောင်နိုင်ပါပြီ…

Crd. ဝတ်ရည်

Credit : Facebook Shares

Ingredients

Directions