တော့ဂါလ်ဘီ (Tteok-Galbi ) (or) ကိုရီးယား ဝက်စအုကြော်

1

“အရသာရှိတဲ့ တော့ဂါလ်ဘီ (Tteok-Galbi ) (or) ကိုရီးယား ဝက်စအုကြော် “

အထူးသဖြင့်Holiday မှာ ကိုရီးယားတွေ စားလေ့ရှိတဲ့ (တော့ဂါလ်ဘီ)ဝက်သားတောက်တောက်စဉ်းကို အဝိုင်းတုံးလေးတွေ ကြော်ထားတဲ့ အစားအသောက်တစ်မျိုးရဲ့ ချက်ပြုတ်နည်းကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ် ။ အညွှန်းလေးတွေ တစ်ချက်ကြည့်ပြီး မီးဖိုချောင်ကို အပြေးသွားပြီး ချက်စားလိုက်တော့နော်....

ပါဝင်ပစ္စည်းများ
ဝက်သားတောက်တောက်စဉ်း၂၀၀ဂရမ် ၊ ကြက်သွန်နီ ၁/၄စိတ် ၊ ကြက်သွန်မြိတ် ၁ပင် ၊ ကြက်သွန်ဖြူ ၃မွှာ ၊ နှမ်း ၊ အသီးအရွက် အသေးများ (နှစ်သက်ရာ ပေါက်ကာစ အရွက်ငယ် )၊ canola oil ၂ဇွန်း၊
အနှစ် : ပဲငံပြာရည် ၂ဇွန်း ၊ Oligosaccharide ၁ဇွန်းခွဲ ၊ ဂျင်းရည် ၂ဇွန်း ၊ နှမ်းဆီ ဇွန်းသေး ၁ဇွန်း ၊ ငရုတ်ကောင်း ၁/၂ဇွန်းသေး ၊

ပြုလုပ်နည်း
ဝက်သားကို တောက်တောက် စဉ်းထားမယ် ။
ကြက်သွန်နီ ၊ ကြက်သွန်မြိတ် ၊ ကြက်သွန်ဖြူ တို့ကိုလည်း နူပ်နုပ် စင်းထားပါမယ် ။
အပေါ်မှာ အနှစ်လုပ်ဖို့ ပြောခဲ့တဲ့ ပမာအတိုင်း အကုန်ထည့်ပြီး မွှေပေးပါမယ် ။
ပန်းကန်လုံးထဲကို ဝက်သား နဲ့ လှီးထားတဲ့ ပစ္စည်းတွေကို ထည့်ပြီး အနှစ် တစ်ဝက်လောက်နဲ့ နယ်ပေးပါမယ် ။
ပြီးရင် အဝိုင်းသဏ္ဌာန် ဖော်ထားပါမယ် ။ ပန်းကန်ပြား သို့မဟုတ် လင်ပန်းတစ်ခုထဲမှာ ဒီတိုင်း ထည့်ထားရင် ကပ်ကုန်ပြီး ပုံစံပျက်ကုန်မှာစိုးလို့ တစ်ရှုးလေး ခံပြီး ထားရပါမယ် ။
panထဲကို ဆီ အနည်းငယ် ထည့်ပြီး အသားတုံးဘေးတွေ ထည့်လိုက်ပါ ။ တစ်ဖက်မှာ ကျက်ပြီ ထင်ရင် နောက်တစ်ဖက်ပြန်လှန်ပြီး ခုန ကျန်သေးတဲ့ အနှစ်လေးတွေ အနည်းငယ် သုတ်ပေးပါ ။ နောက်တစ်ဖက်လည်း ကျက်ပြီ ထင်ရင် ပြန်လှန်ပြီး ခုနက လို အနှစ်အနည်းငယ် သုတ်ပေးပါ ။
ကဲ ဒီTteok-Galbiလေးတွေကို ပန်းကန်ထဲ ထည့်ပြီး နှမ်းလေးတွေ ကိုအပေါ်က ဖြူးပေးမယ် ။ အလယ်မှာ အရွက်အသေးလေးတွေ ထည့်မယ် (ပုံပါ အရွက် မရှိလည်း ပူစီနံဖြစ်ဖြစ် နံနံပင်ဖြစ်ဖြစ် ထည့်လို့ရပါတယ် ။) ကဲ ဒါဆိုရင် အရသာရှိစွာ သုံးဆောင်ဖို့ပဲ ကျန်ပါတော့တယ် ။
ဝက်သား ၂၀၀ဂရမ် ကြော်ကိုမှ ၅တုံးပဲ ရပါတယ် ။ လူများများ စားမယ် ဆိုရင်တော့ ပမာဏကို ပိုများများ လုပ်မှ လောက်မယ်ထင်ပါတယ် ။

Credit : Facebook Shares

Ingredients

Directions