ကိုရီးယားရိုးရာ ကွတ်ကီးပြုလုပ်နည်း

1

“[궁중약과 , gungjung-yakgwa, Korean Sweetened cookies] ကိုရီးယားရိုးရာ ကွတ်ကီးပြုလုပ်နည်း”

ကိုရီးယား ရိုးရာ အချိုပွဲ ဖြစ်တဲ့ (약과, Yakgwa)ကွတ်ကီးလေးတွေမှာ ဆိုရင် ပါဝင်ပစ္စည်းတွေ တူကြပေမယ့် ပြုလုပ်တဲ့ နည်းလမ်းကို လိုက်ပြီး အခေါ်အဝေါ်ကွားခြားကြတာဖြစ်ပါတယ် ။
ပျားရည်နဲ့ နှမ်းဆီတို့ဟာ ကိုယ်ခန္တာအတွက် ဆေးလို အကျိုးပြုတာကြောင့် (Yakgwa) ဆေးကွက်ကီးလို့ ခေါ်ကြတာဖြစ်ပါတယ် [ကိုရီးယားလို Yakဆိုတာ ဆေး Gwaဆိုတာ ကွက်ကီး ]။ ဒီလို ကွက်ကီးအများကြီးရှိတဲ့ ထဲကမှ ပန်းပွင့်ပုံစံရှိတဲ့ ကွက်ကီးလေး(궁중약과)ထဲကို ရွှေဖရုံသီး ထည့်ပြီး ပြုလုပ်တဲ့ နည်းလမ်းကို ပြောပြပေးမှာ ဖြစ်ပါတယ် ။
သကြားမပါဝင်သလို အချိုအရသာလည်း မများတဲ့ ကိုရီးယား ရိုးရာရွှေဖရုံသီးကွက်ကီးလေးကို စလိုက်ကြရအောင်နော်..

▶️၁
*ဂျုံ ၁၇၀ဂရမ် ၊ နှမ်းဆီ ၄ဇွန်း ကြီး ၊ဆား ဇွန်းသေးတစ်ဝက် ၊ ငရုတ်ကောင်း အနည်းငယ် ။
————————————————————————
▶️၂
ပေါင်းထားတဲ့ ရွှေဖရုံသီး ၄၀ဂရမ်၊ ဂျင်းရည် ၁.၅ဇွန်း ကြီး၊ ဆန်အရက် (rice cooking wine) ၁.၅ဇွန်းကြီး ၊ ပျားရည် ၃ဇွန်း ကြီး။
————————————————————————
Cooking oil➡️ ကြော်လို့ရမယ့် ပမာဏ

————————————————————————
▶️အိမ်လုပ် အချိုရည် လုပ်နည်း
*grain syrup 3/4 ခွက်
*ရေ ၂ဇွန်း ကြီး
*ပျားရည် ၁.၅ဇွန်း ကြီး
*ကော်ဖီမှုန့် အနည်းငယ်

▶️အပြင်အဆင်
*ထင်းရှုးစေ့ *နှမ်းနက် *ပေါင်းပြီးသား ရွှေဖရုံသီး

⏺ပမာဏအတိုင်းအတာ
၁ခွက် = ၂၀၀ml
၁ဇွန်း ကြီး= ၁၅ml
၁ဇွန်းသေး=၅ml
*ကွက်ကီးလုပ်ဖို့ Frameမရှိရင် အဝိုင်းပုံစံရှိတဲ့ အဖုံးနဲ့ ပြုလုပ်ပါ ။

ပြုလုပ်နည်း
* ပန်းကန်လုံးကြီးထဲမှာ ဂျုံထည့် ဆား ငရုတ်ကောင်း နှမ်းဆီ တို့ကို ပါ ထည့်ပါ သေချာ နယ်ပေးပါတယ် ။ နှမ်းဆီ စိမ့်ဝင်အောင် နယ်ပေးပါမယ် ။
*
Grain syrup ၃/၄ခွက် (၁၅၀ ml) + ရေ၂ဇွန်းကြီး ထည့်ပြီး မီးအနည်းငယ် နဲ့ ခဏ အပူပေးပါ ။အဲ့အချိန်မှာ ပွက်လာရင် ပျားရည် ၂ဇွန်း ထည့်ပြီး ကော်ဖီမှုန့်ကိုပါထည့်ပါ ။
*သတိပြုရမယ့်ဟာ = မပွက်ခင်မှာ မွှေပေးပြီး ပွက်တဲ့ အခါ မွှေမပေးရတာပါ ။
ပေါင်းထားတဲ့ ရွှေဖရုံသီးကို ဇကာညှစ်ထည့်ပြီး ပျားရည် ၃ဇွန်း + ဂျင်းရည် ၁.၅ဇွန်း + အပေါ်က ပြုလုပ်ထားတဲ့ အချိုရာ် ၁.၅ဇွန်း တို့ကို ထည့်ပြီး နယ်ပေးပါမယ် ။
*ဂျင်းရည်ကတော့ မီနီ blenderထဲထည့်ပြီး ရေ အနည်းငယ် ထည့်ပြီး ခဏလှည့်ပေးလိုက်ပြီး ပိတ်စတစ်ခုထဲ ညှစ်ချပါ
*ခုနက နယ်ထားတဲ့ ဂျုံလုံးကို ၁၇ဂရမ် စီ ရှိတဲ့ အလုံးလေးတွေ အဖြစ် ခွဲလိုက်ပါ ။ အဲ့အလေလေးတွေကို cooking oilနဲ့ အနည်းငယ် သုတ်ပေးပါ ။ ပြီးရင် ပန်းပွင့်Frameထဲထည့်ပြီး သွားကြားထိုးတံနဲ့ အပေါက်လေး လေးပေါက် ထိုးပေးပါ။
*ကဲ ပုံစံပေါ်သွားပြီ ဆိုရင်တော့ ၁၅၀ဒီဂရီ ကနေ စထည့်ပြီး ၁၆၀ဒီဂရီ မှာ အညိုရောင်ပြောင်းတဲ့ထိ ကြော်ပေးပါ။
*ကြော်ထားတဲ့ ကွက်ကီးလေးတွေကို ပူနေတဲ့အချိန် အပေါ်မှာ လုပ်ခဲ့တဲ့ အချိုရည် ထဲကို စိမ်ပြီး အချိုအရသာဝင်အောင် လုပ်ပါမယ် ။ပြီးတင် ဇကာ နဲ့ တစ်ခါ ပြန်စစ်ချပြီး ကြိတ်ပြီး သား ထင်းရှုးစေ့လေးတွေ အပေါ်က တင်ပေးပါမယ် ။

ထင်းရှုးစေ့ကို kitchen towerထဲထည့်ပြီး ဓားနဲ့ တောက်တောက် ကြေမွပြီး ပြုလုပ်ထားပါတယ် ။
ခုနက ပေါင်းထားတဲ့ ရွှေဖရုံသီးရဲ့ အခွံကို အလှတင်လို့လည်း ရပါတယ် ။*ရွှေဖရုံသီး ပါဝင်တာကြောင့် အရောင်ရော အရသာရော အာဟာရရော် perfectပါပဲ!!!

Credit : Facebook Shares

Ingredients

Directions