ကိုရီးယား ကန်စွန်းဥနှပ်

1

“ကိုရီးယား ကန်စွန်းဥနှပ်”

ဒီတစ်ခါမှာတော့ အာဟာရပြည့်ဝပြီး ဝိတ်တတ်မှာ ကြောက်တတ်တဲ့ သူတွေအတွက်လည်း အလွန်အဆင်ပြေတဲ့ ကိုရီးယား ကန်စွန်းဥ နှပ်နည်းကို ဝေမျှ ပေးဦးမှာပဲ ဖြစ်ပါတယ်နော်..
ကန်စွန်းဥဆိုတာ ကိုရီးယား ဆောင်းဦးရဲ့ ကိုယ်စားပြု အစားအစာ ....
ဂျိုဆွန်း ခေတ်မှာ ကတည်းက ကန်စွန်းဥဆိုတာ ကြမ်းတမ်းတဲ့ အချိန်တွေကို ကျော်လွှားတဲ့အခါ ခံနိုင်ရည်ရှိဖို့ ဗိုက်ဆာတဲ့ ဒဏ်ကို ကျော်လွှားပေးနိုင်တဲ့ ကျေးဇူးတင်စရာ ကောင်းတဲ့ အစားအစာလို့လည်း ဆိုကြပါတယ် ။
ခုလည်း ကျွန်မတို့အိမ်မှာတော့ အရံဟင်း ဆိုလည်း ဟုတ် ၊ သရေစာဆိုလည်း ဟုတ်... ခုချိန်ထိ လွှမ်းမိုးမှု ကျဆင်းမသွားတဲ့ ချစ်ဖို့ကောင်းတဲ့ အစားအစာတစ်မျိုးပါပဲ...

ခုကနေ စပြီး ပြောတော့မယ်နော်...

ကန်စွန်းဥ ၂လုံး ၊ မုန်လာဥနီ တစ်ခြမ်း ၊ ပဲငံပြာရည် ၂ဇွန်း ၊ ငရုတ်သီးမှုန့် ဇွန်းဝက် ၊ သကြား ၁ဇွန်း ၊ rice syrup ၁ဇွန်း(မရှိရင် corn syrup *မြန်မာမှာတော့ corn syrup ရော် rice syrup ရော ရှားမယ် ထင်ရင် ပျားရည် ထည့်သုံးလည်း ရပါတယ် ) ၊ရေ ၁ခွက် ၊ နှမ်းနက် ၊ သံလွင်ဆီ ၁ဇွန်း ၊ နှမ်းဆီ ၁ဇွန်း...စသည်တို့ ဖြစ်ပါတယ် ။

ပြုလုပ်နည်း
ကန်စွန်းဥကို စင်ကြယ်စွာ ဆေးကြောပြီး အခွံခွါထားပါမယ် ။ အခွံကတော့ ခွါလည်း အဆင်ပြေသလို မခွါလည်း ရပါတယ် ။ အနှစ် နဲ့ တခြားအသီးအရွက်တွေ အားလုံး ပေါင်းရဲ့ ပမာဏ ၅၀၀ဂရမ်လောက်ဆို သင့်တော်ပါပြီ ။ကျွန်မရဲ့ ကန်စွန်းဥ ၃လုံးကြီးပဲရဲ့ အလေးချိန်ကတော့ ၄၀၀နီပါးလောက် ကိုရှိနေပါပြီ။
ကန်စွန်းဥတွေရဲ့ အထူကို မထူမပါး ဝိုင်းဝိုင်းလေးတွေ လှီးမယ် ။
ကန်းစွန်းဥကို အရင်ကြိုပြီး ရေအေးထဲမှာ မိနစ်၃၀စိမ်ပါမယ်နော်။ အညစ်အကြေးတွေ သန့်စင်အောင် လုပ်ပြီးမှ သေသပ်တဲ့ အရသာရှိတဲ့ ကန်စွန်းဥနှပ် လုပ်ပါမယ်နော်
မုန်လာဥနီကိုလည်း အလျဉ်းသင့်သလို လှီးပါမယ် ။
ရေထဲ စိမ်ထားပြီးမှ ဆယ်ပြီး ကန်စွန်းဥ နဲ့ တူတူ cooking oilထည့်ထားတဲ့ အိုးထဲမှာ အရင် ကြော်ပါမယ် ။ ဆီနဲ့ အနည်းငယ် ကြော်ပေးမှ ပဲ့တာ ကြေတာ နည်းတယ်လို့ ဆိုပါတယ် ။ကဲ ခဏလောက် ကြော်ထားပေးပြီး ဆီနဲ့ တစ်သားတည်း ဖြစ်ရင် အိုကေ...
ခဏ ကြော်နေတဲ့အတွင်း အနှစ်ကို ကြိုတင် ပြင်ဆင်ထားပါမယ် ။ ရေနဲ့ အတူ တခြား ပါဝင်ပစ္စည်းအကုန် ထည့်ပြီး မွှေထားပါမယ် ။ အချိုကိုတော့ မိမိစိတ်ကြိုက် ထည့်ပေါ့နော်။
ပဲငံပြာရည် ၂ဇွန်းလောက် ထည့်တယ် ဆိုရင်တော့ အဆင်ပြေတဲ့ အရသာရနိုင်လောက်ပါတယ် ။ နက်ရှိုင်းတဲ့ အရသာကိုပေးနိုင်တာပေါ့လေ။
ကန်စွန်းဥ နဲ့ မုန်လာဥနီ အိုးထဲကို ခုနက နယ်ထားတဲ့ အနှစ်ကို ထည့်ပြီး တည်ထားပါမယ် ။ အနှစ်တွေကို တစ်ခါတည်း အကုန်ထည့်လိုက်မှ နောက်ဆုံးမှာ အရသာညီပြီး စားကောင်းတာပါ။ဒီအချိန်မှာ အဖုံးအုပ်ထားပြီး ရေခမ်းအောင် တည်ရင် ပြီးပြီ ....
ကန်စွန်းဥ ကျက်လာတဲ့ အနေအထားမှာ ပဲ့တာ ကြေတာ မဖြစ်အောင် အတတ်နိုင်ဆုံး မမွှေပါနဲ့နော်...
ကဲ ရေခမ်းတဲ့အထိ အိုးချွေးပြန်တဲ့ အထိ တည်ထားမယ် ။
ပြီးရင်အပေါ်က ငရုတ်သီးမှုန့် ဖြူးထည့်ပါ။....
ကန်စွန်းဥ နှပ်နဲ့ နှမ်းနက်ဆိုတာ နတ်ဖက်တဲ့ စုံတွဲလိုပါပဲ။ ဒါကြောင့် နှမ်းနက်ရော ရိုးရိုး နှမ်းရော အနည်းငယ် ဖြူးလိုက်ပါတယ် ။
အရသာရှိပြီး အာဟာရပြည့် စားလို့ကောင်း တဲ့
ကန်စွန်းဥနှပ်လေးပါ ❤

Credit : Facebook Shares

Ingredients

Directions