ကိုရီးယားရိုးရာ ဆန်ကိတ် ပြုလုပ်နည်း

1

“[송편,Songpyeon, Traditional Korean small rice cakes] ကိုရီးယားရိုးရာ ဆန်ကိတ် ပြုလုပ်နည်း”

ဒီတစ်ခါမှာတော့ Songpyeon(ဆွန်းဖြောင်း) ဆိုတဲ့ ဆန်မှုန့် နဲ့ ပြုလုပ်ထားပြီး ရောင်စုံ လခြမ်းသဏ္ဌန်ရှိတဲ့ ရိုးရာ အစားအစာလေး တစ်ခုကို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ် ။ ဒီ Songpyeonလေးကိုကိုရီးယား ရဲ့ အကြီးမားဆုံးရိုးရာပွဲတော် Chuseok (ကောက်သစ်စားပွဲတော်)မှာ ရိုးရာအစားအစားအဖြစ်စားသုံးလေရှိကြပါတယ် ။ Songpyeon ဟာကိုရီးယားရဲ့ အကြီးမားဆုံး ရိုးရာ ယဉ်ကျေးမှု ပြယုဒ်လို့ ဆိုရင်လည်း မမှားပါဘူး..

လှပတဲ့ Songpyeon လေးကို အရင်ဆုံး မိတ်ဆက်ပေးပါမယ်..
Songpyeon ကို ဆိုရင် ဆောင်းဦးမှာ ရိတ်သိမ်းထားတဲ့ ဆန်မှုန့်ကို နယ်ပြီး အသင့်အတင့်ရှိတဲ့ အရွယ်အစားလေးတွေ လုံးပြီး အထဲမှာ အချိုထည့်.. ပြီးရင် လခြမ်းသဏ္ဌန် လုံးပြီး ပေါင်းပြီး စားသုံးရတဲ့ ရိုးရာအချိုမှုန့်တစ်မျိုးဖြစ်ပါတယ်။

ဒီနေ့တော့ ကောက်ရိတ်ထားတဲ့ ဆန်မှုန့်ကို ရဖို့ မလွယ်တာနဲ့ပဲ ဈေးမှာ ရောင်းတဲ့ ဆန်မှုန့်နဲ့ပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။Songpyeon ထဲမှာ ထည့်တဲ့ အရာတွေကတော့ နှမ်း၊ မြေပဲ ၊ red bean(ပဲနီ ) ၊ Mung Bean(ပဲတီစိမ်း) ၊ သစ်အယ်သီး စသည်တို့ကို သုံးလို့သလို ...ဒီနေ့တော့
နာမည်အကြီးဆုံးဖြစ်တဲ့ နှမ်းကို အသုံးပြုပြီး အတွင်းအချိုရည်ကို လုပ်မှာ ဖြစ်ပါတယ်။ ကဲ ဒါဆိုရင် စလိုက်ကြရအောင်...
၂။ ပါဝင်ပစ္စည်းများကို ပြင်ဆင်မယ်
ပမာဏ တိုင်းတာတဲ့အခါ..
၁ဇွန်းကြီး = ထမင်းစားဇွန်း =၁၅မီလီလီတာ ၊
၁ဇွန်းသေး= လက်ဖက်ရည်ဇွန်း=၅မီလီလီတာ
၁ခွက်=၂၀၀မီလီလီတာ

ပါဝင်ပစ္စည်းများ...

ရိုးရိုးဆန်မှုန့် ၂၀၀ဂရမ် ၊ ရေနွေး ၁၈၀ဂရမ် ၊ ဆား အနည်းငယ်

ရိုးရိုးဆန်မှုန့် ၂၀၀ဂရမ် ၊ ရေနွေး ၁၆၀ဂရမ် ၊ ဆား အနည်းငယ် ၊ (오미자청)(Omijacheong) Schisandra Berries ၊

ရိုးရိုးဆန်မှုန့် ၂၀၀ဂရမ် ၊ ရေနွေး ၁၈၀ဂရမ် ၊ ဆား အနည်းငယ် ၊ (Herbal Powder) ၂ဇွန်းကြီး...

ရိုးရိုးဆန်မှုန့် ၂၀၀ဂရမ် ၊ ရေနွေး ၁၆၀ဂရမ် ၊ ဆား အနည်းငယ် ၊ ပြုတ်ပြီးသား ရွှေဖရုံသီး ၂ဇွန်းကြီး

လှော်ထားတဲ့ နှမ်း ၁/၂ခွက် ၊ ပျားရည် ၄ဇွန်းကြီး၊ မြေပဲလှော် ၂ဇွန်းကြီး၊ သကြား စိတ်ကြိုက်..
.
ဆန်မှုန့် နဲ့ Schisandra Berries juice ၂ဇွန်းကြီး ၊ Herbal ၂ဇွန်းကြီး ၊ ပြုတ်ထားတဲ့ ရွှေဖရုံသီး ၂ဇွန်းကြီး နဲ့ အချိုရည်အတွက်ပါဝင်ပစ္စည်းများ...စသည်တို့ကို ပြင်ဆင်ထားပါမယ်။
စတင် ပြုလုပ်ကြမယ်။
ပန်းကန်တစ်လုံးထဲမှာ နှမ်းလှော် ၁/၂ခွက် ၊ ပျာရည် ၄ဇွန်းကြီး ၊ မြေပဲလှော် ၂ဇွန်းကြီး တို့ကို သေချာ နယ်ပြီး နှမ်းအချိုရည် ထည့်ပါ ။ အချိုရည်ကိုတော့ ကြိုက်သလို ထည့်ပေါ့နော်...
ပြီးရင် သေချာ မွေပေးပါမယ်.. နှမ်းအချိုရည် ဖြစ်ပါတယ်...

အဖြူရောင် Songpyeon မှာ လုပ်မယ့် ပါဝင်ပစ္စည်းတွေအကုန် ရောနယ်ထားပါ ။ ပန်းကန်ထဲမှာ ဆန်မှုန့် ၂၀၀ဂရမ် ၊ ဆား အနည်းငယ် ထည့်ပြီး ရေနွေး ၁၈၀မီလီလီတာ တို့ကို ဖြည်းဖြည်းချင်း လောင်းထည့်ပြီး နယ်ပေးပါ ။ ပြီးရင် ပိတ်စနဲ့ အုပ်ထားပါ ။ ဂျုံလုံးလေး လုံးပြီး ပိတ်စနဲ့ အုပ်ထားပါ...

ဒီတစ်ခါ Schisandra berries juice ထည့်ပြီး ပန်းရောင် Songpyeonကိုပြုလုပ်ပါမယ် ။ ပန်းကန်ထဲမှာ ဆန်မှုန့် ၂၀၀ဂရမ် ၊ ဆား အနည်းငယ် ၊ Berries ၂ဇွန်းကြီး ကို ထည့်ပြီး ရေနွေး ၁၆၀မီလီလီတာ ဖြည်းဖြည်းချင်း လောင်းထည့်ပြီး နယ်ပေးပါ ။ ပြီးရင် ပိတ်စနဲ့ ပြန်အုပ်ပါ။
ခုနလိုပဲ လုံးပြီးသား အလုံးလေးတွေကို ပိတ်စနဲ့ အုပ်ထားပါ..အဝါရောင် နဲ့ အစိမ်းရောင် Songpyeon တို့ကိုလည်း အရင်ကလိုပဲ ဂျုံ နယ်ရပါမယ် ။ အဝါအတွက် ရွှေဖရုံသီးပြုတ်ထည့်ပြီး အစိမ်းအတွက်တော့ Herbal powderကို သုံးပြီး ပြုလုပ်ပါမယ်။
အရောင်စုံ အလုံးလေးတွေ ရလာရင် တစ်လုပ်စာ အဆင်ပြေမယ့် အလုံးသေးသေးလေးတွေ ပြန်လုံးပါမယ် ။
၊ အလုံးသေးသေးလေးတွေ လုံးပြီး အလယ်ကကနေ လက်မနဲ့ အပေါက်ကလေး လုပ်ပြီး ပြုလုပ်ထားတဲ့ အချိုရည်ကို ထည့်လိုက်ပါ ။ မြန်မာ မုန့်လုံး လုံးတာနဲ့ အတူတူပါပဲ...အချို ထည့်ပြီးရင် ပုံထဲက အတိုင်း ဝိုင်းဝိုင်းလေး ပြန်လုံးပြီး လက်ညိုးနဲ့ လက်မလေးနဲ့ လခြမ်းပုံသဏ္ဌာန်ပုံစံလေး လုပ်လိုက်ပါ။
ပြုလုပ်ပြီးသား အလုံးလေးတွေကို ပိတ်စနဲ့ အုပ်ပြီး ပေါင်းအိုးထဲမှာ ထည့်ပြီး မိနစ်၂၀လောက် ပေါင်းပေးထားပါမယ် ။ပေါင်းပြီးတဲ့ ဆွန်းဖြောင်းလေးတွေကို ရေအေးလေးနဲ့ တစ်ခေါက်လောက် စိမ်ပေးထားပါ ။ ပြီးမှာ ပြန်ဆယ်ပြီး ဇကာထဲမှာ ရေစစ်ချမယ် ။ရေစစ်ပြီးပြီ ဆိုမှ နှမ်းဆီ အနည်းငယ် သုတ်ပြီး ပန်းကန်လှလှလေးထဲမှာ ဆွန်းဖြောင်း လေးတွေ လှလှလေး စီရီ ထည့်လိုက်ရင် ရပါတယ် ။
လက်စသတ်လိုက်ကြမယ်...
နှမ်းဆီလေး သုတ်ပေးမှ စိမ့်စိမ့်လေးဖြစ်မှာပါ ။ တစ်လုတ်စားလိုက်တိုင်း ချိုချိုစိမ့်စိမ့် အရသာလေးကို ပေးစွမ်းနိုင်မယ့် Songpyeon ဖြစ်ပါတယ်..
အရသာရှိတဲ့ အစားအစာတွေ အများကြီး စားရလို့ ကောင်းပေမယ့်..တစ်ဖက်မှာတော့ ဝိတ်တွေ အရမ်းတက်လာမှာလည်းစိုးရိမ်ရပါသေးတယ်
..Songpyeon ၆လုံးက ထမင်းတစ်ပန်းကန်နဲ့ ညီမျှတယ်တဲ့လေ.. ဒါကြောင့် Singleton ထဲကို ထည့်ဖို့ အချိုရည်လုပ်တုန်းက Calorieလျော့နိုင်ဖို့ သကြားကို တတ်နိုင်သလောက် နည်းအောင် ထည့်ထားတာပါ။အချိုကြိုက်တဲ့ သူများကတော့ သကြားပိုထည့်နိုင်ပေမယ့် ဝိတ်တက်မတက် ကိုတော့ တာဝန်မယူနိုင်ပါဘူးနော်...

Credit : Facebook Shares

Ingredients

Directions