ကိုရီးယား ဆန်တိုဖူးသုပ်ပြုလုပ်နည်း

1

“ကိုရီးယား ဆန်တိုဖူးသုပ်ပြုလုပ်နည်း”
.
[탕평채, Tangpyeong-chae,Mung Bean Jelly Salad]
.
ဒီတစ်ခါရဲ့ Menuမှာတော့ ခေါက်ရှောက် (ခေါ်) ဆန်တိုဖူး(ခေါ်) ခေါက်ဖွန်း အခေါ်အဝေါ်များစွာရှိပြီးပဲတီစိမ်း ရဲ့ ကစီဓာတ်ကနေ ပြုလုပ်ထားတဲ့ အစားအစာကို ကိုရီးယားစတိုင် သုပ်စားနိုင်မယ့်နည်းလမ်းလေး ပြောပြပေးမှာ ဖြစ်ပါတယ်...

ချက်ပြုတ်ချိန် =မိနစ်၃၀
မီး အနေအထား=အလယ်အလတ်
ဇွန်းကြီး =၁၅ml ,ဇွန်းသေး = ၅ml
ပါဝင်ပစ္စည်းများ....
(၂ယောက်စာ)
ဆန်တိုဖူး ၄၀၀ဂရမ် ၊ ရှီတာကီမှို ၂ပွင့် ၊ နံနံပင် ၅၀ဂရမ် ၊ ပဲပင်ပေါက် ၅၀ဂရမ် ၊ ကြက်ဥ ၁လုံး ၊ ငရုတ်သီးစိမ်း ၁/၂တောင့် ၊ နှမ်း အနည်းငယ်

▶️ဆန်တိုဖူး အရသာနယ်ဖို့ လိုအပ်ပစ္စည်း
(Beak-Seol) 100% နှမ်းဆီ ၂ဇွန်းကြီး၊
ဆား ၊ငရုတ်ကောင်း
▶️အနှစ်တွင်ပါဝင်စ္စည်း
(Baek -seol 100% )သံပုရာရှာလကာရည် ၂ဇွန်းကြီး ၊ ရေ၂ဇွန်းကြီး ၊ (Baek-seol) xylose sugar ၁ဇွန်းကြီး ၊ ဆားအနည်းငယ် ၊ပဲငံပြာရည် ဝ.၅ဇွန်းကြီး

ပြုလုပ်နည်း
၁။ ရှီတာကီမှို ခြေထောက်ပိုင်းကို ဖယ်ထုတ်ပါမယ် ။
၂။ ရှီတာကီမှိုရဲ့ ကြားထဲမှာ ရှိနေတဲ့ ဖုန်တွေကို သေချာ ဖယ်ထုတ်ပါမယ် ။ ပြီးရင် ပါးပါးsliceလှီးထားပါမယ် ။
၃။ ဆန်တိုဖူးကို သန့်စင်အောင် ဆေးပြီး ရေနွေးပွက်ပွက်ထဲမှာ ပြုတ်ပါမယ် ။
၄။ပြီးရင် ရေဇကာနဲ့ စစ်ပြီး Baek seol-100% နှမ်းဆီ ၊ ဆား ငရုတ်ကောင်းတို့နဲ့ နယ်ထားပါမယ် ။
၅။ရေနွေးပွက်ပွက်ထဲမှာ ဆား ထည့်ပြီး နံနံပင်ကို ပြုတ်ပါမယ် ။ ပြုတ်ထားတဲ့ နံနံပင်ကို ရေစစ်ပြီး ၅စင်တီ အရွယ်အစား လှီထားပေးပါမယ် ။
၆။ ပဲပင်ပေါ်ကိုလည်း ရေနွေးပူပူထဲမှာ ပြုတ်ပြီး ရေစစ်ထားပါမယ်။
၇။ ငရုတ်သီးအနီကို အစေ့ထုတ်ပြီး ပါးပါးလှီးပါမယ် ။
၈။ အိုးကျယ်ကျယ်ထဲမှာ ဟင်းချက်ဆီ အနည်းငယ် ထည့်ပြီး ငရုတ်သီး ကိုအရင်ထည့်ကြော်ပါမယ် ။ပြီမှ ဆားအနည်းငယ် ထည့်ပါမယ် ။
၉။ပြီး ရင် အိုးပြားထဲမှာပဲ ဟင်းချက်ဆီ အနည်းငယ်ထည့်ပြီး ရှီတာကီမှိုကိုကြော်ပါမယ် ။ပြီးမှ ဆားအနည်းငယ် ထည့်ပေးပါမယ် ။
၁၀။ ကြက်ဥကို အဝါနဲ့ အဖြူ သက်သက်စီခွဲပြီး သက်သက်စီ ကြော်လိုက်ပါမယ် ။ ကြော်ပြီးရင် အချောင်းပါးပါးလေးတွေ လှီးထာ:ပါမယ်။
၁၁။ ပန်းကန်ထဲကို ဆန်တိုဖူး ၊ နံနံပင် ၊ ပဲပင်ပေါက် ၊ ကြက်ဥ အဝါ ၊ အဖြူ ၊ ရှီတာကီမှို တို့ကို ထည့်ပြီး နယ်လိုက်ပါမယ် ။ ဒီနေရာမှာ ဆန်တိုဖူးတွေ ကွဲမသွားအောင်တော့ သတိပြုပြီး အသာအယာနယ်ပေးပါနော်။
၁၂။ မစားခင်မှာ အပေါ်ဆုံးမှာ ပြောခဲ့တဲ့ ပါဝင်ပစ္စည်းများနဲ့ နယ်ထားတဲ့ အနှစ်ကို အရင် လောင်းချပြီး နယ်ပါမယ် ။ အရသာပေါ့ရင် ဆားထပ်ထည့်ပါမယ်။
၁၃။ ပန်းကန်လှလှလေးမှာ ထည့်ပြီးရင်တော့ အရောင်စုံတဲ့ ရောင်စုံ ဆန်တိုဖူးသုပ်လေးရပါပြီ.....

Credit : Facebook Shares

Ingredients

Directions