အာလူး အိုရှင်းမီ (or) ကိုရီးယား အာလူးစွပ်ပြုတ်

1

“အာလူး အိုရှင်းမီ (or) ကိုရီးယား အာလူးစွပ်ပြုတ်”
.
[감자 옹심이, Gamja-ongsimi, potato dough soup]
.
ပူပူနွေးနွေး ဆွဲလို့ကောင်းမယ့် ကိုရီးယား အာလူးလုံး စွပ်ပြုတ် ဟင်းရည်ကို ဘယ်လိုချက်ရမလဲ ဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်...

အာလူးတွေကို လှီးပြီး ပြုလုပ်ထားတဲ့ စေးစေးကပ်ကပ် အရသာနဲ့ စားလို့ကောင်းတဲ့ ပူပူနွေးနွေး အာလူး အိုရှင်းမီလေးပါ

ပါဝင်ပစ္စည်းများကိုတော့ အောက်ပါအတိုင်း ပြင်ဆင်ပါ….
အာလူး၄လုံး ၊ ကျူးဆိုင် ၊ ရေညှိ အမှုန့် ၊ ကြက်သွန်ဖြူထောင်း ဝ.၃ ဇွန်း(ဇွန်းအကြီး) ၊ ပဲငံပြာရည်(အကျဲ) ၊ နှမ်း ၊ဆား ၊
စွပ်ပြုတ်အတွက်-စွတ်ပြုတ်သုံး ငါးသေးသေးလေး(ငါးနီတူး) ၁၅ကောင်၊ ပင်လယ်ရေညှိမှော်-၁ချပ်(၁၀စင်တီ*၁၀စင်တီ) ၊ ရေ ၅ခွက်ခွဲ

မှတ်ချက် : အပေါ်က ပါဝင်ပစ္စည်းတွေအတွက် ထမင်းစားဇွန်းကိုပဲ သုံးပါမယ်

ပြုလုပ်နည်း
ငါးသေးသေးလေးကို ဗိုက်ထဲ ခါးတဲ့ ကလီစာတွေ အညစ်အကြေးတွေကို ထုတ်ပြီး အိုးထဲမှာ ကြွပ်ကြွပ်လေး ဖြစ်အောင် ကြော်ရပါမယ်။ စွပ်ပြုတ်လုပ်တဲ့ခါ ငါးလေးတွေကို ကြော်ထားမှ ညှီနံ့ မနံ့တာပါ။ ကြွပ်ကြွပ်လေး ကြော်ပြီးပြီ ဆိုရင် ရေ၅ခွက်ခွဲ ထည့် ၊ပင်လယ်ရေညှိလည်း ထည့်ပြီး အလယ်အလတ် မီးနဲ့ ပြုတ်ပါမယ်။
ရေတွေ ပွက်ပြီဆိုရင် အရင်ဆုံး ပင်လယ်ရေညှိမှော်ဖတ်ကို ထုတ်ပါမယ်။ (ရေညှိမှော်ဟည အကြာကြီး ပြုတ်ရင် အနံ့ထွက်တာကြောင့် ရေပွက်တာနဲ့ ချက်ချင်း ထုတ်ပစ်တာပါ)
ပြီးရင် မီးလျော့ပြီး ၁၀မိနစ်လောက် ပြုတ်ပေးပါ။ ပြီးတဲ့ခါ မီးပိတ်ပြီး ငါးသေးသေးလေးတွေပါ ထုတ်ပစ်ပါမယ်။
ဒီလိုမျိုး အရင်ဆုံး ငါနီးတူး ဟင်းရည်ကို အရင်ပြုလုပ်ပါမယ်။အာလူးကိုတော့ အခွံနွှာပြီး ရေများများနဲ့ စင်ကြယ်အောင် ဆေးရပါမယ်။ပြီးရင် သင်္ဘောသီးခြစ်တဲ့ အခြစ်နဲ့ ခြစ်ချပါမယ်။ခြစ်ထားတဲ့ အာလူးတွေကို အဝတ်စ တစ်ခုထဲကို ထည့်ပြီး ရေစစ်ချပါမယ်(လက်နဲ့ ညှပ်ချပြီး အာလုံးတွေကို
ကျေအောင် လုပ်ပါ)ချေထားပြီးsmashလုပ်ပြီး အိုးကျယ်ကျယ်ထဲ ထည့်ပြီး အာလူးထဲက ထွက်လာတဲ့ ရေခဏ ထားပြီး အနည်ထိုင်လာအောင် လုပ်ပါမယ်။
အနည်ထိုင်နေတဲ့ အတွင်း အပြင်အဆင်အတွက် သုံးမယ့် ပစ္စည်းတွေကို ပြင်ဆင်မယ်!!!!
ကျူးဆိုင်ကိုတော့ ၁cmလောက် လှီးပြီး ရေညှိဖတ်ကိုတော့ အနည်းငယ် ကင်လိုက်ပါ။အနည်တွေ အကုန်ထိုင်ပြီဆိုရင် အပေါ်ယံရေတွေကို သပ်သပ်ဖယ်ပစ်ပြီး….

ရေစစ်ထားတဲ့ ချေထားတဲ့ အာလူးထဲကို ခုနကထွက်လာတဲ့ အနည်တွေကို ထည့်ပြီး ဆား အနည်းငယ် ထည့်ပြီး သေချာမွှေပေးပါ။ပြီးရင် အလုံးလေးတွေ လုံးလုပ်ပါမယ်။
ခုနက လုပ်ထားတဲ့ ငါးအရည်တွေ ပွက်ပွက်ဆူပြီ ဆိုရင် အိုရှင်မီးလေးတွေကို ထည့်ပါ

အလုံးလေးတွေ တက်လာပြီဆိုရင် (အလုံးလေးတွေ ရေပေါ်တက်လာပြီ ဆိုရင် အဲ့တာကျက်တာပါ)
ကြက်သွန်ဖြူထောင်း ၁/၃ဇွန်း ၊ထည့်ပြီး ….ပဲငံပြာရည် (အကျဲ)ကိုတော့ ပါးစပ်အကြိုက်လိုက်ပြီး ထည့်ပါမယ်...
ပန်းကန်ထဲကို ထည့်ပြီးပြီ ဆိုရင်…
ကျူးဆိုင် ၊ရေညှိ (ချေထားတဲ့ဟာ) နှမ်းတို့ကို အပေါ်က ဖြူးပါမယ်…..အာလူး အလုံးလေးတွေကို အကြီးကြီး လုံးရင် ကျက်တဲ့အချိန်ပိုကြာနိုင်ပါတယ်။ ….
စားတဲ့ အခါမှာလည်း အရမ်းလည်း အကြာကြီး ပူနေလို့ စားရနိုင်တာမလို့ သေးသေးလေးတွေ လုံးတာ ကောင်းပါတယ်
အာလူးလုံး ရဲ့ စေးကပ်ကပ် အရသာက တကယ့်ဆွဲဆောင်မှုတစ်ခုပါပဲ။ နေ့လည်စာ စားခါနီးမှ တစ်ခဏလောက် ပွက်ပွက် တည်လိုက်တာနဲ့ Yum Yum...ဖြစ်သွားမှာပါနော်

Credit : Facebook Shares

Ingredients

Directions