ကိုရီးယား ကြက်သားအစပ်ဟင်း

1

ကိုရီးယား ကြက်သားအစပ်ဟင်း

ဒါကတော့ အစပ်ကြိုက်သူများအတွက် ကိုရီးယား ကြက်သားအစပ်ဟင်းလေးပါ။ လုပ်ရလည်း လွယ်ပြီ အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်ပါတယ်။ အရသာကလည်း ခရမ်းချဉ်သီးဆော့နှင့် ဗီနီကာတို့ကြောင့် ချဉ်တဲ့ အရသာရယ်၊ ကိုရီးယားငရုတ်သီးနှစ်ရဲ့ အစပ်အရသာရယ်တွေကို ပေါင်းစပ်ထားတာပါ။ ကြက်ရင်ဗုံသားကိုလည်း ကြွပ်ရွနေအောင် ကြော်ထားပြီမှ ဆော့အစပ်လေးနှင့် တွဲဖက်ထားတဲ့ ဟင်းလျာတမျိုးပါ။ ထို့ပြင် တချို့က ကြက်ရင်ဗုံသားမဟုတ်ပဲ ကြက်ရဲ့အစိတ်အပိုင်းဖြစ်တဲ့ (ပေါင်၊ ရင်ဗုံ၊ တောင်ပံ)တို့နှင့် ဒီဟင်းလျာကို ချက်ပြုတ်တာလည်း ရှိပါတယ်။ သို့သော် ချက်နည်းကတော့ တူတူပဲမို့ ကိုယ်ကြိုက်နှစ်သက်သလို လုပ်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်ရင်ဗုံသား [chicken breast] ♦ ၂၀ကျပ်သား (ပါးပါးစောင်းလှီးပါ)
မှတ်ချက် ။ ။ ကြက်ရင်ဗုံသားအစား ကြက်ပေါင်၊ တောင်ပံတို့ကိုလည်း အတုံးကြီးများ တုံး၍ချက်နိုင်သည်။
ငရုတ်ကောင်းမှုန့် [black pepper] ♦ စားပွဲတင်ဇွန်း တဝက်
ကော်မှုန့် [corn flour] ♦ ဆန်ချိန်ခွက် တဝက်
ဂျုံမှုန့် [flour] ♦ ဆန်ချိန်ခွက် ၃ပုံ၁ပုံ

ဆန်မှုန့် [sweet rice flour] ♦ ဆန်ချိန်ခွက် ၃ပုံ၁ပုံ
ဆိုဒါ [soda] ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်ဥ [egg] ♦ ၁လုံး
ဆား [salt] ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
ခနေ ကြက်သားမှုန့် [chicken powder] ♦ လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
သကြား [sugar] ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆော့လုပ်ရန် ပါဝင်ပစ္စည်းများ

ခရမ်းချဉ်သီးဆော့ [tomato ketcup] ♦ စားပွဲတင်ဇွန်း ၄ဇွန်း
ကိုရီးယားငရုတ်သီးအနှစ် [hot pepper paste] ♦ စားပွဲတင်ဇွန်း ၄ဇွန်း
ဗီနီကာ [vinegar] ♦ စားပွဲတင်ဇွန်း ၁ဇွန်း
ကြက်သွန်ဖြူ [garlic] ♦ ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်မြိတ် [spring onion] ♦ အနည်းငယ် (ပါးပါးလှီးပါ)

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ပါးပါးလှီးထားသော ကြက်သားများကို (ဆား၊ ကြက်သားမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်၊ ဂျုံမှုန့်၊ ဆန်မှုန့်၊ ဆိုဒါ၊ ကြက်ဥ) တို့ဖြင့် သမအောင်ရော မွှေလိုက်ပါ။

၂။ ပြီလျှင် ဒယ်ထဲသို့ ဆီများများ ထည့်ပြီ ဆီပူလာလျှင် နုယ်ထားသော ကြက်သားများကို အညှိရောင်သန်းလာသည်အထိ ကြော်ပေးပါ။

၃။ အညှိရောင်သန်းလာလျှင် ကြက်သားများကို ပန်းကန်တစ်ခုထဲသို့ ပြန်ဖယ်ထားပေးပါ။

မှတ်ချက် ။ ။ ကြက်သားများကို နှစ်ခါပြန်ကြော်ပါက ပိုမိုကြွပ်ရွပါသည်။

၄။ ကြော်ပြီလျှင် ဆော့ပြုလုပ်ပါမည်။ ဆော့အတွက် ပါဝင်ပစ္စည်းများ ဖြစ်သော (ခရမ်းချဉ်သီးဆော့၊ ငရုတ်သီးအနှစ်၊ ဗီနီကာ) တို့ကို သမအောင် ရောမွှေလိုက်ပါ။

၅။ ပြီလျှင် ဒယ်ထဲသို့ ဆော့ရည်များ ထည့်ပြီ မီးနည်းနည်းဖြင့် ၁မိနစ်ခန့် တည်ထားပါ။

၆။ ပြီမှ ကြက်သားများကို လောင်းထည့်လိုက်ပါ။ ကြက်သားနှင့် ဆော့များ လုံးသွားအောင် ရောမွှေပေးပြီ မီးပြန်ပိတ်လိုက်ပါ။

၆။ ကြက်သားအစပ်ဟင်းပေါ်သို့ နှမ်း၊ ကြက်သွန်မြိတ်လေးများ ဖြူးပြီ ပူပူလေး သုံးဆောင်နိုင်ပါပြီ…

Tips: ဆော့ကို မီးနှင့်တည်ရာတွင် မတူးပါစေနှင့်၊ မီးနည်းနည်းဖြင့် ခေတ္တမျှတည်ပေးပါ။

———————————————————————————————————————–

Crd. ဝတ်ရည်

Credit : Facebook Shares

Ingredients

Directions