ကိုရီးယားစတိုင် ကင်းမွန် အစပ်ကြော်

1

[오징어볶음, Ojingeo-Bokkeum,Spicy Stir Fried Squid] ကိုရီးယားစတိုင် ကင်းမွန် အစပ်ကြော်”

ဒီတစ်ခါတော့ ပင်လယ်စာ ကြိုက်နှစ်သက်သူတို့အတွက် ကိုရီးယားစတိုင် ကင်းမွန် အစပ်ကြော် နည်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ရေခဲ သေတ္တာထဲမှာ ရှိတဲ့ အသီးအရွက်တွေ မြန်မြန်လှီးပြီး ထည့်လိုက်တော့ ပိုလှ ပိုအရသာရှိပေါ့...
ကဲ ဒါဆို စလိုက်ကြရအောင်!!
တကယ့်အရေးကြီးတဲ့ အနှစ်ကနေ စပြီး လုပ်ကြည့်ကြမယ်နော်။

ကင်းမွန် ၁ကောင် အတွက် ထည့်ရမယ့် အနှစ်ပါဝင်ပစ္စည်းများ ဖြစ်ပါတယ် ။
ပဲငံပြာရည် ၂ဇွန်း + ငရုတ်သီးအနှစ် ခပ်များများ ဇွန်းကြီး ၁ဇွန်း + ငရုတ်သီးမှုန့် ၂ဇွန်း + သကြား ၁~၁.၅ဇွန်း + ကြက်သွန်ဖြူ နုပ်နုပ်စင်း ၁ဇွန်း + ဆန်အရက် ၁ဇွန်း + ငရုတ်ကောင်းအနည်းငယ်
အသီးအရွက်ကိုတွေရော ပါဝင်ဦးမှာ မလို့ အနှစ်ကို များများ လုပ်ရတာ ဖြစ်ပါတယ် ။ အသီးအရွက် မထည့်မယ့် သူများကတော့ ဒီပမာဏထက် နည်းလုပ်ပါလို့ အကြံပေးပါရစေ။
ခုနက ပါဝင်ပစ္စည်းတွေ အကုန်ထည့်ပြီး အနှစ်ကို အရင်နယ်ပါမယ် ။
ကင်းမွန်ကို အရင်ဆုံး စားဖို့ အဆင်ပြေမယ့် အရွယ်အစားလေးတွေလောက် ဓါးရာပေးပြီး လှီးပါမယ် ။
ဓါးရာမပေးဘဲ တစ်ခါတည်းလှီးလည်းရပါတယ် ။ ဓါးရာပေးရတယ် ဆိုတာ ကြားထဲကို အရသာဝင်နိုင်အောင်လို့ပါ။လှီးထားတဲ့ ကင်းမွန်လေးတွေကို အနှစ်နဲ့ နယ်ပေးပါမယ် ။
နယ်ပြီး ခဏ အအေးခန်းထဲ သိမ်းထားရင်တော့ ကြော်တဲ့အခါ ပိုစားလို့ ကောင်းတာပေါ့နော် ။ အလုပ်ရှုပ်နေတယ် ဆိုရင်တော့ တစ်ခါတည်း ကြော်လို့လည်းရပါတယ် ။
ကြက်သွန်မြိတ်(အကြီးစား) ၊ ကြက်သွန်နီ ၊ သခွါးဖရုံ ၊ ဂေါ်ဖီထုပ် စသည်တို့ကို ခပ်ထူထူ လှီးထားပါမယ် ။ ပါးရင် တူးလွယ်လို့ပါ။ဆီးအနည်းငယ် သုတ်ပြီး ကြက်သွန်မြိတ်ကနေ စကြော်ပါမယ်
ကြက်သွန်နီ နဲ့ ဂေါ်ဖီထုပ်ကို မီးပြင်းပြင်းနဲ့ ထည့်ကြော်မယ်
ဒီနေရာမှာ ခုနက နယ်ထားတဲ့ ကင်းမွန် နဲ့ သခွါးဖရုံ မုန်လာဥနီ တို့ကိုပါ ထည့်ပြီး ကြော်ပါတယ်။
မီးပြင်းပြင်းနဲ့ ကြော်ပေးပါ။ ဒါမှ ရေမထွက်အောင်ပါ ။ အကယ်၍ တူးချင်နေပြီ ဆိုရင်တော့ မီးအလယ်အလတ်ကို လျော့ချလိုက်ပြီး ရေအနည်းငယ် ထည့်ပေးပါ ။ ပြီးရင်တော့ မီးအပြင်း နဲ့ မီး အလယ် ကြားထဲက အခြေအနေလောက်နဲ့ ကြော်ပေးပေါ့နော့်
နောက်ဆုံးမှာ နှမ်းဆီ ၁ဇွန်း ၊ နှမ်း တို့ကိုထည့်ပြီး လက်စသတ်မယ် ။
စပ်စပ်လေး စားချင်တယ် ဆိုရင်တော့ ငရုတ်သီးစိမ်း ၁~၂တော့လောက် စောင်းစောင်းလှီးပြီး ထည့်လိုက်ပါ ။ ငရုတ်သီးအနှစ် သို့ ငရုတ်သီးမှုန့် ကို ပိုစ့ပ်အောင် ထည့်မယ်ဆိုရင် ပိုပိုစပ်တဲ့ အရသာကို ခံစားနိုင်ပါတယ် ။
လက်စသတ်ပြီးရင် ပန်းကန်ထဲ ထည့်ပြီး စားလို့းပါပြီ!!! လှီးရတဲ့ နေရာမှာပဲ အချိန်ကြာတာပါ ကြော်တာကတော့ ခဏလေးရယ် !!!
မီးပြင်းပြင်းနဲ့ ကြော်လိုက်ရင်ဆို တကယ့်ကို
ခဏလေး~~ ကင်းမွန်ဆိုတာ အရမ်းအကြာကြီး ကြော်ဖို့လည်း မလိုတာကြောင့် ဖြစ်နိုင်ရင် မြန်မြန်သာကြော်ပြီးလက်စသတ်ပေးလိုက်ပါ~~~ရေမထွက်အောင်လည်း မြန်မြန်ကြော်ပေးရမယ် ။ အနှစ်ကို အရင်ပြင်ဆင်ထားပြီး ကင်းမွန်နဲ့ နယ်လိုက်ရင် ပိုလွယ်ကူသလို အချိန်လည်းပိုမြန်ပါတယ် ။
ခုလိုပြောပြထားတဲ့ ဟင်းလေးကို ချက်စားပြီး စိတ်ဖိစီးမှုတွေ အနည်းငယ်လောက်တော့ ဖြေဖျောက်နိုင်ဖို့ မျှော်လင့်ပါတယ် ..... ဒီလို စိတ်ကျဉ်းကျပ်စရာ နေ့ရက်တွေလည်း အမြန်ဆုံးကုန်နိုင်ဖို့ မျှော်လင့်ရင်း.....
အားလုံးပဲ Fighting!!!!

Credit : Facebook Shares

Ingredients

Directions