Korea ပျားရည်ခေါက်ဆွဲအအေးသုပ်

1

Korea ပျားရည်ခေါက်ဆွဲအအေးသုပ်
-----------------------------
ခေါက်ဆွဲအအေးသုပ်ဆိုတဲ့အတိုင်း
ရေနွေးနဲ့ပြုတ်ထားတဲ့ ဆိုဘာခေါက်ဆွဲခြောက်ကို
အအေးခံပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားရပါတယ်။
ပင်လယ်စာနဲ့သုပ်မှာဖြစ်လို့
(ပုစွန်၊ ငါး၊ကင်းမွန်)များကိုကျက်သည်အထိကြော်ပါ။
အသုပ်သုပ်ရင် အချဉ်ရည်နှစ်က မဖြစ်မနေပါတာမို့အအေးခံထားတဲ့ခေါက်ဆွဲ၊ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တို့နဲ့
အားလုံးရောနယ်ပြီး နှမ်း၊ နံနံပင်များဖြူး၍ပျားရည်ခေါက်ဆွဲအအေးသုပ်ကိုအရသာရှိရှိသုံးဆောင်လို့ရပါပြီ။

ပါဝင်ပစ္စည်း
-----------
• ဆိုဘာခေါက်ဆွဲခြောက် - သုံးပုံတစ်ပုံ
• ဆလတ်ရွက် - ၁ ရွက်(နုပ်နုပ်စဉ်း)
• သခွားသီး - သုံးပုံတစ်ပုံ (အရှည်ပါးပါးလေးလှီး)
• မုန်လာဥနီ - သုံးပုံတစ်ပုံ (အရှည်ပါးပါးလေးလှီး)
• နံနံပင် - စားပွဲဇွန်း၁-ဇွန်း (နုပ်နုပ်စဉ်း )
• နှမ်း - စားပွဲဇွန်းတစ်ဇွန်း
• ပုစွန် - ၃ ကောင်(အတုံးလေးများ)
• ငါး - ၅ ကောင်(အတုံးလေးများ)
• ကင်းမွန် - ၅ကောင် (အတုံးလေးများ)

ဟင်းသီးဟင်းရွက်သုပ်အတွက် အချဉ်ရည်အနှစ်
-----------------------------------------------
• ပျားရည် - စားပွဲဇွန်း (၁)ဇွန်း
• ဆန်ဗနီကာ - လက်ဖက်ရည်ဇွန်း(၂)ဇွန်း
• ပဲငံပြာရည် - လက်ဖက်ရည်ဇွန်း (၂)ဇွန်း
• နှမ်းဆီ - လက်ဖက်ရည်ဇွန်း (၃)ဇွန်း
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း (၂)ဇွန်း

ပြုလုပ်ပြင်ဆင်ပုံ
-----------------
(၁) ပထမဦးစွာ ပွက်ပွက်ဆူနေသော ရေနွေးထဲတွင်
(ဆိုဘာခေါက်ဆွဲခြောက်)များကိုထည့်၍ ပြုတ်ပါ။

(၂) ခေါက်ဆွဲများရလျှင် ရေဆေး၍
အအေးခံထားပါ။ ၅-မိနစ်လောက်နေလျှင်
ရေခဲသေတ္တာထဲထည့်ထားပါ။

(၃) Seafood (ပုစွန်၊ ငါး၊ ကင်းမွန်)များကို
ဒယ်အိုးထဲတွင်ဆီအနည်းငယ်ထည့်၍
ကျက်သည်အထိကြော်ပါ။

(၄) အသုပ်သုပ်ရန် အနှစ်တွင်ပါဝင်သောပစ္စည်းများ
အားလုံးကို ခွက်တစ်ခုထဲတွင် ရောထည့်၍ သမအောင်မွှေပါ။

(၅) ထို့နောက် အအေးခံထားသော ခေါက်ဆွဲ၊
မုန်လာဥနီ၊ သခွားသီး၊ ဆလတ်ရွက်နှင့် ပင်လယ်စာတို့ကို
အသုပ်သုပ်ရန် ပြုလုပ်ထားသည့်အနှစ်ဖြင့်ရောနယ်ပါ။

(၆) အပေါ်မှ နှမ်းနှင့် နုပ်နုပ်စဉ်းထားသော
နံနံပင်များဖြူးလိုက်ပါ။

(၇) ထူးခြားသော korea ပျားရည်ခေါက်ဆွဲအအေးသုပ်ရရှိပါပြီ။

. Crd. ချယ်ရီ

Credit : Facebook Shares

Ingredients

Directions