ကိုရီးယားဆန်မုန့်ချောင်း ဝက်သားပြားနှင့် လျှာပူလျှာပူဟင်းရည်

1

ကိုရီးယားဆန်မုန့်ချောင်း ဝက်သားပြားနှင့် လျှာပူလျှာပူူဟင်းရည်
(Rice Cake & Pork Shabu Shabu Soup)
........................................
မိုးအေးတဲ့နေ့လေးမှာ ဒီလို အရည်သောက်ဟင်းတစ်ခွက်သာရှိမယ်ဆိုရင် အရမ်းပြည့်စုံသွားမှာပါ။ မိုးအေးအေးနဲ့ ပျင်းပျင်းရှိတဲ့ နေ့မှာ ရင်ထဲနွေးထွေးသွားစေပြီး စိတ်ထဲလန်းသွားစေမယ့် ဆန်မုန့်ဟင်းရည်သောက်ကို ချက်စားကြည့်လိုက်နော် . . . ။

ပါဝင်ပစ္စည်းများ
...................
- ဆန်မုန့်ချောင်း - ၁ ခွက်
- ဝက်သား - ၁၇ဝ ဂရမ်
(ပါးပါးအပြားလိုက်လေးလှီးထားပါ)
- တရုတ်မုန်ညှင်းထုပ် - ၂ ထုပ် (ခေါင်းလှီးထားပါ)
- ကြက်သွန်မြိတ် - ၂ ပင်
(ခပ်သေးသေးပါးပါးလေးတွေလှီးထားပါ)
- ရွှေအပ်မှို - ၂၂၅ ဂရမ်
(အမြစ်ပိုင်းကို လှီးထုတ်ထားပါ)
- ပဲပင်ပေါက် - ၁ ခွက်
- လျှာပူလျှာပူအရည် - ခွက် တစ်ဝက်
- ဝက်ရိုးပြုတ်ရည် - ၄ ခွက်
- ငရုတ်ကောင်းမှုန့် - အနည်းငယ်
- ဆား - အနည်းငယ်

ပြုလုပ်နည်း
.................
၁။ အိုးအကြီးထဲ ဝက်ရိုးပြုတ်ရည်နှင့် လျှာပူလျှာပူအရည်များထည့်ပြီး ဆူအောင်တည်ပါ။ အရည်ဆူလျှင် ဝက်သားပြားနှင့် ဆန်မုန့် ချောင်းလေးများထည့်ပြီး ၅-၈ မိနစ်လောက် (သို့) ဆန်မုန့် ချောင်းလေးများ အနည်းငယ်ပျော့အိတဲ့အထိတည်ပါ။
၂။ မီးလျော့ပါ။ ကျန်ပါဝင်ပစ္စည်းများ မုန်ညှင်းထုပ်၊ ရွှေအပ်မှို၊ ပဲပင် ပေါက်များထည့်ပြီး အနည်းငယ်နွမ်းတဲ့အထိတည်ပါ။ အသီး အရွက်များ အနည်းငယ်နွမ်းလျှင် ကြက်သွန်မြိတ်ဖြူးပါ။ ဆား မြည်းပြီး လိုတာကိုယ့်စိတ်ကြိုက်ထပ်ဖြည့်နိုင်ပါတယ်။ ပူပူလေး သုံးဆောင်လျှင် ပိုကောင်းပါတယ်။

မှတ်ချက်- အသားကို ကိုယ်ကြိုက်နှစ်သက်ရာအသားဖြင့် ပြောင်း လွဲသုံးဆောင်နိုင်ပါတယ်။ ဝက်ရိုးပြုတ်ရည်မှာလည်း ကြက်ရိုးပြုတ်ရည်၊ အမဲရိုးပြုတ်ရည်နှင့် အသီးအရွက် ပြုတ်ရည်များဖြင့်လည်း အစားထိုးနိုင်ပါတယ်။
...............................
Crd
Syi Lwin

Credit : Facebook Shares

Ingredients

Directions