တို့ဟူးပေါင်း

1

တို့ဟူးပေါင်း

ဒါကတော့ ကိုရီးယားစတိုင် တို့ဟူးပေါင်းလေးပါ။ ကိုရီးယားမှာ တို့ဟူးကို စွတ်ပြုတ်၊ အကင်၊ ဟင်း မျိုးစုံ လုပ်စားသည့်အထဲတွင် တိုဟူးကို ပေါင်းသည့်နည်းလေးဖြင့် မိတ်ဆက်ပေးပါရစေ။ အရသာက ချိုစပ်လေးနှင့် စားချင်စဖွယ်လေးပါ။ ဝတ်ရည်ကတော့ ထမင်းနဲ့စားတဲ့အခါ ဟင်းရံအဖြစ်တွဲဖက် စားသုံးပါတယ်။ အချိန်တိုတိုဖြင့် လုပ်စားနိုင်တာမို့ ဒီဟင်းလျာကို အားလုံး ကြိုက်နှစ်သက်ကြမှာပါ…

ပါဝင်ပစ္စည်းများ

တို့ဟူး – ၃၀၀ဂရမ်

ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

ပဲငံပြာရည်အကြည် – လက်ဖက်ရည်ဇွန်း ၄ဇွန်း

နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း

သကြား – လက်ဖက်ရည်ဇွန်း တဝက်

ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တဝက်

ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)

ချက်ပြုတ်နည်း

၁။ တို့ဟူးကို ဓားဖြင့် ၂ပိုင်းပိုင်းလိုက်ပါ။ ( လှိုင်တွန့်ဓား ရှိပါက ဘေးသားများကို လှိုင်တွန့်များ ဖြစ်အောင် အနည်းငယ် လှီးဖြတ်ပေးပါ။)

၂။ ထို့နောက် ပန်းကန်တစ်ခုထဲ ထည့်၍ ပေါင်းအိုးဖြင့် ၁၅မိနစ်ခန့် မီးများများဖြင့် ပေါင်းပေးထားပါ။

၃။ ပြီမှ ဆော့ရည်အတွက် (ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ နှမ်းဆီ၊ သကြား၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်) တို့ကို ခွက်တစ်ခုထဲ ရောမွှေထားပါ။

၄။ တို့ဟူးများ ပေါင်းပြီလျှင် အပေါ်မှ ဆော့များကို လောင်းချပေးပြီ ကြက်သွန်မြိတ်လေးများ ဖြူးပေးလိုက်ပါ။

၅။ အရသာရှိပြီ ကျန်းမာရေးနှင့် ညီညွှတ်သည့် တို့ဟူးပေါင်းကို စားသုံးနိုင်ပါပြီ…

Crd.

Credit : Facebook Shares

Ingredients

Directions