ကိုရီးယားSpicyအာလူးကြော်“

1

“Gochu-Jang အာလူးကြော် (or) ကိုရီးယားSpicyအာလူးကြော်“

အရံဟင်းတွေထဲမှာ အကြိုက်ဆုံး ဖြစ်တဲ့ကိုရီးယား Spicy အာလူးကြော် ကိုပြောပြပေးမှာ ဖြစ်ပါတယ်။

ကဲ အရသာရှိအောင် ချက်လိုက်ကြစို့ Go go go~~~~
(၄ယောက်စာ)
အာလူး ၄~၅လုံး ၊ ကြက်သွန်ဖြူ (နှပ်နှပ်စင်း) ၊ ကြက်သွန်နီ ၊ကြက်သွန်မြိတ် ....

အနှစ် : ငရုတ်သီးအနှစ် ၂ဇွန်း ၊ ငရုတ်သီးမှု့န် ၅ဇွန်း ၊ ပဲငံပြာရည် ၂ဇွန်း ၊ သကြား ၁ဇွန်း ၊ ပြောင်းဖုး အချိုရည် (corn syrup)သို့မဟုတ် oligosaccharide ၁ဇွန်း ၊ ငရုတ်ကောင်း အနည်းငယ်
(ထမင်းစားဇွန်း)

ပြုလုပ်နည်း
အရင်ဆုံး အာလူးကို အခွံခွါ သန့်စင်အောင် ဆေးကြောပြီး ဆီပူပူထဲမှာ ကြော်ပေးပါမယ် ။ ဆီသုတ်ပြီး တစ်ခါတည်း စပါမယ် ။ကြက်သွန်ဖြူ နုပ်နုပ်စင်းထားကို အရင်ဆုံး ကြော်မှာဖြစ်ပါတယ် ။အာလူးကို အဆင်ပြေတဲ့ အထူနဲ့ အရွယ်အစားလှီးပြီး ထည့်ပါမယ် ။ ကျွန်မကတော့ ပါးပါးပဲ လှီးပါတယ် ။ လွယ်လွယ်နဲ့ မကျက်တတ်တာမလို့ ပါးပါးပဲ လှီးတာကောင်းပါလိမ့်မယ် ။ ဆီနဲ့ပဲ ကြော်တော့ ကွဲမထွက်ပေမယ့် ရေထည့်ရင်တော့ ကွဲထွက်ကုန်ပါလိမ့်မယ် ။
ဆီနဲ့ပဲ သေသေချာချာ ကြော်ပေးပါ ။ နူးညံ့ကြွပ်ရွနေရင် အရမ်း စားလို့ကောင်းတာပါ ။
ရွှေရောင်သန်းတဲ့ထိ ကြော်ပါမယ် ။ အိုး သို့မဟုတ် အိုးပြားကျယ်ကျယ်ထဲမှာ ကြော်ပါ ။အနှစ်ကို ထည့်ပြီး ကြော်ပြီးရင် အကုန် အနံ့ ကျက်အောင် လုပ်မှာပါ ။
ကျွန်မက ဆီနဲ့ ကြော်ပေမယ့် ထောပတ်နဲ့ ကြော်လည်းရပါတယ် ။ပိုပြီး စိမ့်တာပေါ့
ပြီးရင် ကြက်သွန်နီ !!!! ကြက်သွန်နီကို ပါးပါးလှီးပြီး ထည့်ပါမယ် ။ ကြက်သွန်နီပဲ မဟုတ်ဘဲ ကြက်သွန်မြိတ်ထည့်လည်း အရသာရှိပါတယ် ။ ကျွန်မတော့ ကုန်နေလို့ ....

အဓိက ငရုတ်သီးအနှစ် ပါ ... ၂ဇွန်းလောက် ထည့်ပြီး ကြော်ပါမယ် ။အိမ်မှာ ကိုယ်တိုင် လုပ်ထားတော့ ပိုအရသာ ရှိနေပါတယ် ။ အရမ်းလည်း မစပ်ဘဲနဲ့လေ ။ ပြီးတော့ ssam-jang နဲ့လည်း စားတတ်ပါတယ် ။Ssam-Jang ဆိုတာ ပဲငပိ ၊ သကြား ၊ ကြက်သွန် ဖြူ နုပ်နုပ်စင်း တို့က်ု ရောလိုက်ရတဲ့ ပဲငပိ အနှစ် တစ်မျိုးပါပဲ။
ပြီးရင် အစိုဓာတ်လေးပါအောင် ပဲငံပြာရည် ထည့်ပါမယ် ။ ငံပြာရည်ကို အများကြီး ထည့်ရင် အရသာပျက်နိုင်တာမလို့ ရိုးရိုးရှင်းရှင်း နည်းနည်းပဲ ထည်ပြါမယ် ။ ပဲငံပြာရည် အကြည်ဖြစ်ဖြစ် အပြစ်ဖြစ်ဖြစ် ကြိုက်တာသာ ထည့်လိုက် အကုန် အရသာရှိပါတယ် ။ငရုတ်သီးမှုန့်လည်း ထည့်ပေးမယ် ။ သကြားလည်း နည်းနည်း ထည့်ပေးမယ် ။ ပြီးရင် တူလေးနဲ့ ဖြစ်ဖြစ် ဂေါ်ဇွန်းနဲ့ ဖြစ်ဖြစ် ကြော်ပေးပါမယ် ။
....အမလေး အနံ့လေးက မွှေးလိုက်တာ ...အရံဟင်းတွေ လုပ်နေရရရင်ကို ပျော်နေတာပါပဲ ။တစ်ရက်လောက် ပင်ပန်း ခံလိုက်ရင် တစ်ပတ်လောက် အသာလေး ထိုင်စားရုံပဲလေ ...
အစိုဓာတ် နည်းနည်းပိုအောင် corn syrup သို့မဟုတ် oligo (မရှိလည်း သကြားရည်ပေါ့) ထည့်ပါမယ် ။
Syrupကတော့ သကြားနဲ့ သိပ်မတူတဲ့ စွဲဆောင်မှုတစ်ခု ရှိတာပေါ့လေ ။
မီးကိုတော့ လျော့လိုက် တင်လိုက် လုပ်ပေးရပါမယ် ။
လွယ်လွယ် တူးနိုင်တာကြောင့် သတိတော့
ထားပေးရပါမယ် ။optionအဖြစ် နှမ်းဆီ လေး နည်းနည်း ထည့်လို့ရပါတယ် ။ ဒါဆိုရင် ပြီးပြီ !!!

Credit : Facebook Shares

Ingredients

Directions