ကိုရီးယား ပဲအနက်ငံပြာရည်စိမ်

1

“ကိုရီးယား ပဲအနက် ငံပြာရည်စိမ်”

ဒီတစ်ခါမှာတော့ မြန်မာတွေနဲ့ သိပ်မရင်းနှီးတဲ့
ကိုရီးယားတွေရဲ့ အရံဟင်း အစားအစာ တစ်မျိုး ဖြစ်တဲ့ ပဲနက်ကို ငံပြာရည်စိမ်ကာ ချက်ထားတဲ့ ပဲနက် ငံပြာရည်(Kong Ja Pan)(ခုံးဂျာပန်) ချက်နည်းကို ပြောပြပေးမှာ ဖြစ်ပါတယ်..

ပါဝင်ပစ္စည်းများနဲ့ အနှစ်ကတော့..
ပဲပိစပ် ပဲနက် (with green kidney = အဆံအစိမ်းရာင်) ၂၀၀ဂရမ် ၊ ရေ ၂ခွက် ၊ ကိုရီးယားပဲငံပြာရည် အနောက်(Jin Gan Jang) ၅ဇွန်း ၊ သကြား ဇွန်းဝက် ၊ oligo dang ၁ဇွန်း နဲ့ ၁/၃ (ကိုရီးယား ဟင်းချက် အချိုရည် တစ်မျိုး) ၊ နှမ်း အနည်းငယ် ..
(**သကြားကို နည်းနည်းပဲ ထည့်လည်းရပါတယ်)
အရင်ဆုံး ပဲနက် ၂၀၀ဂရမ်= ၁ခွက် ပေါ့နော်..
ပဲနက်ကို သေချာပေါက် ရေနဲ့ ၁ခေါက် ၂ခေါက် အနည်းဆုံး ဆေးပေးရပါမယ် ။ ပြီးရင် ရေစိမ်ထားပါမယ် ။ စိမ်ထားတဲ့ အချိန်ကတော့ ပဲရဲ့ အခြောက် ပေါ် မူတည်တာကြောက့် ကွာခြားနိုင်ပါတယ် ။ ကျွန်မတို့တော့ ၁နာရီလောက် စိမ်ပါတယ် ။
ပြီးရင် အဲ့ ပဲကို ပြုတ်ပေးရပါမယ် ။ ပြုတ်တဲ့အခါ ဘာ အရသာ အမွှေးအကြိုင်မှ မထည့်ဘဲ ပြုတ်တဲ့အခါ မြန်မြန် ပြုတ်လို့ရပါမယ် ။ ပွက်ပွက် ဆူတဲ့ အထ် မီးပြင်းပြင်းနဲ့ ၃မိနစ်ကနေ ၅မိနစ်အထိ ပြုတ်ပြီး မီးလျော့ချလိုက်ပါ..
အနည်းငယ် ကျက်ပြီဆိုရင် ပဲငံပြာရည်(Jin Gan Jang) အရင်ဆုံး ထည့်ပါ။ ဒီ ပဲနက် ငံပြာရည်စိမ် လုပ်တဲ့အခါ သကြားကို ကြိုထည့်တာဟာ ပဲကို မာစေနိုင်တာကြောင့် ပဲကို ဒီတိုင်း ဘာမှ မထည့်ပဲ အရင် ပြုတ်ပြီးမှ အနည်းငယ် ကျက်တဲ့အခါမှ ပဲငံပြာရည်ကို ထည့်တာဖြစ်ပါတယ်
ပဲငံပြာရည် အရသာ စိမ့်ဝင်လောက်ပြီဆိုရင် သကြားထည့်ပြီး နောက်တစ်ကြိမ် ပွက်ပွက် ဆူအောင် ပြုတ်ပါ။ အရည်တွေ အကုန်ခမ်းခါနီး မှာ Oligo dang ထည့်ပြီး သေချာ မွှေပေးရင် အရည်ခမ်းတာ စောင့်ပါမယ် ။(oligo dangမရှိရင်တော့ သကြား အနည်းငယ် ပိုထည့်ပေးရင် ရပါတယ်)
တစ်ကြိမ်လောက် တည်ထာပြီး တဲ့ခါ ပန်းကန်လဲုးထဲ ထည့်လို့ရပါပြီ။ ကျွန်မပြောနေကျလိုပဲ ပဲနက် တည်တဲ့အခါ အရေးကြီးသလို သိမ်းတဲ့အခါလည်း အရေးကြီးပါတယ် ။ တခြားဟာတွေကတော့ ဒီတိုင်းသိမ်းလည်းရပေမယ့် ဒီဟာကတော့ အအေးမခံဘဲ သိမ်းရင် ချက်ချင်း သိုးမှာ ပါနော်..ဒါကြောင့် သေချာပေါက် အအေးခံပြီးမှ သိမ်းမှ ဖြစ်မှာပါ
အအေးခံပြီးတဲ့ နောက် ရေခဲသေတ္တာထဲ သိမ်းထားပြီး စားရင်ရပါပြီ။
ငယ်ငယ် က မကြိုက်ခဲ့မိတဲ့ အတွက်တော့ အတော်နောင်တရမိပါတယ်.
ပဲနက် (အဆံစိမ်း) ဆိုတာကျွန်မတို့ ခန္တကိုယ်အတွက် အရမ်းကောင်းတဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်တာကြောင့် မကြိုက်ရင်တောင် စားသုံးသင့်တဲ့ အစားအစာတစ်မျိုးပါ
အာဟာရရှိတဲ့ အစားအစာတွေ များများစားပြီး အားအင်အပြည့်နဲ့ နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေနော်
..

Credit : Facebook Shares

Ingredients

Directions